ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

The Lady ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ခဲ့သော မီရှယ်လ်ယို အော်စကာဆု ဆွတ်ခူး

diz_admin

March 13, 2023

The Lady ရုပ်ရှင်ဇာတ်ကား၌ ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ခဲ့သော မီရှယ်လ်ယို သည် အော်စကာဆုကို ဆွတ်ခူးရယူကာ အာရှသရုပ်ဆောင်မင်းသမီးများအနက်မှနေ၍ အော်စကာဆု ဆွတ်ခူးရယူနိုင်သော ပထမဆုံးအမျိုးသမီးအဖြစ် စံချိန်ရေးထိုးသွားခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။ မီရှယ်လ်ယိုသည် Everything Everywhere All At Once ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို ဆွတ်ခူးသွားနိုင်ခဲ့ခြင်းဖြစ်ကာ အော်စကာဆု ပေးအပ်ချီးမြှင့်သည့် ၉၅ နှစ်တာကာလ သက်တမ်းအတွင်း မီရှယ်လ်ယိုမှာ အာရှတိုက်ဖွား အမျိုးသမီးသရုပ်ဆောင်များအနက်မှနေ၍ အော်စကာဆုရရှိသည့် ပထမဆုံး အမျိုးသမီးသရုပ်ဆောင်အဖြစ် မှတ်တမ်းဝင်သွားခဲ့ခြင်းလည်းဖြစ်သည်။ မီရှယ်လ်ယိုနှင့်အတူ အာရှတိုက်ကိုယ်စားပြု အမျိုးသားသရုပ်ဆောင်တစ်ဦးဖြစ်သည့် ကေဟွီကွမ်းကလည်း အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိသွားခဲ့သည့်အတွက် အာရှတိုက်ကိုယ်စားပြု သရုပ်ဆောင်နှစ်ဦး အော်စကာရရှိသည့်နှစ်လည်း ဖြစ်သွားခဲ့သည်။ ကေဟွီကွမ်းသည် အာရှတိုက်ကိုယ်စားပြု အမျိုးသားသရုပ်ဆောင်များအနက်မှနေ၍ အော်စကာဆုကို ပထမဆုံး ဆွတ်ခူးရယူနိုင်သည့် အမျိုးသားသရုပ်ဆောင်ဖြစ်သွားခဲ့ကာ မီရှယ်လ်ယိုမှာ မလေးရှားနိုင်ငံသူ၊ ကေဟွီကွမ်းမှာ […]

ဇာဒီရွာတွင် ပျူစောထီးဆိုသူ၏နေအိမ်ပစ်ခတ်ခံရပြီးနောက် ရွာသားသုံးဦးဖမ်းဆီးခံရ

diz_admin

March 12, 2023

ရေဖြူမြို့နယ် ဇာဒီကျေးရွာအုပ်စု သစ်လှတောရပ်ကွက်ရှိ ပျူစောထီးအဖွဲ့ဝင်ဟုဆိုသူ ဦးလားလား၏ နေအိမ် ယနေ့ မတ်လ ၁၂ ရက် နံနက် ၇နာရီဝန်းကျင်တွင် ပစ်ခတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ “မနက်စောစော အိမ်ကိုလာပစ်ကြတာ။ ဦးလားလားက ထွက်ပြေးသွားတော့ လူတော့မထိဘူး” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။ ဦးလားလားသည် ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး ၂၀၂၂ ခုနှစ် ဩဂုတ်လက ကံပေါက်နယ်မြေရဲစခန်းမှ ရေဖြူမြို့သို့ ရုံးချိန်းဆင်းသည့်ကား မိုင်းဆွဲခံရစဉ်က ပါဝင်ခဲ့သူဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ မိုင်းဆွဲတိုက်ခိုက်ခံရစဉ်က ဒဏ်ရာရရှိခဲ့သဖြင့် မောရဝတီ ရေတပ်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ဖူးကြောင်း ဆိုသည်။ ၎င်းအား မည်သည့်အဖွဲ့က လာရောက်ပစ်ခတ်ခဲ့သည်ကိုမူ မသိရသေးပေ။ ဦးလားလားနေအိမ် ပစ်ခတ်ခံရပြီးနောက် ယနေ့ နေ့လယ်ပိုင်းတွင် ဇာဒီကျေးရွာက ကျန်းမာရေးမှူးဟောင်း ဦးအောင်မင်း၊ သစ်လှတောရပ်ကွက်မှ ဒေါ်အောင်မဲနှင့် ၎င်း၏တူတော်စပ်သူ […]

