ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မော်လမြိုင်ပစ်ခတ်မှု PDF ငါးဦးအဖမ်းခံရ၊ ရဲတစ်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏သားတို့ သေဆုံး

diz_admin

November 15, 2022

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် PDF တပ်ဖွဲ့ဝင်များရှိသည့် နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီး ရာမှ ပစ်ခတ်မှုဖြစ်ပွားရာ ရဲတစ်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး သားတို့ သေဆုံးပြီး PDF တပ်ဖွဲ့ဝင် ငါးဦး ဖမ်းဆီး ခံရကြောင်း မြို့ခံများထံမှ သိရသည်။ ဇေယျာသီရိရပ်ကွက် (၃) ရှိ နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က နိုဝင်ဘာလ ၁၄ ရက်နေ့ ၅ နာရီခွဲခန့်တွင် သွားရောက်ဖမ်းဆီးစဉ် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ အဆိုပါ ပစ်ခတ်မှုအတွင်း အမျိုးသမီးတစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ငါးဦးနှင့်အတူ လက်နက်ငယ် သုံးလက် ဖမ်းဆီးသိမ်းဆည်းခံလိုက်ရကြောင်း အထူးမြေအောက်လှုပ်ရှားမှုအင်အားစု (Special Underground Movement Force) က ထုတ်ပြန်ထားသည်။ စစ်ကောင်စီဘက်ကမူ ရဲတစ်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ သားဖြစ်သူတို့ […]

ကဒဲရွာထဲ ဒရုန်းဖြင့် ဗုံးချခံရ၊ ဇနီးမောင်နှံနှစ်ဦး ဒဏ်ရာရ

diz_admin

November 15, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာထဲသို့ ဒရုန်းဖြင့် ဗုံးချခံရပြီး ဇနီးမောင်နှံနှစ်ဦးကို ထိမှန်ကာ ဒဏ်ရာ ပြင်းထန်သောကြောင့် ဆေးရုံတွင် အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ကဒဲကျေးရွာအား ဒရုန်းဖြင့်ဗုံးချခံရခြင်းဖြစ်ပြီး ဆိုင်ကယ်စီးလာသည့် ဇနီးမောင်နှံနှစ်ဦးကို ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “လင်မယားနှစ်ယောက်စလုံး ထိသွားတယ်။ အမျိုးသမီးမှာက မျက်စိထိသွားတယ်လို့ ကြားရတယ်။ ဆိုင်ကယ်လည်း သုံးမရတော့ဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါ ဇနီးမောင်နှံနှစ်ဦးမှာ ဈေးရောင်းပြီးအိမ်အပြန် ကဒဲရွာစာသင်ကျောင်းအနီးအရောက်တွင် ဗုံးထိမှန်ခြင်းဖြစ်ပြီး လက်ရှိတွင် မြိတ်မြို့သို့ ပို့ဆောင်ဆေးကုသနေကြောင်း ဒေသခံများက ဆိုသည်။ “သူတို့လင်မယားက အိမ်ထောင်အသစ်တွေပဲသေး။ ကလေး တစ်ယောက်ပဲရသေးတယ်” ဟု ဒေသခံအမျိုးသား နောက်တစ်ဦးက ပြောသည်။ တိုက်ပွဲများကြောင့် […]

အမေရိကန် သမ္မတနှင့် တရုတ်သမ္မတတို့ ၃ နာရီကြာတွေ့ဆုံ

diz_admin

November 15, 2022

တရုတ်သမ္မတရှီကျင့်ဖျင် နှင့် တွေ့ဆုံခဲ့ပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် က တရုတ်နှင့် စစ်အေးတိုက်ပွဲသစ် ဖြစ်လာရန် အကြောင်းမရှိဟု ပြောကြားခဲ့ကြောင်း BBC သတင်းက ဖော်ပြထားသည်။ တရုတ်သည် ထိုင်ဝမ်ကို ကျူးကျော် တိုက်ခိုက်လိမ့်မည်ဟု ၎င်းအနေဖြင့် မယုံကြည်ပါကြောင်း ဘိုင်ဒန် က ဆိုသည်။ ယခုတစ်ခေါက် ထိပ်သီးနိုင်ငံကြီးနှစ်ခု၏ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံခြင်းသည် သမ္မတဘိုင်ဒန် အာဏာရလာပြီး နောက် ပထမဆုံး အကြိမ်ဖြစ်သည်။ ခေါင်းဆောင်နှစ်ဦးသည် မြောက်ကိုရီးယား နှင့် ရုရှား၏ ယူကရိန်းကျူးကျော်စစ်တို့အကြောင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ပြုလုပ်သည့် G20 ဆွေးနွေးပွဲတက်ရောက်ရင်း သီးသန့်တွေ့ဆုံ စကားပြောခဲ့ကြသည်။ မစ္စတာရှီရောက်လာပြီးနောက် (၃)နာရီကြာအောင် သမ္မတနှစ်ဦး စကားပြောခဲ့ကြပြီး ခေါင်းစဉ်ပေါင်းစုံဆွေးနွေးကြကာ ထိုင်ဝမ်အကြောင်းလည်း ပါဝင်ခဲ့သည်။ ကိုယ်ပိုင်အုပ်ချုပ်နေသော ကျွန်းသည် အမေရိကန်ကို မဟာမိတ်အဖြစ် […]

