ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဇင်းကျိုက်တွင် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ

diz_admin

March 14, 2023

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ ဖလပ်ကျေးရွာက ရာအိမ်မှူးတစ်ဦး ယနေ့ မတ်လ ၁၄ ရက် နေ့လယ်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇင်းကျိုက်မြို့၊ ဖလပ်ကျေးရွာ အမှတ် (၂) ရပ်ကွက်နေ အသက် ၅၀ ဝန်းကျင်အရွယ် ရာအိမ်မှူး ဦးကျော်စိုးမိုး (ခေါ်) စတီးရိုးဆိုသူ ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့ ပြောသည်။ ဦးကျော်စိုးမိုးသည် ဆိုင်ကယ်ဖြင့် ဥတ္တံတားကျေးရွာဘက်မှ ဇင်းကျိုက်မြို့ဘက်သို့ ရန်ကုန်-မော်လမြိုင် ကားလမ်းအတိုင်း မောင်းနှင်လာနေစဉ် အနောက်မှ လူနှစ်ဦးက ဆိုင်ကယ်ဖြင့်လိုက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရမှုကြောင့် ဦးကျော်စိုးမိုးသည် ဝဲနားထင်၊ ဝဲဘက်ရင်အုံ၊ လည်ပင်းနှင့် ဝမ်းဗိုက် ကျည်ဖောက်ဝင် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း […]

ထားဝယ်တွင် နှစ်ရက်အတွင်း ရွှေတစ်ကျပ်သား ကျပ်ခြောက်သောင်းအထိခုန်တက်

diz_admin

March 14, 2023

အခေါက်ရွှေဈေးမှာ နှစ်ရက်တာကာလအတွင်း တစ်ကျပ်သားလျှင် ငွေကျပ်ခြောက်သောင်းအထိ မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းနှစ်သောင်း (၂,၈၂၀,၀၀၀ ကျပ်) ဖြင့် ရက်အတန်ကြာ ဈေးငြိမ်နေခဲ့သည်။ ယင်းသို့ဈေးငြိမ်နေရာမှ မတ်လ ၁၃ ရက် (တနင်္လာနေ့) မှစကာ တစ်ကျပ်သားလျှင် ကျပ်သုံးသောင်းတက်လာပြီး ယနေ့တွင်လည်း ကျပ်သုံးသောင်းထပ်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ထို့ကြောင့် မတ်လ ၁၄ ရက်နေ့ ထားဝယ်ဈေးကွက်အတွင်းပေါက်ဈေးအရ ရွှေတစ်ကျပ်သားလျှင် ၂၈၈၀၀၀၀ ကျပ် ဈေးဖွင့်ထားသည်။ ပြည်တွင်းရွှေဈေးမြင့်လာခြင်းမှာ ကမ္ဘာ့ရွှေဈေးတက်လာခြင်းကြောင့်ဖြစ်ကြောင်း ထားဝယ်မြို့မှ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ လက်ရှိကမ္ဘာ့ရွှေပေါက်ဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၁၁ ပေါက်ဈေးရှိနေသည်။ ပြီးခဲ့သည့် သုံးရက်ကမူ တစ်အောင်စလျှင် ၁၈၆၇ ဒေါ်လာသာ ပေါက်ဈေးရှိသည်။ ထိုသို့ ဈေးတက်နေသော်လည်း ရောင်းအားဝယ်အားမှာ […]

