အလွမ်းရောင်သက် ဇေတဝန်
diz_admin
February 11, 2021မြိတ်မြို့မှ တောင်ဘက်သို့ ရေမိုင် ၁၀ မိုင်ခန့်မျှ တနင်္သာရီမြစ်ကြောင်း အတိုင်း စက်လှေလေးစီးပြီး ဆန်တက်၍ သွားလိုက်သည်နှင့် မြစ်ပြင်ကို ဝန်းရံ ပိတ်ဆို့ကာ ဆင်ကြီးတစ်ကောင် မာန်စွယ် ကိုချလျက် ဝပ်စင်းခယနေသည့်ဟန် သဏ္ဌာန်ရှိသော “ဆင်ဒင်(ဆင်တင်)တောင်တန်းကြီး” ကို အဝေးကပင် လှပစွာ မြင်ရပေမည်။ ထိုဆင်ဒင်တောင်တန်းအရှေ့သို့ မရောက်မီ-(တနင်္သာရီ မြစ်ဖျားအထက် သို့ မတက်ခင်မှာ) တွေ့မြင်ရမည့် တောင်စွယ်သည် တနင်္သာရီမြစ်ရေဆုံ/ မြစ်ခွဲ အမှတ်အသားပြ “ဇေတဝန်” တောင်တန်းပင်ဖြစ်သည်။ အရှေ့အနောက်၊ လေးဘက်လေးတန် ဝဲယာ အုတ်လှေကားကြီးများက တောင်ပေါ်သို့ တက်ရောက်ရန် အဝေးကပင် ဆွဲဆောင်နေသည်။ လှေကား တစ်ထစ်ချင်းကို တက်ရင်း ကျေးလက် ရှုခင်းများကို ကြည့်ရသည်က တကယ့်ကို သာယာကြည်နူးဖွယ်ဖြစ်သည်။စိမ်းလန်းသာယာသော ရှုခင်းပသာဒများ စွာခြံရံလျက်- တနင်္သာရီပြည်နှင့် ပုဂံခေတ် […]


