ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တူရကီအစ္စတန်ဘူမြို့လယ် လူစည်ကားရာနေရာတွင် ဗုံးပေါက်၊ လူ ၆ ဦးသေဆုံးပြီး ၈၁ ဦးဒဏ်ရာရ

diz_admin

November 14, 2022

မြို့တော်အစ္စတန်ဘူ၏ လူစည်ကားရာနေရာတခုတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့ရာ လူ ၆ဦးသေဆုံးပြီး ၈၁ ဦး ဒဏ်ရာရရှိသွားကြောင်း BBC သတင်းက အာဏာပိုင်များကို ကိုးကားပြီး ဖော်ပြထားသည်။ ဒေသစံတော်ချိန် ညနေ ၄နာရီကျော်တွင် တက်ဆင်ရင်ပြင်အနီး လူစည်ကားရာ စျေးဝယ်နေရာတွင် ပေါက်ကွဲခြင်း ဖြစ်သည်ဟု အစ္စတန်ဘူမြို့တော်ဝန် အလီယာလီကာယာ က ပြောကြားသည်။ ပေါက်ကွဲမှုသည် အမျိုးသမီးတစ်ဦးက လုပ်ဆောင်သော အကြမ်းဖက်တိုက်ခိုက်မှုတစ်ရပ် ဖြစ်ကြောင်း ဒုတိယသမ္မတ ဖော့အော်တေ က ဆိုသည်။ ပေါက်ကွဲမှုဖြစ်ရာနေရာ အနီးမှ ခုံတန်းတွင် အမျိုးသမီးတစ်ဦး အတော်ကြာအောင် မိနစ် ၄၀ ခန့် ထိုင်နေခဲ့ပြီးနောက် ပေါက်ကွဲမှု မဖြစ်ခင် ထထွက်သွားခြင်း ဖြစ်သည်ဟု တရားရေး ဝန်ကြီးကလည်း ပြောကြားသည်။ ကျူးလွန်သူများကို အပြစ်ပေးမည်ဖြစ်ကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် […]

ချောင်းနှစ်ခွရဲစခန်းတိုက်ခိုက်မှုတွင် ရဲသုံးဦးသေပြီး လေဦးဖမ်းမိဟု ဒေသကာကွယ်ရေးတပ်ထုတ်ပြန်

diz_admin

November 13, 2022

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာ နယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်တွင် ရဲသုံးဦး သေဆုံးပြီး လေးဦးကို အရှင်ဖမ်းဆီးရမိကြောင်း တိုက်ခိုက်ရာတွင် ပူးပေါင်းပါဝင်သည့် နဂါးနီစစ်ကြောင်းက ထုတ်ပြန်သည်။ ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွ တံတားစစ်ဆေးရေးဂိတ်တို့ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းတို့ နိုဝင်ဘာ ၁၂ ရက်နေ့ နံနက် ၅ နာရီခွဲခန့်က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း စခန်းမှူး၊ ဒုတပ်ကြပ်တစ်ဦး၊ တပ်သားတစ်ဦးသေဆုံးပြီး၊ ဒုရဲအုပ်အပါ နှစ်ဦး ထွက်ပြေးလွတ်မြောက်သွားကာ တပ်ကြပ်၊ ဒုတပ်ကြပ်နှင့် တပ်သားနှစ်ဦးတို့ကို အရှင်ဖမ်းဆီးရမိထားကြောင်း နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထား သည်။ ယင်းအပြင် AK 47 တစ်လက်၊ M16 လေးလက်၊ G3 တစ်လက်၊ ၆၀ မမပြောင်းတို […]

