ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အမြင်

ရွတ်သမျှပြ၊ ငွေထုပ်ပိုက်ထားမှ ခရီးသွားလို့ရတဲ့ခေတ်

Dawei Watch

July 27, 2025

စစ်အာဏာသိမ်းပြီး လေးနှစ်ကျော်လာချိန်တွင် ပြည်သူများမှာ ခရီးသွားဖို့ပင် မလွယ်ကူတော့သည့် အခြေအနေကို ဆိုက်လာနေသည်။ များလှစွာသော စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်များမှာ ပြည်သူများကို အမဲဖျက်ရန် ရည်ရွယ်၍ ဖွင့်ထားသလားဟုပင် ထင်မှတ်ရသည်။ စစ်ဆေးရေး ဂိတ်တစ်ခုရောက်ပါက ၎င်းတို့ပါးစပ်မှ ရွတ်သမျှ အထောက်အထားကို ပြသကြရသလို ပိုက်ဆံကလည်း အဆင်သင့်ပြင်ထားရသည်။ အထောက်အထား တစ်ခုမဟုတ်တစ်ခု လိုအပ်လာချိန်တွင် ပိုက်ဆံက အစားထိုးအထောက်အထား ဖြစ်လာသည်။ အထောက်အထား လိုအပ်ချက်များရင်များသလို ပိုက်ဆံပမာဏပိုများများ ပေးရမည်သာ။ အထောက်အထားဆိုသည်မှာလည်း တရားဝင် စာထုတ်ထားသည်မဟုတ် ပါးစပ်ထဲတွေ့သမျှရွတ်ပြီး တောင်းနေခြင်းသာဖြစ်သည်။ ယင်းကြောင့် ပြည်သူများမှာ ခရီးတစ်ခုသွားမည်ဆိုပါက မည်သည့်အထောက်အထားများ လိုသည်ကို လက်လှမ်းမီသမျှစုံစမ်းပြီး လိုမည်ထင်ရာအကုန် ယူဆောင်သွားကြရန် ပြင်ကြရသည်။ စစ်ကောင်စီ၏ အုပ်ချုပ်ရေးမတည်ဆောက်ထားနိုင်သော ဒေသများဆိုပါက ရပ်/ကျေး ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာရဖို့ မလွယ်ကူသဖြင့် […]

လူမှုဒုက္ခများစွာဖြင့် လျှပ်စစ်မီး ဖြတ်တောက်ခံဒေသများ

Dawei Watch

July 19, 2025

အာဏာသိမ်းစစ်ကောင်စီတပ်က တော်လှန်ရေးအားကောင်းသည့် ဒေသများကို ပိတ်ဆို့ဖြတ်တောက်မှုများ လုပ်ဆောင်နေပြီး အချို့ဒေသများကို လျှပ်စစ်မီး ဖြတ်တောက်မှုများ လုပ်ဆောင်ထားသည်။ စားနပ်ရိက္ခာ၊ ဆေးဝါး၊ ဓာတ်မြေဩဇာ၊ စက်သုံးဆီစသည့် အခြေခံမရှိမဖြစ် ပစ္စည်းများကို ဖြတ်တောက်ပိတ်ဆို့ ထားသည့်အပြင် လျှပ်စစ်မီးပါ ဖြတ်တောက်ခံရမှုကြောင့် နေ့စဉ်လူမှုဘဝတွင် အခက်အခဲများ ပိုမိုကြုံတွေ့နေရသည်။ အချို့ဒေသများမှာ ကာလတစ်ခုခန့်သာ လျှပ်စစ်မီးဖြတ်တောက်ခံရသော်လည်း ထားဝယ်အရှေ့တော ကဲ့သို့သောဒေသများဆိုလျှင် နှစ်ချီကြာ ဓာတ်အားဖြတ်တောက် ခံထားရသဖြင့် ဆက်သွယ်ရေး အခက်အခဲများပါ ကြုံတွေ့နေကြရသည်။ လျှပ်စစ်မီးမရှိခြင်းမှာ ပြည်သူများအတွက် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများအပြင် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ အသက်မွေးလုပ်ငန်းများအပေါ် ဆိုးကျိုးသက်ရောက်မှုများပါ တစ်ပြိုင်နက်တည်း ကြုံတွေ့ခံစားရစေသည်။ ယင်းအပြင် ကလေးများ၏ ပညာရေးအပေါ်လည်း ကြီးကြီးမားမား သက်ရောက်မှုများ ရှိနေသည်။ မနက်အိပ်ရာထ ထမင်းချက်ပြုတ်ခြင်းမှသည် ညပိုင်းအိပ်ချိန်အထိ အခက်အခဲမျိုးစုံ ကြုံတွေ့ကြရသည်။ ထို့ပြင် လျှပ်စစ်မီးကြာရှည်ပြတ်တောက်မှုကြောင့် […]

လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေအပေါ် လက်လှမ်းဝေးနေသေးတဲ့ တရားမျှတမှု

Dawei Watch

July 12, 2025

မြန်မာ့လူ့ဘောင်အတွင်းမှာ ‘လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု’ ဆိုတဲ့စာလုံးဟာ သတင်းခေါင်းစဉ်တွေထဲမှာ ပေါ်လာတတ်ပေမယ့် လူ့ဘောင်ထဲမှာတော့ မမြင်သာဘဲ အမှောင်ထဲမှာပဲ ရှင်သန်နေလေ့ရှိပါတယ်။ အထင်ကရပုဂ္ဂိုလ်‌တွေ၊ အဖွဲ့အစည်းတစ်ခုခုက ထိပ်ပိုင်းခေါင်းဆောင်တွေ၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေထဲမှာပဲ ဒီလိုအကြမ်းဖက်မှုတွေကို ဆိုရှယ်မီဒီယာတွေမှာ ထုတ်ဖော်ပြောဆိုလာကြတာမျိုးတွေလည်းတွေ့လာရပါတယ်။ အကြမ်းဖက်မှုဆိုတာ မုဒိမ်းမှုတင်သာမက၊ သဘောမတူဘဲ ကာယာကံမြောက်ကိုင်တွယ်တာ၊ စကားဖြင့် လှောင်ပြောင်တာ၊ စော်ကားပြောဆိုတာ၊ ဓာတ်ပုံ၊ ဗီဒီယို‌တွေဖြန့်ဝေတာ စသည်ဖြင့် အကြောင်းအရာများစွာပါဝင်ပါတယ်။ အဲဒီအပြုအမူတွေဟာ ခံစားရသူရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအပြင် နှလုံးသား ဒဏ်ရာတွေကိုဖန်တီးပေးလိုက်တာပါပဲ။ ၂၀၂၁ စစ်အာဏာသိမ်းမှုနဲ့အတူ မိန်းကလေးတွေ လူငယ်တွေဟာ စစ်သားတွေရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုရဲ့ အဓိကပစ်မှတ်ဖြစ်လာကြသလိုတော်လှန်ရေးဘက်တော်သားတွေထဲမှာလည်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူတွေ တွေ့လာရပါတယ်။ ဒီလိုလိင်ပိုင်းဆိုင်ရာ ကျုးလွန်မှုတွေအတွက်အမြဲတမ်းမေးနေရတာကတော့ ဘယ်အချိန်မှာ တရားမျှတမှုရမှာလဲ။ တရားမျှတမှုရဖို့ ဘယ်သူတွေ ကူညီပေးမှာလည်း၊ ဘယ်သူတွေ ကာကွယ်ပေးမှာလဲ… စတဲ့လဲပေါင်းများစွာ။ လူ့အခွင့်အရေးဆိုတာ […]