ဘုန်းကြီးကျောင်းမုခ်ဦး ပြိုကျပြီး ယာဥ်မောင်းသေဆုံး

diz_admin

March 14, 2023

မြိတ်မြို့နယ်၊ကျောက်ဖျာကျေးရွာတွင် ဘုန်းတော်ကြီးကျောင်း မုခ်ဦးပြိုကျပြီး ယာဥ်မောင်းတစ်ဦး သေဆုံးသွားကြောင်း နာရေးကူညီမှုအသင်းနှင့် ဒေသခံများထံမှသိရသည်။ မတ်လ ၁၃ ရက်ညနေ ၄ နာရီခန့်က ကျောက်ဖျာကျေးရွာ၊ ရှင်ကဇိန်ဘုန်းတော်ကြီးကျောင်းမုခ်ဦး မြေသယ်ကား အနောက်ကိုယ်ထည်ဖြင့်ချိတ်မိပြီး ကားခေါင်းပေါ်ပြိုကျသဖြင့် ယာဥ်မောင်း သေဆုံးသွားသည်ခြင်းဖြစ်သည်။ “တင်ပါကိုမချမိပဲနဲ့ မေ့ပြီးမောင်းထွက်သွားရာမှာ မုဒ်ပေါက်နဲ့ချိတ်မိပြီး ကားပေါ်လာပြိုကျသွားတာပါ”ဟု လိုက်ပါကူညီပေးခဲ့သည့် နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူကပြောသည်။ မြေသယ်ယာဉ် နောက်ကိုယ်ထည်ကို ထောင်ကာမြေကြီးချအပြီးတွင် နောက်ကိုယ်ထည်ကိုပြန်မချဘဲ ထောင်ထားမိသဖြင့် အနောက်ကိုယ်ထည်နှင့် ချိတ်မိပြီး မုခ်ဦးတစ်ခုလုံး ကားခေါင်းပေါ် ပြိုကျသွားခြင်းဖြစ်သည်။ “လွတ်တယ်ထင်ပြီး မောင်းလိုက်တာလား။ ဒါမှမဟုတ် မေ့ပြီးမချမိတာလား နှစ်ခုမှာ တစ်ခုပဲ”ဟု ကျောက်ဖြာရွာနေ ဒေသခံတစ်ဦးကပြောသည်။ သေဆုံးသူသည် အသက် ၂၈ နှစ်အရွယ်ရှိ ချမ်းငြိမ်းအောင် ဖြစ်ပြီး ၎င်းမိသားစုရှိရာ ကျွန်းစုမြို့နယ်၊ကတ္တလူရွာသို့ သယ်ဆောင်သွားပြီဖြစ်ကြောင်း လိုက်ပါကူညီခဲ့သည့် နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူကပြောသည်။

ရေဖြူ မိကျောင်းလှောင်းရွာသားနှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

diz_admin

March 14, 2023

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီးက မိကျောင်းလှောင်း (ရွာသစ်) မှ ရွာသားနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး တစ်ဦးဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။ မိကျောင်းလှောင်းရွာသား အသက် ၃၀ ကျော်အရွယ်ဖြစ်ကြသည့် ကိုမောင်မောင်နှင့် ကိုထက်ထက်အောင်တို့နှစ်ဦး မိကျောင်လှောင်း-နတ်အိမ်တောင်သွား ကားလမ်းမတစ်နေရာတွင် မတ်လ ၁၁ ရက်က သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း ဆိုသည်။ ဥယျာဉ်ခြံမှ မိကျောင်းလှောင်းရွာသို့ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် လမ်းပိုင်းတစ်နေရာတွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ကိုထက်ထက်အောင်၏ တင်ပါးတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအချို့ ပြောဆိုသည်။ “လူနာက (ကလိန်အောင်မြို့) ဆေးရုံရောက်နေတယ်။ ဘယ်အဖွဲ့က ပစ်မှန်းတော့မသိဘူး။ အခုရက်ပိုင်း ကလိန်အောင်မှာ နယ်မြေအခြေအနေကလည်း ရှုပ်ထွေးနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ၎င်းအမျိုးသားနှစ်ဦးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခဲ့သည်ကိုမူ မသိရသေးပေ။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်မူ […]

ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်သားတစ်ဦးက ထိုင်းနိုင်ငံသား ၄ ဦးကို ကတ်ကြေးဖြင့် လိုက်ထိုး

diz_admin

March 13, 2023

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် မြန်မာအမျိုးသားတစ်ဦးက ထိုင်းအမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၂ ဦးကို ကတ်ကြေးဖြင့် လိုက်ထိုးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မတ်လ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီခွဲအချိန်ခန့်တွင် စူရတ်ဌာနီခရိုင် ကော့ဖငန်းကျွန်းရှိ အဝတ်လျှော်ဆိုင်တွင်  ယင်းသို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အသက် ၃၁ နှစ်အရွယ်ရှိ မောင်အောင်ထွေးနိုင်အမည်ရှိသော မြန်မာအလုပ်သမားသည် ၎င်းနှင့်အတူ ပင်မင်းဆိုင်တွင် အလုပ်လုပ်ကိုင်နေသော အသက် ၂၉ နှစ်အရွယ်ရှိ ထိုင်းအမျိုးသမီးတစ်ဦးကို ကြိုက်နေသော်လည်း ယင်းအမျိုးသမီးက ပြန်မကြိုက်၍ ကတ်ကြေးဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း‌ ဖော်ပြထားသည်။ ၎င်းနှင့်အတူလုပ်ကိုင်နေသော စုကန်ယားအမည်ရှိ ထိုင်းအမျိုးသမီးကို ကြိုက်နေခဲ့ခြင်းဖြစ်ပြီး လက်ဆောင်ပစ္စည်များနှင့် သူမလိုအပ်သည်များကို မကြာခဏဝယ်ပေးလေ့ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။ သို့သော်လည်း သူမသည် မြန်မာအမျိုးသား၏ ခံစားချက်ကို လက်ခံမပေးဘဲ […]

မြိတ်စက်မှုဇုန်တွင် ယခုရက်ပိုင်းအတွင်း ဆက်တိုက်လုယက်ခံရ

diz_admin

March 13, 2023

မြိတ်မြို့၊ အင်းလေးမြိုင်စက်မှုဇုံအတွင်း ယခုရက်ပိုင်းအတွင်း ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှု ဆက်တိုက်ဖြစ်လာကြောင်း ရပ်ကွက်နေသူများထံမှ သိရသည်။ ဗင်းန်တော့ကုမ္ပဏီအနောက်ဘက်လမ်းတွင် မတ်လ ၉ရက် ည ၈နာရီဝန်းကျင်က ဆိုင်ကယ်လုယက်ခံရပြီး မတ်လ ၁၁ရက် ည ၉နာရီဝန်းကျင်တွင်လည်း လက်ကိုင်ဖုန်းလုယက်ခံရကြောင်း ကုမ္ပဏီအနီးနေထိုင်သူများနှင့် ဝန်ထမ်းများက ပြောသည်။ မတ်လ ၉ရက် ည ၈ နာရီခန့်က ကုမ္ပဏီသို့ ထမင်းချိုင့်ပို့ရန်လာသည့် အသက် ၆၀ ကျော်အရွယ် အမျိုးသားတဦးကို ဗင်းန်တေ့ခ်ျ ကုမ္ပဏီအနောက်လမ်းတွင် ဆိုင်ကယ်နှစ်စီးနှင့် လူငယ်သုံးဦးက လမ်းပိတ်ဟန့်တားပြီး ဓားထောက် ခြိမ်းခြောက်ကာ ဆိုင်ကယ်အား လုယူမောင်းပြေးသွားကြောင်း ၎င်းတို့က ဆိုသည်။ ယင်းနောက် မတ်လ ၁၁ ရက်ည ၉ နာရီဝန်းကျင်တွင်လည်း ယင်းလမ်း၌ မြေးအဖိုးနှစ်ဦး လမ်းလျှောက်လာစဉ် လူငယ်တစ်ဦးက […]