ဘုရားသုံးဆူမြို့ရှိ ရွှေဆိုင်တစ်ဆိုင် သေနတ်ပစ်ဖောက်ဓားပြတိုက်ခံရ

diz_admin

November 14, 2022

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူမြို့က ရွှေဆိုင်တစ်ဆိုင်ကို လူတစ်ဦးက သေနတ်ပစ်ဖောက်ပြီး ဓါးပြတိုက်သွားကြောင်း မြို့ခံတို့ထံမှ သိရသည်။ ဘုရားသုံးဆူမြို့ မြို့မဈေးရှေ့က သစ်ဆန်းယဉ်ရွှေဆိုင်ကို နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၅ နာရီကျော်က မျက်နှာဖုံးအုပ်ထားပြီး ဦးထုပ်ဆောင်းထားသူတစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဆိုင်ထဲဝင်ကာ သေနတ် ပစ်ဖောက် ဓါးပြတိုက်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ဆိုင်အတွင်း သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဆိုင်ပိုင်ရှင်၏သားဖြစ်သူက ဒဏ်ရာရရှိသွားကာ ငွေကျပ်သိန်း ၆၀ ခန့်လည်း ပါသွားကြောင်း ရွှေဆိုင်နှင့်နီးစပ်သည့် မြို့ခံတစ်ဦး ပြောသည်။ “ရွှေကတော့ ဆိုင်သိမ်းချိန်ဖြစ်နေတော့ ပါမသွားဘူး” ဟု ၎င်းက ဆိုသည်။ သစ်ဆန်းယဉ်ရွှေဆိုင်သည် ရွှေအရောင်းအဝယ်ပြုလုပ်နေသည့်အပြင် ငွေလဲသည့်လုပ်ငန်းလည်း လုပ်ဆောင်နေကြောင်း အထက်ပါ မြို့ခံက ပြောဆိုသည်။ ရွှေဆိုင် […]

ထိုင်းတွင် ကားမှောက် သေဆုံးသွားသော မြန်မာလုပ်သားနှစ်ဦးအတွက် အာမခံ ဘတ်နှစ်သန်းကျော်ရ

diz_admin

November 14, 2022

ထိုင်းနိုင်ငံတွင် ကားမှောက်မှုကြောင့် သေဆုံးသွားသော အထောက်အထားမဲ့ မြန်မာအလုပ်သမား နှစ်ဦးအတွက် အာမခံအကျိုးခံစားခွင့် ဘတ် နှစ်သန်းကျော်ရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနက နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။ တာခ့်ခရိုင်မှ ကန်ဖန်းဖက်ခရိုင်ဘက်သို့ အထောက်အထားမဲ့ မြန်မာအလုပ်သမားများ တင်ဆောင်လာသော ကားတစ်စီး လွန်ခဲ့သည့် တစ်နှစ်ခန့်က တိမ်းမှောက်မှုကြောင့် ကားပေါ်ပါ မြန်မာအလုပ်သမား သုံးဦးသေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့သော် ကားမှောက်မှုဖြစ်ပွားသည့် နေ့ရက်နှင့် ဖြစ်စဉ်အသေးစိတ်ကို ဖော်ပြထားခဲ့ခြင်း မရှိပေ။ မြန်မာအလုပ်သမားများ သေဆုံးခဲ့မှုအတွက် အာမခံအကျိုးခံစားခွင့် ရရှိစေရန် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ တွင် အမျိုးသားညီညွတ်ရေးအစိုးမှ ကိုရဲမင်းဦးဆောင်သော AAC မဟာမိတ်အဖွဲ့သို့ ညွှန်ကြားခဲ့ကြောင်း ဖော်ပြသည်။ သေဆုံးခဲ့သူ နှစ်ဦးအတွက် ပုဂ္ဂလိက ကားအာမခံအတိုင်း […]

တနင်္သာရီ မော်တုံးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး ရွာသားများထွက်ပြေးနေရ

diz_admin

November 14, 2022

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အနောက်မော်တုံးရွာတွင် တိုက်ပွဲဖြစ်ပြီး ရွာသားများ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နိုဝင်ဘာလ ၁၄ ရက် နံနက် ၅ နာရီခွဲဝန်းကျင်မှစတင်ပြီး အနောက်မော်တုံးကျေးရွာအနီးတွင် နှစ်ဖက်တိုက်ပွဲများဖြစ်နေပြီး ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းတို့က ပြောသည်။ “ဝေလီဝေလင်း ၅ နာရီလောက်ကတည်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်နေကြတာ။ အခုထိလည်း လက်နက်ကြီးနဲ့ ပစ်နေကြတုန်းပဲ” ဟု အနောက်မော်တုန်းကျေးရွာအနီးရှိ ပဝကျေးရွာနေ အမျိုးသားတစ်ဦးက ယနေ့ မွန်းလွဲ ၁ နာရီက ပြောသည်။ တနင်္သာရီမြို့သို့ သွားသည့် ပြည်ထောင်စုလမ်းမကြီးနှင့် မော်တုံးရွာဝင်သည့် လမ်းဆုံတွင်အနီးတွင် စစ်ကောင်စီ အမြှောက်တပ်ရင်းရှိကာ ယင်းအနီးတွင် ဖြစ်ပွားနေပြီး လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အနောက်မော်တုံးရွာသားများ ထွက်ပြေးနေရကြောင်း ဒေသခံများက ဆိုသည်။ […]