ကာလရှည် ပွဲမကရသဖြင့် ဇာတ်သမားများ စားဝတ်နေရေးခက်ခဲ

diz_admin

November 13, 2022

ဇာတ်ပွဲမကရသည်မှာ နှစ်ချီကြာလာပြီဖြစ်၍ ထားဝယ်ဒေသ ဇာတ်သဘင်သမားများမှာ စားဝတ်နေရေး အခက်တွေ့လာနေကြကြောင်း ထားဝယ်မြို့နယ် သဘင်အစည်းအရုံးထံမှ သိရသည်။ ၂၀၂၀ ကိုဗစ်ကာလမှစပြီး ပွဲလမ်းသဘင်ကျင်းပခွင့်မရှိတော့ဘဲ အာဏာသိမ်းပြီးနောက်မှာလည်း လူစု၊လူဝေးမလုပ်ရ၊ ညမထွက်ရအမိန့်ကြောင့် ညဘက်ပွဲကသည့် အလုပ်များအားလုံး ရပ်နားခဲ့ကြရသည်မှာ ၃ နှစ်နီးပါးရှိလာပြီ ဖြစ်သည်။ ထားဝယ်ဒေသတွင် ဇာတ်သဘင် အနုပညာအလုပ်ဖြင့် အသက်မွေးသူ ၁၅၀ မှ ၂၀၀ အကြားရှိပြီး ၎င်းတို့အထဲမှ ၇၀ ရာနူန်းမှာ စားဝတ်နေရေး အခက်တွေ့နေရကြောင်း ထားဝယ်မြို့နယ် သဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးတင်မောင်ရွှေက ပြောသည်။ “တစ်ချို့တစ်ချို့သော အနုပညာသမားတွေဆိုရင် သက်ကြီးရွယ်အိုပိုင်းတွေရှိတယ်လေ။ အလုပ်ကြမ်းတွေမလုပ်နိုင်ကြဘူး။ ဒါကြောင့် သဘင်လောကသားတွေ ဒုက္ခရောက်ကြရတဲ့သူက ပိုများပါတယ်။ ထမင်းမငတ်ရုံတစ်မည်ပါပဲ” ဟု ၎င်းကဆိုသည်။ တခြားဒေသမှနေပြီး ထားဝယ်‌ဒေသတွင် ဇာတ်ကလာကြသည့် သဘင်သမားများမှာ အိမ်ခန်းလခ […]

အမေရိကန် လေကြောင်းသရုပ်ပြပျံသန်းပွဲတွင် ဒုတိယကမ္ဘာစစ်သုံး လေယာဉ်နှစ်စင်း လေပေါ်တွင် တိုက်မိပေါက်ကွဲ

diz_admin

November 13, 2022

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် လေကြောင်းပြပွဲတစ်ခုတွင် ဒုတိယကမ္ဘာစစ်ကာလသုံး လေယာဉ်နှစ်စင်း လေပေါ်တွင် တိုက်မိပြီး ပေါက်ကွဲပျက်စီးသွားကြောင်း BBC သတင်းက ဖော်ပြထားသည်။ ခပ်နိမ့်နိမ့်ပျံသန်းနေစဉ် လေယောဉ်ပျက်ကျသွားခြင်း ဖြစ်ကာ၊ လေယာဉ်တစ်စင်းက ထက်ပိုင်းပြတ်ထွက် သွားခဲ့ပြီး မီးလုံးများ ပေါက်ကွဲနေသည်ကို မြင်ရသည်။ လေယာဉ်များထဲမှ တစ်စင်းမှာ ဘိုးအင်း B-17 ခံတပ်ပျံ လေယာဉ်ဖြစ်ကာ ဒါးလက်စ်မြို့နားတွင် ပြုလုပ်သော အမှတ်တရအခမ်းအနား လေကြောင်းပြပွဲတွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ထဲတွင် လူမည်မျှ ပါသွားသည်ကို မသိရသေးဘဲ သေဆုံးသူ နှစ်ဦး၏ အမည်ကိုသာ ကြေညာထားသေးသည်။ အမေရိကန်လေယာဉ်မောင်းများသမဂ္ဂ က ၎င်းတို့အဖွဲ့ဝင်နှစ်ဦး သေဆုံးသွားခဲ့သည်ဟု ထုတ်ပြန်သည်မှအပ အခြားသူများအကြောင်း မသိရသေးပေ။ US’ Premiere WW2 လေကြောင်းပြပွဲဟု အမည်ပေးထားသော အဆိုပါ ပွဲအတွင်း ပျက်ကျမှုကို […]