ပုံဆွဲပြရတော့မည့် မြိတ်ကျွန်းစုက ဒီရေတောများ

Dawei Watch

July 12, 2025

ပျူးမီးသွေး ဟုဆိုလိုက်ပါက ရိုးရိုးမီးသွေးများထက် နှစ်ဆခန့်ဈေးကြီးလေ့ရှိပြီး တာရှည်အသုံးခံလေ့ရှိသည့်အတွက် တနင်္သာရီတိုင်းထွက်ကုန်အဖြစ် လူသိများလှသည်။ နာမည်ကြီးလှသည့် ပျူးမီးသွေးမှာ ဒီရေတောအတွင်းပေါက်ရောက်နေသည့် သစ်ပင်များ(ဒေသအခေါ် ရေထင်း)ကို အသုံးပြုကာ ပြုလုပ်ထားခြင်းဖြစ်သည်။ အဆိုပါဒီရေတောမီးသွေးကို မြိတ်ကျွန်းစုဒေသတွင် အများဆုံးထုတ်လုပ်သော်လည်း ပြည်တွင်းသုံးစွဲမှုထက် ဈေးကောင်းရသည့် ထိုင်းနိုင်ငံကို အဓိကထား တင်ပို့ကြသည်။ မူကထ ဆိုင်ဟုခေါ်သည့် အသားကင်ဆိုင်များက ဒီရေတောမီးသွေးကို အဓိကအသုံးပြုလေ့ရှိသဖြင့် မူကထဆိုင်ပေါင်းများစွာရှိသည့် ထိုင်းနိုင်ငံက ယင်းမီးသွေးများကို စျေးကောင်းပေးဝယ်ယူခြင်းဖြစ်သည်။ ထိုင်းစျေးကွက်၏ ဒီရေတောမီးသွေးဝယ်လိုအားကို မြိတ်ကျွန်းစုဒေသက အဓိကဖြည့်ဆည်းပေးနေသည်။ ထိုကြောင့်လည်း မြိတ်ကျွန်းစုဒေသမှထွက်သည့် ဒီရေတောမီးသွေးတင်လှေကြီးများမှာ ထိုင်းနိုင်ငံ ရနောင်းမြို့ကို လူးလားခေါက်ပြန် တင်ပို့နေကြသည်။ ဝမ်းဗိုက်အကျယ် ၁၈ ပေရှိသည့် မီးသွေးလှေကြီးတစ်စီးလျှင် ဒီရေတောမီးသွေး ကီလိုတစ်သိန်းကျော်(မီးသွေး ၂၆၀၀အိတ်)အထိ တင်ဆောင်လေ့ရှိပြီး တစ်လလျှင် ၄ ခေါက်ခန့် တင်ပို့နေကြသည်။ ထိုကဲ့သို့ […]

ဝယ်ကြဦးမလား …… ဟောဒီက စပါး

Dawei Watch

June 28, 2025

စပါးလေးတင်းရောင်းပါမှ ဝက်သားတစ်ပိဿာသာရသည့် အခြေအနေဖြင့် တောင်သူလယ်သမားများ ရင်ဆိုင်နေကြရသည်။ ဝက်သားတစ်ပိဿာ လေးသောင်းကျပ် စျေးပေါက်နေချိန် ဒေသတွင်းစပါးများထဲမှ ဒေသခံများ အများဆုံးစိုက်ကြသည့် ဆန်ကြမ်းအမျိုးအစား စပါးတစ်တင်းမှာ တစ်သောင်းကျပ်သာ ရရှိနေသည်။ စပါးလေးတင်း ရဖို့က လွယ်ကူလှသည်တော့မဟုတ် စစ်အာဏာသိမ်းပြီးချိန်မှစကာ ပြင်းထန်လာသည့် ပဋိပက္ခနှင့်တိုက်ပွဲများအကြား အသက်စွန့်ကာ လယ်ထဲဆင်းကြရသလို စပါးသိမ်းချိန် တိုက်ပွဲများဖြစ်လာပါက လယ်စွန့်၊ယာစွန့် ထွက်ပြေးကြရပြန်သည်။ စပါးစိုက်ဖို့အတွက် မဖြစ်မနေလိုအပ်သည့် စက်သုံးဆီ၊ ဓာတ်မြေသြဇာစျေးနှုန်းမှာလည်း စစ်ကောင်စီ၏ ပိတ်ဆို့ကန့်သတ်မှုကြောင့် ဝယ်ယူရခက်ခဲသလို စျေးနှုန်းကြီးမြင့်မှုနှင့်လည်း ကြုံနေကြရသည်။ စစ်ကောင်စီ၏ ပိတ်ဆို့ကန့်သတ်မှုအပြင် ကျပ်ငွေတန်ဖိုးကျဆင်းနေမှုကြောင့် အစစအရာရာ စျေးတက်နေချိန်တွင် စပါးတစ်မျိုးတည်းကသာ စျေးကျနေသည်က လယ်သမားများအတွက် တစ်ပူပေါ်နှစ်ပူဆင့် ခံပြီးရင်းခံနေကြရသည့် အဖြစ်မျိုးဖြစ်နေသည်။ စပါးရောင်းရငွေဖြင့် စားနပ်ရိက္ခာပြန်ဝယ်ချိန်တွင် စျေးမြင့်ပေးရသလို၊ စပါးစိုက်ရန် သွင်းအားစုများ ဝယ်ယူချိန်တွင်လည်း စံချိန်တင်စျေးများပေးဝယ်ကြရသည်။ စပါးပေါ်ချိန်တွင်တော့ […]

