လူခိုးသယ်သည်ဆိုသည့် အုပ်ချုပ်ရေးမှူးအား တာဝန်ရပ်စဲ၊ ယာဉ်မောင်းဖြစ်သူကို အမှုဖွင့်

0
585
Dawei Watch, Dawei News, Dawei News Media

ရန်ကုန်တွင် သောင်တင်နေသူများကို ထားဝယ်သို့ခိုးသယ်သည်ဆိုသည့် ဒေါင်းငူရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်အား တာဝန်မှရပ်စဲလိုက်ပြီး ၎င်း၏ ယာဉ်မောင်းဖြစ်သူကို သဘာဝ ဘေးဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

လူခိုးသယ်သည့်ကိစ္စနှင့် ပတ်သက်ပြီး တိုင်းအစိုးရမှ စာဖြင့်ညွှန်ကြားလာ သည့်အတွက် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် တာဝန်မှရပ်စဲလိုက်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းက ဆို သည်။

“အဲဒါနဲ့ပတ်သက်ပြီးတော့ တိုင်းကနေ စာလည်းဝင်လာတယ်။ တာဝန်က ရပ်စဲပါဆိုပြီး” ဟု ဦးအောင်ဆန်းဝင်းက ပြောသည်။

လူခိုးသယ်သည်ဆိုသည့်ကိစ္စ တိုင်းအစိုးရထံ တင်ပြမည်

ပြီးခဲ့သည့်လက အဆိုပါရပ်ကွက် အုပ်ချုပ်ရေးမှူးကို ဘေးစီမံဥပဒေပုဒ်မ-၂၅ ဖြင့် အရေးယူရန်ညွှန်ကြားထားသည့် စာတစ်စောင်မှာ င်္ခေနဘသသု လူမှုကွန် ရက်ပေါ် ပျံ့နှံ့လာခဲ့သည်။ မြို့နယ်ရဲ တပ်ဖွဲ့မှူးမှ ထားဝယ်မြို့နယ်အုပ်ချုပ်ရေးမှူးအား ညှိနှိုင်းအကြောင်းကြားသည့် စာဖြစ်သည်။

နိုဝင်ဘာလ ၂၁ ရက်နေ့စွဲဖြင့် ပေးပို့သည့် အဆိုပါစာတွင် ဒေါင်းငူရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်အား သဘာဝဘေး စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် အရေးယူဆောင်ရွက်နိုင်ရေးအတွက် တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်ဆင့် ညွှန်ကြားလာသဖြင့် ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရေး အကြောင်းကြားသည့် စာဖြစ်သည်။

အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် စာအရ နိုဝင်ဘာလ ၁၁ ရက်နေ့ခန့်က ရန်ကုန်မြို့တွင် ရောက်နေသည့်ထားဝယ် ဒေသခံများကို ဦးစိုးထိုက်က စင်းလုံးငှား ယာဉ်(ကား)များဖြင့် မလွှဲတောင်စစ်ဆေးရေးဂိတ် မရောက်မီအထိ လိုက်ပါစေပြီး ဂိတ်တွင် ခြေလျင်ဖြတ်စေခဲ့ကြောင်း ဖော်ပြထားသည်။

ထိုနောက် စစ်ဆေးရေးဂိတ်တွင် ကြိုတင်စောင့်နေသည့် AD VAN အမျိုး အစားကားဖြင့် ထားဝယ်သို့ တစ်ဦးလျှင် ငွေကျပ်ရှစ်သောင်းနှုန်းဖြင့် သယ်ဆောင်ခဲ့သည်ကို စစ်ဆေးတွေ့ရကြောင်း ဖော်ပြထားသည်။

ဦးစိုးထိုက်ကမူ အထက်ပါအချက်များကို ငြင်းဆိုထားသည်။

ရပ်ကွက်အတွင်းနေထိုင်သည့် အမျိုးသမီးတစ်ဦးက မလွှဲတောင်တွင်လာကြိုပေးရန် အကူအညီ တောင်းခံဖုန်းဆက် လာသည့်အတွက် ၎င်းပိုင်ဆိုင်သည့် ကားကို မောင်းနှင်ပေးရန် အခြားသူ တစ်ဦးကို အကူအညီတောင်းပြီး ယာဉ် မောင်းကိုလည်း PPE ဝတ်စုံ ဝတ်ဆင် မောင်းနှင်စေခဲ့ကြောင်း ဦးစိုးထိုက်က ပြောဆိုထားသည်။ ယင်းသို့ ပို့ဆောင်ခြင်းနှင့် ပတ်သက်၍ ငွေကြေးတစ်စုံတစ်ရာ ယူခြင်းမရှိဘဲ ဆီဖိုးမျှသာပေးမည်ဟု လိုက်ပါလာသူများက ပြောဆိုခဲ့ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ဦးစိုးထိုက်ကို တာဝန်မှ ရပ်စဲပြီးနောက် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဥပဒေအရ ရာအိမ်မှူးတစ်ဦးကို ယာယီ အုပ်ချုပ်ရေးမှူး တာဝန်ပေးထားကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်း က ဆိုသည်။

ထို့အပြင် ဦးစိုးထိုက်၏ ကားကို မောင်းနှင်ပေးခဲ့သည့် ယာဉ်မောင်းဖြစ်သူကို သဘာဝဘေး စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် အမှုဖွင့်ထားကြောင်း ၎င်းက ပြောသည်။

ယင်းဥပဒေပုဒ်မဖြင့် အမှုဖွင့်တရား စွဲဆိုရာတွင် ဦးစိုးထိုက်နှင့် ခရီးသည်များ ပါဝင်ခြင်းမရှိပေ။

ဘေးစီမံဥပဒေ ပုဒ်မ၂၅ ကို ဖောက် ဖျက်ပါက သုံးနှစ်ထက်မပိုသည့်ထောင် ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။