ပုဂေါဇွန်းရွာသားတစ်ဦးကို လူတစ်စုက ဖမ်းခေါ်သွားပြီးနောက် ‌သေဆုံးလျက်ပြန်တွေ့

diz_admin

November 13, 2022

ရေဖြူမြို့နယ်၊ ပုဂေါဇွန်းရွာတွင် လက်နက်ကိုင်လူတစ်စုက ပုဂေါဇွန်းရွာသားတစ်ဦးကို ဖမ်းခေါ်သွားပြီးနောက်ရက်တွင် သေဆုံးနေသည့် အလောင်းသာ လမ်းဘေးတွင် ပြန်တွေ့ခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ နိုဝင်ဘာလ ၁၁ ရက်နေ့ ညရှစ်နာရီဝန်းကျင်တွင် ပုဂေါဇွန်းရွာသားတစ်ဦးဖြစ်သူ အသက်ငါးဆယ်ကျော် အရွယ်ရှိ ဦးစိန်လင်းကို လက်နက်ကိုင်လူတစ်စုက ကြိုးတုတ်ဖမ်းဆီးသွားခြင်းဖြစ်သည်။ နိုဝင်ဘာလ ၁၂ ရက် မနက်ပိုင်းတွင် ယင်းကျေးရွာ၏အရှေ့ဘက်ဒေသ အခေါ် ရှမ်းဆိုဒ်အနီး လမ်းပိုင်းတစ်နေရာတွင် ဦးစိန်လင်း၏ ရုပ်အလောင်းကို တွေ့ရသည်ဟု ဒေသခံတစ်ဦးကပြောသည်။ “ဒဏ်ရာက တစ်ကိုယ်လုံးအနှံ့ ရှစ်ချက်လောက် ရှိမယ်။ အူတွေလည်းထွက်နေတယ် “ဟု ၎င်းကပြောသည်။ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များမိုင်းထောင်ထားသည်ကို စစ်ကောင်စီတပ်ကသိရှိပြီး မိုင်းဖြုတ်သွားနိုင်ခြင်းမှာ ၎င်းကသတင်းပေးလိုက်ခြင်းကြောင့် ဖြစ်သည်ဟု ကျေးရွာအတွင်း သတင်းများထွက်ပေါ်‌နေသည်။ သို့သော် ဦးစိန်လင်းအား မည်သူတို့က မည်သည့်အကြောင်းရင်းကြောင့် သတ်သွားသည်ဆိုသည်ကို Dawei watch အနေဖြစ် သီးခြားအတည်မပြုနိုင်သေးပေ။ ဦးစိန်လင်းမှာ လွန်ခဲ့သည့် ဆယ်နှစ်ကျော်ခန့်က အခြားဒေသကနေ ပုဂေါဇွန်းရွာကို ဆီအုန်းခြံလုပ်သားအဖြစ် ပြောင်းရွှေ့လာပြီး ပုဂေါဇွန်းရွာသူနှင့်အိမ်ထောင်ကျခဲ့သည်။ ဆီအုန်းခြံလုပ်ငန်းများ ရပ်တန့်ထားချိန်မှ ယနေ့အထိ ရလိုင်ရွာ ရေလွှဲဆည်တွင် ဆည်မြောင်းဝန်ထမ်းတစ်ဦးအဖြစ် လုပ်ကိုင်နေသူဖြစ်ကြောင်းလည်း အခြားဒေသခံတစ်ဦးကပြောသည်။ ၎င်း၏ရုပ်အလောင်းကို နိုဝင်ဘာလ ၁၂ ရက် နေလယ်ပိုင်းက ရွာသားများက သွားရောက်သယ်ယူပြီး မီးရှို့ သင်္ဂြိုဟ်လိုက်သည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

November 13, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ Dawei Watch၊ နိုဝင်ဘာလ ၆ရက်မှ ၁၂ ရက်အထိ မီးရှို့ခံရသည့်နေအိမ် လေးသောင်းနီးပါးရှိသွားပြီ မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိပက္ခနှင့် တိုက်ပွဲဖြစ်စဉ်များအတွင်း မီးရှို့ဖျက်ဆီးခံရသည့် နေအိမ် လေးသောင်းနီးပါးရှိလာပြီဖြစ်ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) က ထုတ်ပြန်သည်။ အာဏာသိမ်းချိန်မှ ယခုနှစ် အောက်တိုဘာလ ၃၁ ရက်အထိ နေအိမ်၊ ဘာသာရေး အဆောက်အအုံများ အပါအဝင် အဆောက်အအုံ ၃၈,၅၆၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရကြောင်း ဖော်ပြသည်။ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်၊ အဆောက်အအုံ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်း အရေအတွက်အားဖြင့် အလုံး ၂၆,၉၇၀ မှာ […]

