ငွေကြေးအလွဲသုံးမှုဖြင့် အတိုင်ခံရသည့် တီဇစ်အုပ်ချုပ်ရေးမှူးအား ရာထူးမှဖယ်

0
257
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ထောက်ပံ့ကြေးအပါအဝင် အခြားငွေကြေးများကို အလွဲသုံးစားလုပ်သည်ဟု နှစ်ကြိမ်တိုင် အတိုင်ခံခဲ့ရသည့် လောင်းလုံးမြို့နယ်၊ တီဇစ်ကျေးရွာ အုပ်ချုပ်ရေးမှူးအား ရာထူးမှ အပြီးသတ် ဖြုတ်ပယ်လိုက်ပြီဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

တီဇစ်အုပ်ချုပ်ရေးမှူး ဒုတိယအကြိမ် ထပ်တိုင်ခံရ

တီဇစ်ကျေးရွာအုပ်ချုပ်ရေးမှူးအား တိုင်းအစိုးရအဖွဲ့ဆုံးဖြတ်ချက်အရ အောက်တိုဘာလ ၃၁ ရက်မှစပြီး ရာထူးမှ အပြီးသတ်ဖြုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထူးက ပြောသည်။

“ရပ်/ကျေးအုပ်ချုပ်ရေးမှူးတစ်ယောက်က လိုက်နာရမယ့် ကျင့်ဝတ်ကို မလိုက်နာလို့ ဖြုတ်လိုက်တာပါ” ဟု ဦးကံထူးက ပြောသည်။

အတိုင်ခံထားရသည့် တီဇစ်အုပ်ချုပ်ရေးမှူးအမှု အဖွဲ့သစ်ဖြင့် ပြန်စစ်

ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး စောင့်ထိန်းရမည့် ကျင့်ဝတ်တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူး အရည်အချင်းသတ်မှတ်ချက် ပျက်ယွင်းခြင်းရှိလျှင် ထိုသူကို မြို့နယ် အုပ်ချုပ်ရေးမှူးက တာဝန်မှ နုတ်ထွက်ခွင့်ပြုခြင်း၊ ယာယီရပ်ဆိုင်းခြင်း၊ ရပ်စဲခြင်းတို့ လုပ်ဆောင်နိုင်ကြောင်း ရပ်ကျေးဥပဒေ ပုဒ်မ ၁၅ တွင် ဖော်ပြထားသည်။

တီဇစ်ကျေးရွာအုပ်ချုပ်ရေးမှူးအား ငွေကြေးအလွဲသုံးစားလုပ်သည်ဟု ရွာသား ၃၀ ဦးခန့်က သြဂုတ်လတွင် လက်မှတ်ထိုးတိုင်ကြားခဲ့သည်။ ယင်းနောက် တိုင် ကြားချက်အားလုံးကို စစ်ဆေးခြင်းမရှိ ဟုဆိုကာ ရွာသား ၂၀ဝ ကျော်က လက်မှတ်ထိုးပြီး အောက်တိုဘာလတွင် ဒုတိယအကြိမ် ထပ်မံတိုင်ကြားခဲ့သည်။

လက်ရှိတွင် တီဇစ်ကျေးရွာအုပ် ချုပ်ရေးမှူးတာဝန်ကို ကျေးရွာအုပ်ချုပ် ရေးမှူးရွေးပွဲတွင် ဒုတိယမဲအများဆုံး ရရှိသူက တာဝန်ယူထားကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေး ကောက်ပွဲပြီးဆုံးပြီး အစိုးရအသစ်တက်လာပါက ကျေးရွာအုပ်ချုပ်ရေးမှူး အသစ်များကိုလည်း ပြန်လည်ရွေးချယ်ရန် ရှိနေသည်။

ကျော်သူစိုး