ရေဖြူ ဇာဒီရွာအနီး စစ်ကောင်စီတပ် တောနင်းရှာ၊ နေအိမ်တစ်လုံးလည်း ပိတ်သိမ်းခံရ

diz_admin

March 13, 2023

ရေဖြူမြို့နယ် ဇာဒီကျေးရွာနှင့် ကျောက်ထရံရွာအကြား သီရီမင်္ဂလာဘုန်းကြီးကျောင်းအနီးရှိ ဥယျာဉ်ခြံများနှင့် တောစပ်များ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယနေ့ မတ်လ ၁၃ရက် နံနက်ပိုင်းတွင် တောနင်းရှာဖွေနေကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇာဒီကျေးရွာအတွင်း မောရဝတီရေတပ်က စစ်ကောင်စီတပ်သားများ လှည့်ပတ်သွားလာနေပြီး ရွာအထွက်ဂိတ်တွင်လည်း စစ်ဆေးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ မတ်လ ၁၂ ရက်က ဇာဒီကျေးရွာတွင် ပျူစောထီးအဖွဲ့ဝင်ဟုဆိုသူ ဦးလားလား၏နေအိမ်အား အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ပစ်ခတ်ခဲ့သည်။ ယင်းနောက် ကျေးရွာအနီးဝန်းကျင်တွင် စစ်ဆေးတင်းကျပ်လာပြီး ဒေသခံသုံးဦးလည်း ဖမ်းဆီးခံထားရသည်။ ဦးလားလားနေအိမ် ပစ်ခတ်ခံရသည့်နေ့က ဇာဒီကျေးရွာအနောက်ကုန်းရပ်ကွက်ရှိ ဦးဝင်းဘိုနှင့် ဒေါ်မိစုကမ်းတို့ နေအိမ်ကို စစ်ကောင်စီတပ်သားများရောက်ရှိလာပြီး သော့ခတ်ပြီး ပိတ်သိမ်းသွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ သော့ခတ်ပိတ်သိမ်းသွားသည့်နေအိမ်တွင်မူ လူမနေတော့သည်မှာ တစ်လခန့်ရှိနေပြီဖြစ်ကြောင်းဆိုသည်။ သော့ခတ်ပိတ်သိမ်းခံရသည့်နေအိမ်ပိုင်ရှင်၏သားဖြစ်သူမှာ ဖမ်းဆီးခံရဖူးပြီး ပြန်လွတ်လာခဲ့သူဖြစ်ကြောင်း ၎င်းဒေသခံက ပြောသည်။ […]

ထိုင်းသို့ တရားမဝင်လာသဖြင့် မြန်မာလုပ်သား ၅၀ ကျော် ဖမ်းဆီးခံရ

diz_admin

March 13, 2023

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သဖြင့် သုံးရက်အတွင်း မြန်မာအလုပ်သမား ၅၀ ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရသိရသည်။ စူဖန်းဘူရီခရိုင် ဘန့်ပလားမားဒေသရှိ အဝေးပြေးလမ်းမပေါ်တွင် ပစ်ကပ်ကားတစ်စီးပေါ် လိုက်ပါလာသော တရားမဝင် မြန်မာအလုပ်သမား ၁၃ ဦးကို မတ်လ ၁၂ ရက် နေ့လည်ပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည်။ ဘန်ကောက်သို့ ဦးတည်နေသည့် ယင်းပစ်ကပ်ကားမှာ လိုင်စင်နံပါတ်ပြားမတပ်ထားသည့်အပြင် ကားအနောက်ပိုင်းကို ကင်းဗက်အနက်ရောင်ပိုင်းဖြင့် ဖုံးထားသည်ဟု ဆိုသည်။ တရားမဝင် အလုပ်သမားများ တင်ဆောင်လာနိုင်သည်ဟု သံသယရှိသဖြင့် အမြန်လမ်းရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေး ခဲ့ရာမှ မြန်မာအလုပ်သမား အမျိုးသား ကိုးဦးနှင့် အမျိုးသမီး လေးဦးတို့ကို ဖမ်းမိကြောင်း ဖော်ပြသည်။ မြန်မာအလုပ်သမားများကို တစ်ဦးလျှင် ဘတ် ၂၀၀၀ ဖြင့် တာခ့်ခရိုင် နောင်ဘိုတိုင်ဒေသမှတစ်ဆင့် ဘန်ကောက်သို့ ပို့ဆောင်ပေးရန် […]