သင်္ကြန်ထမင်း – မွန်ယဉ်ကျေးမှုဓလေ့ကို ဖော်ညွှန်းနေသည့် အစားအစာ
Dawei Watch
April 11, 2026ဟိုတစ်စ ဒီတစ်စ ကြားရသည့် သင်္ကြန်သီချင်းများက ကြားရသူတို့ကို မြူးကြွစေသည်။ နှစ်သစ်ဦးတော့မည့် တန်ခူးလ။ သင်္ကြန်အနံ့အသက်ရလာသည်နှင့်အတူ ရိုးရာအစားအစာဖြစ်သည့် သင်္ကြန်ထမင်းကို တမ်းတသည့်စိတ်တို့ကလည်း တဖွားဖွား ဖြစ်လာသည်။ သင်္ကြန်ထမင်းသည် မွန်လူမျိုးတို့၏ ရိုးရာအစားအစာ။ သင်္ကြန်ထမင်းချက်ပြုတ်ကြပြီး ဘုန်းကြီးကျောင်းနှင့် လူကြီးသူကြီးအိမ်များသို့ လိုက်ပို့ခြင်း၊ မိသားစုဝင်များ စုးပေါင်းစားကြခြင်း၊ ရေကစားလာသည့် ဧည့်သည်များကို ဖိတ်ကျွေးခြင်း၊ ရေကစားမဏ္ဍပ်များတွင် စတုဒီသာ ကျွေးမွေးခြင်း စသည်တို့မှာ မွန်တို့၏ ချစ်စရာ ရိုးရာဓလေ့၊ ရိုးရာအစဉ်အလာ။ ယနေ့ခေတ်တိုင်အောင် အစဉ်အလာအဖြစ် တည်ရှိနေဆဲ ဖြစ်သည်။ ထိုအစဉ်အလာကလည်း မွန်လူမျိုးတို့၏ ဧည့်ဝတ်ကျေပွန်မှုနှင့် ကုသိုလ်ယူလိုစိတ်တို့ကို ဖော်ပြနေသလို မိသားစု၊ သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းများနှင့် ရင်းနှီးမှုကို ပိုမိုခိုင်မာစေသည့် သင်္ကေတတစ်ခုလည်း ဖြစ်သည်။ မွန်လူမျိုးများသည် သင်္ကြန်ထမင်းကို သင်္ကြန်ရက်များတွင်သာမဟုတ်ပဲ ရာသီဥတု အလွန်ပူးပြင်းလှသည့် […]