လောင်းလုံး ကြယ်တောင်ကျောင်းဆရာတော်နှင့် ကိုရင်၊ ကျောင်းသားများ အဖမ်းခံရ

diz_admin

November 14, 2022

လောင်းလုံးမြို့နယ် ဂေါ့အင်းကျေးရွာ ကြယ်တောင်ကျောင်းဆရာတော် ယနေ့ နိုဝင်ဘာလ ၁၄ ရက် နံနက်စောစောတွင် ဖမ်းဆီးခံရကြောင်း ဒေသခံအချို့က ပြောသည်။ အာရုဏ်တက်ချိန်တွင် စစ်ကောင်စီတပ်သားအများအပြား လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး မည်သည့်အတွက် ဖမ်းဆီးခံရသည်ကိုမူ သေသေချာချာမသိရသေးကြောင်း ဒေသခံအချို့က ဆိုသည်။ ကျောင်းတွင်းရှိ ကိုရင်၊ ဘုန်းကြီးကျောင်းသားများအားလုံးကိုပါ ဖမ်းဆီးသွားခဲ့ပြီး ကျောင်းပိုင်ကားတစ်စီးကိုလည်း လိုင်စင်မရှိဟုဆိုကာ သိမ်းဆည်းသွားကြောင်း ဆရာတော်၏ တပည့်တကာတစ်ဦးက ပြောဆိုသည်။ “ဘာကြောင့်ဘယ်လိုဖမ်းသွားတယ်ဆိုတာတော့ ဘာမှမသိရသေးဘူး။ ‌ဆရာတော်နဲ့ ကျောင်းမှာရှိတဲ့သူ အကုန်လုံးကို ခေါ်သွားတယ်။ ကာရှေ့က (ကြယ်တောင်ကျောင်းလို့ စာတမ်းထိုးထားတဲ့) စာတွေကို ဖျက်ပြီးတော့ ယူသွားတယ် လို့တော့ သိရတယ်” ဟု ၎င်းက ပြောသည်။ ဆရာတော်အား လာရောက်ဖမ်းဆီးစဉ် ညင်းမော်ကျေးရွာနှင့် ဂေါ့အင်းကျေးရွာတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းချထားခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ PDF […]

မြိတ်တွင် ငါးအမှုန့်ကြိတ်စက်ရုံကန်အတွင်း အောက်စီဂျင်ပြတ်ပြီး အမျိုးသားသုံးဦးသေဆုံး

diz_admin

November 14, 2022

မြိတ်မြို့ အင်းလေးမြိုင်စက်မှုဇုံအတွင်းရှိ Vantage ငါးအမှုန့်ကြိတ်စက်ရုံ ငါးကန်အတွင်း အောက်စီဂျင်ပြတ်ပြီး အမျိုးသား သုံးဦးသေဆုံးသွားကြောင်း စက်ရုံတာဝန်ရှိသူနှင့် ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၁၃ ရက် ည ၈ နာရီဝန်းကျင်က ငါးအမှုန့်ကြိတ်သည့် ပါကေးငါးကန်အတွင်း ဝန်ထမ်းတစ်ဦး သန့်ရှင်းရေး ဆင်းလုပ်ခဲ့ရာမှ မူးမေ့လဲကျသွားကြောင်း ယင်းစက်ရုံတာဝန်ရှိသူတစ်ဦးက ပြောသည်။ ၎င်းကို ဆင်းကယ်ရာ ဆင်းကယ်သူအပါအဝင် အမျိုးသား သုံးဦး သေဆုံးခဲ့ရပြီး မန်နေဂျာအပါအဝင် ဝန်ထမ်း သုံးဦးလည်း ဆေးရုံတွင် အရေးပေါ်ကုသခံနေရကြောင်း ၎င်းက ဆိုသည်။ “ငါးက ကုန်တာနဲ့ ကန်သန့်ရှင်းရေးလုပ်ရတာ။ ဒါကပုံမှန်လုပ်နေကျပဲ။ မတော်တဆ ငါးကထွက်တဲ့ ဂစ်အနံ့ရှုမိပြီး အောက်စီဂျင်ပြတ်ပြီး ခုလိုဖြစ်သွားတာပါ” ဟု တာဝန်ရှိသူက ပြောဆိုသည်။ အကိုဖြစ်သူ မူးလဲသွားသည်ကို မြင်ရသဖြင့် ညီဖြစ်သူက ဆင်းကယ်ရာ […]