မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသ အချို့တွင် စားသောက်ကုန်ပြတ်

0
363

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဒေသရှိ ပြည်သူလူထု ၃ ပုံ ၁ ပုံခန့်သည် စားသောက်ကုန်ပြတ်လပ်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဆက်ဆံရေးတာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။

ကိုဗစ်ကပ်ဘေးကာလအတွင်း ဒေသခံပြည်သူများ လုပ်ကိုင်စားသောက်ရန်ခက်ခဲခြင်းကူးစက်ရောဂါကာလကြာလာခြင်းကြောင့် ရေရှည်အတွက် အဓိကစားသောက်ကုန်များပြတ်လပ်နိုင်ကြောင်း မွန်ပြည်သစ်ပါတီထံမှ သိရသည်။

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဒေသတွင် ကျေးရွာပေါင်း ၆၀ ရွာခန့်တွင် လူဦးရေ ၉၀ဝဝဝ နီးပါးရှိသည်။ ယင်းတို့အနက် လူဦးရေ ၃ ပုံ ၁ ပုံခန့်သည် စားသောက်ကုန်ပြတ်လပ်သည့် အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဆိုသည်။

မွန်ပြည်သစ်ပါတီအနေနှင့် ပြည်သူများလိုအပ်နေသည့် အခြေခံစားသောက်ကုန်များ ကူညီထောက်ပံ့ပေးနိုင်ရေးအတွက် အစိုးရထံတင်ပြထားကြောင်း နိုင်ဗညားလယ်က ဆိုသည်။

မွန်ပြည်သစ်ပါတီ ထိန်ချုပ်နယ်မြေဒေသရှိ ပြည်သူများသည် Covid-19 ကူးစက်ရောဂါကိုအန္တရာယ်အပြင် မိုးရာသီကာလအတွင်း ဖြစ်လေ့ဖြစ်ထရှိသည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါအန္တရာယ်ကိုလည်း စိုးရိမ်ကြောက်ရွံ့နေရသည့် အခြေအနေရှိသည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။