ဘန်ကောက်တွင် ကော့သောင်းသူကို သတ်ခဲ့သည်ဆိုသည့် မြန်မာလုပ်သားအဖမ်းခံရ

diz_admin

November 12, 2022

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဝတ်လစ်စားလစ်ပုံစံဖြင့် သေဆုံးနေသော ကော့သောင်းဒေသခံ အမျိုးသမီးကို သတ်ခဲ့သည်ဟုဆိုသော မြန်မာအလုပ်သမားအမျိုးသားတစ်ဦးကို နိုဝင်ဘာလ ၁၁ ရက် ညပိုင်းတွင် ဖမ်းမိကြောင်း သေဆုံးသူ၏ မိတ်ဆွေများထံမှ သိရသည်။ ဘန်ကောက်ခရိုင် ဘန်ဘော်ဒေသ အေကချိုင်တွင် “ထားဝယ်သူ” ဟု လူသိများသော အမျိုးသမီးတစ်ဦးကို လည်ပင်း ညှစ်ထားသော ဒဏ်ရာနှင့်အတူ ဝတ်လစ်စားလစ်ပုံစံဖြင့် သေဆုံးနေသည်ကို နိုဝင်ဘာလ ၁၀ ရက်နေ့ နေ့လယ်ပိုင်း က တွေ့ရှိခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက အမှုကို စုံစမ်းစစ်ဆေးခဲ့ရာမှ အမျိုးသမီးကို သတ်ခဲ့သူဟုဆိုသူ မြန်မာ အလုပ်သမား ကိုကျော်ဝင်းဆိုသူကို ဖမ်းဆီးရမိခဲ့ကြောင်း သေဆုံးသူနှင့် နီးစပ်သူများထံမှ သိရသည်။ ကိုကျော်ဝင်းဆိုသူသည် သေဆုံးသူ၏ အခန်းဘေးကပ်လျက်တွင် နေထိုင်သူဖြစ်ကာ ၎င်းတွင် ဇနီးနှင့် ကလေးရှိသူဖြစ်ကြောင်း ၎င်းတို့က […]

ထားဝယ်တွင် ထိုင်းထီရောင်းအားတက်လာဟုဆို

diz_admin

November 12, 2022

ထားဝယ်တွင် ထိုင်းထီရောင်းအား ယခင်ကထက် တက်လာကြောင်း ထိုင်းထီရောင်းသူအချို့က ပြောသည်။ စစ်တပ်အာဏာသိမ်းမှုအပြီးတွင် အစိုးရကရောင်းသည့် အောင်ဘာလေထီ ရောင်းသူမရှိတော့သလို ထီထိုးသူလည်းမရှိတော့သဖြင့် ထီရောင်းချသူအချို့က ထိုင်းထီကို ပြောင်းလဲရောင်းချလာခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ် ဧပြီလမှ စ၍ ထိုင်းထီ စောင်ရေ ၂၀ ခန့် စတင်ရောင်းချခဲ့ရာ တဖြည်းဖြည်းရောင်းအားတက်သည်ဟု ထားဝယ်မြို့မှ ထိုင်းထီရောင်းသူ အမျိုးသမီးတစ်ဦးက ပြောသည်။ “ရောင်းအားကတော့ တက်လာတာပေါ့။ အရင်က စရောင်းတုန်းကနဲ့စာရင်တော့ တက်လာတယ်။ စရောင်းတုန်းက စောင်ရေ ၂၀ လောက်ပဲ စရောင်းတယ်။ ခုက စောင်ရေ ၃၀၀ လောက်ထိဖြစ်လာတယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။ ထိုင်းထီကို ကော့သောင်းမှတစ်ဆင့် ထားဝယ်သို့ မှာယူရောင်းချခြင်းဖြစ်ပြီး Online မှလည်းရောင်းသလို အိမ်ရှိအထည်ဆိုင်တွင်လည်း ရောင်းကြောင်း အထက်ပါအမျိုးသမီးက ဆိုသည်။ […]