စပိန်ကို အနိုင်ယူပြလိုက်လို့ ကျွန်တော့်ကလေးတွေ ကျွန်တော့်ကို ပိုလေးစားလာတော့မယ်လို့ စီရော်နယ်ဒိုပြော
Dawei Watch
June 9, 2025ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်ဒိုက ယူရိုနေးရှင်းလိဂ်ဗိုလ်လုပွဲမှာ စပိန်ကို အနိုင်ရပြီး ချန်ပီယံဖြစ်လိုက်တာကြောင့် သူ့ကလေးတွေဟာ သူ့ကို ပိုပြီး လေးစားလာကြလိမ့်မယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ယူရိုနေးရှင်းလိဂ်ဗိုလ်လုပွဲမှာ သာမန်ပွဲကစားချိန် မိနစ် ၉၀ အတွင်း စပိန်နဲ့ ပေါ်တူဂီတို့က တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့ပြီး ပေါ်တူဂီအတွက် အရေးပါတဲ့ ဒုတိယမြောက်ချေပဂိုးကို စီရော်နယ်ဒိုက သွင်းပေးခဲ့တာဖြစ်ပါတယ်။ စီရော်နယ်ဒို ဟာ ဒဏ်ရာကြောင့် ပွဲဆက်ကစားဖို့ မဖြစ်နိုင်တော့လို့ ပွဲကစားချိန် ၈၈ မိနစ်မှာ သူ့ကို လူစားလဲလိုက်ရပြီး သာမန်ပွဲကစားချိန်အတွင်း သရေကျနေခဲ့လို့ အချိန်ပို ဆက်ကစားခဲ့ရပါတယ်။ အချိန်ပိုမှာလည်း တစ်ဖက်ကိုတစ်ဖက် ဂိုးမသွင်းနိုင်ခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူလိုက်ရပြီး ပင်နယ်တီအဆုံးအဖြတ်မှာ ပေါ်တူဂီက စပိန်ကို ၅ ဂိုး ၃ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ စပိန်ဘက်ကနေ ပင်နယ်တီလွဲခဲ့သူကတော့ တိုက်စစ်မှူး မိုရာတာ […]


