ဗီယက်နမ် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ဖမ်းဆီးခံရ
Dawei Watch
November 11, 2024ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတစ်ဦးကို အာဏာပိုင်များမှ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဗီယက်နမ်အစိုးရပိုင် မီဒီယာက စနေနေ့က အသိပေးထုတ်ပြန်ခဲ့သည်။ အစိုးရကို ဆန့်ကျင်သူများအား နှိပ်ကွပ်လျက်ရှိသည့် ဗီယက်နမ်နိုင်ငံတွင် ယင်းဖြစ်ရပ်က ယခုနောက်ဆုံး ပူပူနွေးနွေးထွက်ပေါ်လာခြင်း ဖြစ်သည်။ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရသူသည် ထရန်ခက်ဒွတ်ခ်အမည်ရှိ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံကို ဆန့်ကျင်ရန် ရည်ရွယ်သည့် သတင်းအချက်အလက်များ၊ စာရွက်စာတမ်းများ၊ ပစ္စည်းများကို ဖန်တီး၊ သိုလှောင်၊ ဖြန့်ဝေမှုများဖြင့် စွဲချက်တင်ထိန်းသိမ်းခံထားရကြောင်း အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။ ၎င်းမှာ စက်တင်ဘာလကတည်းက ထိန်းသိမ်းခံထားရသော်လည်း အစိုးရပိုင်မီဒီယာမှ စနေနေ့တွင် ပထမဆုံး အသိပေးထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ဒွတ်ခ်သည် ဒီမိုကရေစီနှင့် ပဒေသာစုံဖြစ်ထွန်းမှုအစည်းအရုံး(Assembly for Democracy and Pluralism) နှင့် ပတ်သက်ဆက်နွှယ်နေသူတစ်ဦး ဖြစ်သည်။ ယင်းအဖွဲ့အစည်း၏ […]