ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဩဂုတ်လ ၃၁ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

August 31, 2026

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့  

  • မြိတ်ခရိုင်မှာ စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးပြီး အိမ် ကိုးလုံး မီးရှို့၊ ဒေသခံ နှစ်ဦး ပစ်သတ်ခံရတဲ့သတင်း
  • ထားဝယ် SEZကို သွားမယ့် စစ်အာဏာရှင်တပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး လက်နက်တွေ သိမ်းဆည်းရမိတဲ့အကြောင်း
  • တနင်္သာရီမြစ်ရေ ဆက်တိုးနေပြီး ရေနစ်မြုပ်နေတဲ့ရွာတွေက လူထောင်ချီ အရေးပေါ်ပြောင်းရွှေ့နေရတဲ့ အခြေအနေ
  • မွန်ပြည်နယ် ကျိုက်မရောမှာလည်း အတ္ထရံမြစ်ရေတက်ပြီး လူ ၃ သောင်းနီးပါး ရေဘေးကြုံတွေ့နေရတာ
  • သက်တော်ရှည် စခန်းကြီးသုဓမ္မာပဝါရဏာဂိုဏ်း ဒုဂိုဏ်းချုပ်ဆရာတော် ပျံလွန်တော်မူ သတင်း
  • မဟာချိုင် ထိုင်းယူနစ်ဈေးမှာ ဈေးရောင်းနေတဲ့ မြန်မာ ၉ ဦး အဖမ်းခံရတဲ့ အခြေအနေ

စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။