ချန်ပီယံလိဂ် ဝင်ခွင့်မရသည့်အတွက် မန်ယူအနေနှင့် အက်ဒီးဒတ်စ်ကို လျော်ကြေးပေးရမည်
Dawei Watch
May 24, 2025မန်ယူအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့် မရရှိသည့်အတွက် အက်ဒီးဒတ်စ် အားကစားအသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရောင်းချရေးလုပ်ငန်းစုထံမှနေ၍ စပွန်ဆာကြေး လျှော့ယူရတော့မည့်အပြင် တစ်နှစ်လျှင် လျော်ကြေးအဖြစ် အက်ဒီးဒတ်စ်ထံသို့ ပေါင် ၁၀ သန်းစီ ပေးနေရတော့မည်ဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။ မန်ယူနှင့် အက်ဒီးဒတ်စ်တို့ စပွန်ဆာစာချုပ် ချုပ်ဆိုရာတွင် ချန်ပီယံလိဂ်ဝင်ခွင့် နှစ်ရာသီဆက် ဆုံးရှုံးခဲ့မည်ဆိုပါက မန်ယူမှနေ၍ အက်ဒီးဒတ်စ်ထံသို့ လျော်ကြေးအဖြစ် ပေါင် ၁၀ သန်း ပြန်ပေးရမည်ဟု အချက်တစ်ခု ထည့်သွင်းထားပြီး ယင်းသို့သော နစ်နာမှုများကြောင့် မန်ယူရှယ်ယာရှင်သစ် ဆာဂျင်မ် ရတ်ဒ်ကလစ်ဖ်က ဝန်ထမ်းအရေအတွက် ၂၀၀ ခန့်ကို အလုပ်ထုတ်ရန် စီစဉ်နေပြီလည်းဖြစ်သည်။ မန်ယူသည် လာမည့်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာစာ ရရှိရန် ကြိုးပမ်းရတော့မည်ဖြစ်ပြီး အကယ်၍ ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့် မရရှိခဲ့ပါက […]