တော်လှန်ရေးနယ်မြေက ပညာရေးခရီးကြမ်း

Dawei Watch

June 21, 2025

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတွင် အဖက်ဖက်က ယိုယွင်းပျက်စီးနေပြီး ပညာရေးကဏ္ဍနိမ့်ကျသွားမှုနှင့်အတူ ကလေးငယ်များ၊ လူငယ်လူရွယ်များမှာ ပညာသင်ကြားခွင့် ဆုံးရှုံးမှုများရှိနေသည်။ တိုက်ပွဲများ၊ ပဋိပက္ခများနှင့် မတည်ငြိမ်မှုများကြောင့် ဒေသအများစုတွင် စာသင်ကျောင်းများ ပိတ်ထားရသလို တော်လှန်ရေးနယ်မြေများတွင် ရသည့်နည်းဖြင့် ဖွင့်လှစ်နေကြသည့် စာသင်ကျောင်းများမှာလည်း စိန်ခေါ်မှုမျိုးစုံ ကြုံတွေ့နေကြရသည်။ တော်လှန်ရေး အားကောင်းသည့် ဒေသများတွင် စစ်ကောင်စီ၏ စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခြင်း မရှိသော်လည်း အမျိုသားညီညွတ်ရေးအစိုးရ NUG ၏ အစီအစဉ်ဖြင့် ဖွင့်လှစ်သည့် ကျောင်းများအပါအဝင် စာသင်ဝိုင်းများဖွင့်ကာ ကလေးများ ပညာရေးအတွက် ဖြည့်ဆည်းပေးနေကြသည်။ တနင်္သာရီတိုင်းအတွင်းတွင်လည်း မြို့နယ်အများစုတွင် မြေပြင်ကျောင်းများ၊ အွန်လိုင်းကျောင်းများဖွင့်လှစ်ပြီး ကလေးများ ပညာသင်ယူခွင့် မဆုံးရှုံးစေရေး ကြိုးပမ်းလာကြသည်။ သို့ရာတွင် ပဋိပက္ခနှင့် တိုက်ပွဲကာလကြားတွင် ဖွင့်လှစ်ရသည်ဖြစ်ရာ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်ရင် ရှေ့ဆက်သွားနေကြသည်။ […]

