ခေတ်ဆုတ်ခြင်းနှင့် ရေပုံပြင်
Dawei Watch
April 25, 2024အမေ ဖုန်းဆက်တယ်။ အမေဖုန်းမဆက်တာ သုံးလေးရက်လောက်ရှိပြီ။ အမေကပြောတယ်။ အမေ့မယ် ဖုန်းအားမရှိလို့ မခုမှ ဆက်ရတာတဲ့။ အခုတောင်မှ သူ့တူမတစ်ယောက်ရဲ့အိမ်က ဆိုလာမီးမှာ သွားပြီးသွင်းထားလို့ ဖုန်းအား နည်းနည်းရလာလို့ ဆက်လိုက်တာတဲ့။ မီးမလာဘူးလား ကျနော်က ပြန်မေးတော့ မီးမလာတာလည်း တစ်ပတ် ရှိသွားပြီလို့ ဆိုပါတယ်။ အခုဖြင့် တစ်ရွာလုံး ဒုက္ခဖြစ်နေကြတယ်လို့ အမေက ပြောပြန်တယ်။ အိမ်သုံးရေတွေ မရှိကြတော့တာပါပဲ။ အိမ်တွေမှာက ရေလှောင်ကန်လေးတွေ ထားတတ်ကြပါတယ်။ မိသားစုကြီးတဲ့သူက ရေကန်ကြီးကြီး၊ ငယ်တဲ့သူကတော့ သေးသေးပေါ့။ ဒါကလည်း သုံးလေးရက်လောက် ရေမတင်နိုင်တဲ့အခါ ကုန်တော့တာပါပဲ။ သုံးရေ၊ ချိုးရေ၊ သောက်ရေ အစစဟာ မီးလာမှ။ မီးကလည်း တစ်နှစ်ပတ်လုံး အကြောင်းအမျိုးမျိုးနဲ့ ပြတ်နေတာပါပဲ။ လေပြင်းမိပြီး ဓာတ်တိုင်တွေ လဲကျတာ မပြင်နိုင်သေးလို့၊ ဓာတ်အားမလုံလောက်တာကြောင့ […]


