ဟိန္ဒားမိုင်းပိတ်သိမ်းရေးစီမံချက် တင်ပြီးဟုဆို

0
306

ထိုင်းနိုင်ငံသားပိုင် မြန်မာပွန်ပီပက် (MPC) ကုမ္ပဏီအနေနှင့် ထားဝယ်မြို့နယ်၊ ဟိန္ဒားကျေးရွာရှိ ဟိန္ဒားမိုင်းပိတ်သိမ်းရေး စီမံချက်ကို တင်ပြထားပြီးဖြစ်ကြောင်း အမှတ်(၂) သတ္တုတွင်းလုပ်ငန်း တနင်္သာရီတိုင်း အထွေထွေမန်နေဂျာရုံးထံမှ သိရသည်။

ယင်းစီမံချက်ကို သြဂုတ်လ ဒုတိယ အပတ်ကတည်းက ထိုင်းနိုင်ငံမှတစ်ဆင့် အမှတ်(၂) သတ္တုတွင်းလုပ်ငန်း တနင်္သာရီတိုင်း အထွေထွေမန်နေဂျာရုံးထံသို့ အီးမေလ်းဖြင့်တင်လိုက်ခြင်းဖြစ်ကြောင်း အထက်ပါရုံး အထွေထွေမန်နေဂျာ ဦးနိုင်မျိုးဟန်က ပြောသည်။

“အမှန်ကသူတို့ (MPC ကုမ္ပဏီ) ကလည်း မိုင်းပိတ်သိမ်းရေးစီမံချက်ကို ဆွဲပြီးသားပေါ့နော်။ သူတို့ဇာတ်လမ်းမပြီး သေးဘူးဆိုပြီး မတင်ဘဲရှိနေတာ။ အခုမှ လာတင်တာပေါ့လေ” ဟု ဦးနိုင်မျိုးဟန် က ဆိုသည်။

ဥပုသ်ကျောင်းနှင့် ဘာသာရေး အဆောက်အအုံများတွင် ဝတ်ပြုခြင်းများပိတ်

လက်ရှိတွင် MPC ကုမ္ပဏီက တင်လာသောမိုင်းပိတ်သိမ်းရေးစီမံချက်ကို အမှတ်(၂) သတ္တုတွင်းဌာနထံ ဆက်လက် တင်ပေးထားကြောင်း ၎င်းက ပြောသည်။ မိုင်းပိတ်သိမ်းရေးစီမံအသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

သို့သော် အမှတ်(၂) သတ္တုတွင်းလုပ်ငန်းအထွေထွေမန်နေဂျာရုံးမှ တာဝန်ရှိသူများနှင့် MPC ကုမ္ပဏီတာဝန်ရှိသူများမှာ လူချင်းတွေ့ပြီး မိုင်းပိတ်သိမ်းရေး ကိစ္စများ ဆွေးနွေးခွင့်မရသေးပေ။

ယင်းအတွက်ကြောင့် ဟိန္ဒားမိုင်းရှိအလုပ်သမားများအတွက် နစ်နာကြေး၊ လျော်ကြေးကိစ္စ အသေးစိတ်ကိုလည်း မဆွေးနွေးနိုင်ဘဲ ဖြစ်နေကြောင်း ဦးနိုင်မျိုးဟန်က ပြောသည်။

ဏြဃ ကုမ္ပဏီသည် ဟိန္ဒားမိုင်းကို ၁၉၉၉ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဇွန်လအထိ နှစ်ပေါင်းနှစ်ဆယ်ကို အဆင့်ဆင့် သက်တမ်းတိုးကာ လုပ်ကိုင်ခွင့်ရရှိခဲ့သည်။

ယင်းသက်တမ်းကုန်ဆုံးပြီး နောက်ဆုံးအကြိမ် ငါးနှစ်သက်တမ်းတိုးရန် လျှောက်ထားချိန်တွင် လုပ်ကိုင်ခွင့်မပြု သင့်ကြောင်း တိုင်းအစိုးရက သဘောထားမှတ်ချက်ပေးလိုက်သဖြင့် မိုင်းပိတ်သိမ်းရေးစီမံချက် တင်ရန်ဖြစ်လာခြင်း ဖြစ်သည်။

မိုင်းပိတ်သိမ်းရေးအစီအမံဆိုသည်မှာ သတ္တုတူးဖော်ချိန်တွင် ထွက်ရှိလာသည့် အပေါ်ယံမြေဆီလွှာများ၊ စွန့်ပစ် ကျောက်များကို သီးခြားစီ စနစ်တကျစုပုံ ထားရှိခြင်း၊ ရေစစ်ကန်များ တည်ဆောက်ခြင်း၊ ပျိုးခြံများတည်ထောင်ပြီး ဒေသနှင့် ကိုက်ညီသည့် သစ်ပင်များ၊ ပျိုးပင် များကို ကြိုတင်ပျိုးထောင်ထားရှိခြင်း၊ သတ္တုတွင်း ပိတ်သိမ်းချိန်၌ တူးဖော်ခဲ့သော ကျင်းများ၊ ချိုင့်များကို စွန့်ပစ် မြေစာများဖြင့် ပြန်လည်မြေဖို့ ပေးပြီး မြေညှိပြုပြင်ခြင်း၊ မြေဆီလွှာများဖုံးခြင်း၊ ဒေသနှင့်ကိုက်ညီသော သစ်ပင်များကို စိုက်ပျိုးပေးခြင်း၊ ရှင်သန်ကြီးထွားအောင် စောင့်ကြည့်ထိန်းသိမ်းခြင်း စသည့် လုပ်ငန်းများအတွက် စီမံချက်ကို ဆိုလိုသည်။

ကျော်သူစိုး