မိုးရာသီတဲ့လား…. ရင်ထဲမှာ နွေထက်ပူတယ်

Dawei Watch

May 31, 2025

မုတ်သုန်ရာသီရောက်တိုင်း မိုးရောလေပါ ပြင်းထန်လေ့ရှိသည့်အတွက် တနင်္သာရီတိုင်းသားများမှာ မိုးရာသီအတွက် စားနပ်ရိက္ခာနှင့် ငွေကြေးကို ကြိုတင်စုဆောင်းလေ့ရှိကြသည်။ အီကွေတာနှင့်ပိုနီးသည့် တနင်္သာရီတိုင်းတွင် တစ်နှစ်မိုးရေချိန်လက်မ ၂၀၀ ဝန်းကျင်ရွာသွန်းလေ့ရှိသည့်အတွက် မြန်မာနိုင်ငံရှိ အခြားဒေသများထက် မိုးများသည်ဟု ဆိုနိုင်သည်။ အခြေခံလူတန်းစားများ၏ အလုပ်အကိုင်အများစုကလည်း မိုးရာသီတွင် လုပ်ငန်းရပ်နားရလေ့ရှိသည့်အတွက် ဝင်ငွေမဲ့သွားကြပြီး စားဝတ်နေရေး အခက်ကြုံရလေ့သည်။ ငါးဖမ်းလုပ်ငန်း၊ ငါးပိငါးခြောက်လုပ်ငန်း၊ ပန်းရံလုပ်ငန်း စသည့်အလုပ်အကိုင်များမှာ မိုးရာသီရောက်တိုင်း အလုပ်ရပ်နားရလေ့ရှိသလို အခြားအလုပ်အကိုင်များလည်း ဝင်ငွေလျော့နည်းသွားကြသည်။ တစ်ဖက်တွင်လည်း အာဏာသိမ်းဂယက်ကြောင့် အထွေထွေကုန်ဈေးနှုန်းမြင့်တက်နေသဖြင့် အခြေခံလူထုလူတန်းစားများမှာ ခက်ခဲကျပ်တည်းမှု အသီးသီးဖြင့်ရင်ဆိုင်နေကြရသည်။ အမိုးမလုံသည့် အိမ်များဆိုလျှင်လည်း ဓနိဖက်စျေးမတတ်နိုင်သဖြင့် မိုးရေယိုယိုဖြင့်သာ နေထိုင်ကြရမည့် အခြေအနေရှိသည်။ ခေတ်ကာလကောင်းချိန်ကတည်းက မိုးရာသီရောက်တိုင်း စားဝတ်နေရေးကျပ်တည်းလေ့ရှိသည့် ပြည်သူလူထုမှာ တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်လာပြီး စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ ဆိုးကျိုးဒဏ်ကိုပါ ခံစားလာရသည်။ ယင်းကြောင့် သည်းထန်လှသည့် […]

ထားဝယ်သွေးလှူရှင်အသင်းများကွန်ရက် ဥက္ကဋ္ဌနှင့် တွေ့ဆုံခြင်း

Dawei Watch

May 26, 2025

ထားဝယ်တွင် သွေးသွင်းကုသရမည့်လူနာများကို ပစ်မှတ်ထားငွေတောင်းသည့် အဖွဲ့တစ်ဖွဲ့ ပေါ်လာပြီးသည့်နောက် ထားဝယ်မြို့ခံ သွေးအလှူရှင်အဖွဲ့ ငါးဖွဲ့ ပူးပေါင်းပြီး သွေးအလှူရှင်အသင်းများကွန်ရက်ကို ဖွဲ့စည်းလိုက်သည်။ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ ရင်ခုန်သံသွေးလှူရှင်နှင့် အရေးပေါ်လူနာတင်ယာဉ်အသင်းတွင် မေလ ၁၆ ရက်က မြို့ခံသွေးအလှူရှင်အဖွဲ့များမှ ဦးဆောင်သူများ ညှိနှိုင်ဆွေးနွေးပြီး စတင်ဖွဲစည်းလိုက်ခြင်းဖြစ်သည်။ သွေးအလှူရှင်အသင်းများကွန်ရက်တွင် ထားဝယ်ခရိုင်အခြေစိုက်သည့် ရင်ခုန်သံ၊ Best Friend၊ ပီတိအပြုံး၊ မုဒိတာနှင့် ကရုဏာမေတ္တာရှင် သွေးလှူရှင်များအဖွဲ့တို့ ပူးပေါင်းပါဝင်ကြောင်း ကွန်ရက်ထံမှ သိရသည်။ ယင်းကြောင့် ထားဝယ်သွေးလှူရှင်အသင်းများကွန်ရက် ဥက္ကဋ္ဌ ဦးတင်ဝင်းနှင့် တွေ့ဆုံပြီး ကွန်ရက်ဖွဲ့ရသည့် အကြောင်းအရင်း အသေးစိတ်အခြေအနေကို တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။ DW ။ ဘာကြောင့် သွေးလှူရှင်အသင်းများ ကွန်ရက်ကို ဖွဲ့စည်းဖြစ်တာလဲ ။ ဖြေ ။ နံပါတ် ၁ […]