ရေပေါ်ထောင်တည်ဆောက်ထားပြီဆိုတာ မဟုတ်ဘူးလို့ စင်ကာပူ အကျဉ်းဦးစီးဌာနပြော
Dawei Watch
July 18, 2025စင်ကာပူ အကျဉ်းဦးစီးဌာန (SPS) က စင်ကာပူနိုင်ငံအနေနဲ့ ကမ္ဘာ့ပထမဆုံး ရေပေါ်ထောင်ကို စတင်ဖွင့်လှစ်လိုက်နိုင်ပြီဆိုတဲ့ အွန်လိုင်းသတင်းတွေက သတင်းမှားတွေလို့ စင်ကာပူ အကျဉ်းဦးစီးဌာန (SPS)ကို အတည်ပြုပြီး The Straits Time သတင်းဌာနက ဖော်ပြပါတယ်။ ဒီလို ကောလာဟလတွေဟာ လူမှုကွန်ရက် မီဒီယာတွေထက်မှာ ရက်ပေါင်းများစွာ ပျံ့နှံ့လာပြီးတဲ့နောက် စင်ကာပူ အကျဉ်းဦးစီးဌာန (SPS) က အခုလိုဖြေရှင်းလိုက်တာဖြစ်ပါတယ်။ ကောလာဟလ Post တွေထဲမှာ စင်ကာပူကမ်းရိုးတန်းကနေ မီတာ ၅၀၀ အကွာ ပင်လယ်ပြင်ထဲမှာရှိတဲ့ အဆောက်အအုံတစ်ခုကို ရေပေါ်အကျဉ်းထောင်အဖြစ် အသေးစိတ် ရေးသားဖော်ပြထားပြီး နိုင်ငံရဲ့ လူဦးရေထူထပ်မှုနဲ့ မြေနေရာအခက်အခဲတွေကို ဖြေရှင်းပေးနိုင်စေဖို့အတွက် စင်ကာပူအစိုးရက အခုလို စီမံလိုက်တာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ ဇူလိုင်လ ၁၃ ရက်နေ့က အင်စတာဂရမ် လူမှုကွန်ရက်မှာ […]