ကျောင်းနိမ့်ရွာ လက်နက်ကြီးပစ်ခတ်ခံရပြီး ကလေးတစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရ

diz_admin

March 12, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောင်းနိမ့်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကလေးငယ် တစ်ဦး အပါအဝင် ငါးဦးဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ မတ်လ ၁၂ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က ပုလောမြို့ရှိ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရကြောင်း ၎င်းတို့က ပြောသည်။ “ဒရုန်းနဲ့အရင် လာကြည့်ပြီး သိပ်မကြာဘူးပစ်တယ်။ ဒဏ်ရာရတဲ့ အမျိုးသားလေးယောက်မှာ ကလေးတစ်ဦးပါတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ လက်နက်ကြီးကျည်ထိမှန်ကာ နေအိမ်ငါးလုံးလည်း ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများက ဆိုသည်။ နန်းတောင်၊ ကျောင်းနိမ့်၊ မှော်မိ၊ ဂျင့်ဂါ အုပ်စုဖက်သို့ စစ်ကောင်စီတပ်က ရိက္ခာဆန်ဆီ ဖြတ်တောက်ထားပြီး တိုက်ပွဲမဖြစ်ဘဲလည်း လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်လေ့ရှိကြောင်း ဒေသခံများက […]

ကလိန်အောင်မြို့အပါအဝင် အနီးဝန်းကျင်ရွာသုံးရွာက ဒေသခံအနည်းဆုံးလေးဦး အဖမ်းခံရ

diz_admin

March 12, 2023

ရေဖြူမြို့နယ် ကလိန်အောင်မြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာ‌သုံးရွာက ဒေသခံများ၏ နေအိမ်ကို ယနေ့ မတ်လ ၁၂ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးပြီး ဒေသခံအနည်းဆုံးလေးဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံတို့ထံမှ စုံစမ်းသိရသည်။ ကလိန်အောင်မြို့ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်၊ မိကျောင်းလှောင်ရွာသစ်၊ ဇင်းဘာရွာ၊ ကျောက်ရှပ်ကျေးရွာအုပ်စု နွယ်လီရွာ စသည့် ကျေးရွာတို့မှ နေအိမ်အချို့ကို စစ်ကောင်စီတပ်က ဝင်ရောက် စစ်ဆေးခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ယနေ့ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် စစ်ကောင်စီတပ်က ကားသုံးစီးဖြင့် ဝင်ရောက်စစ်ဆေးခြင်းဖြစ်သည်ဟု ဆိုသည်။   အဖမ်းခံရသူများမှာ ကလိန်အောင်မြို့ အမှတ် ၂ ရပ်ကွက်မှ အသက် ၁၉ နှစ်အရွယ် မသူသူ၊ မိကျောင်းလှောင်ရွာသစ်မှ ကိုကျော်သူထွေး […]

လောင်းလုံး ကျောက်ဆင်ရွာအုပ်စုကို စစ်ကြောင်းထပ်ဝင်၊ နေအိမ်ဆယ်လုံးထက်မနည်းဖျက်ဆီးခံရ

diz_admin

March 12, 2023

လောင်းလုံးမြို့နယ် ငါးရွာအုပ်စုဟုခေါ်သည့်‌‌ ကျောက်ဆင်ကျေးရွာအုပ်စုကို စစ်ကြောင်းထပ်မံဝင်ရောက်လာပြီး နေအိမ်ဆယ်လုံးထက်မနည်း ဖျက်ဆီးခံရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။ ယင်းကျေးရွာအုပ်စုတွင် ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီး၊ ကရင်ကြီး၊ ကမ်းပနီရွာ စသော ရွာငါးရွာပါဝင်သဖြင့် ငါးရွာအုပ်စုဟု ခေါ်ဝေါ်ကြသည်။ မတ်လ ၆ရက်က ကရင်ကြီးရွာရှိ ပျူစောထီးအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ရေလမ်း၊ ကုန်းလမ်းတို့မှ နှစ်ဖက်ညှပ်ပြီး ပစ်ခတ်ဝင်ရောက်ခဲ့သည်။ ကရင်ကြီး‌ပျူစောထီးခေါင်းဆောင်ကို လာရောက်ခေါ်ယူသွားရာ ကရင်ကြီးရွာသားနှစ်ဦးမှာလည်း စစ်ကောင်စီတပ်နှင့် လိုက်ပါသွားကြောင်း ဒေသခံတို့က ဆိုသည်။ ယင်းနောက် မတ်လ ၁၁ ရက်မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်း တစ်ပတ်အတွင်း ဒုတိယအကြိမ် ထပ်မံဝင်ရောက်လာကြောင်း ဒေသခံတို့က ပြောသည်။ မတ်လ ၁၁ရက် မွန်းလွဲပိုင်းက လောင်းလုံးမြို့နယ် တောရှည်ရွာ တောမိုးတောင်အနောက်ဘက်မှဝင်ရောက်လာသည့် စစ်ကြောင်းသည် ယင်းနေ့ညပိုင်းတွင် ကရင်ကြီးရွာနှင့် […]

မြိတ်မြို့တွင် ပုလောဘက်က စစ်ဘေးရှောင်များစာရင်း လိုက်ကောက်

diz_admin

March 12, 2023

မြိတ်မြို့ပေါ်ရပ်ကွက်တို့ရှိ နေအိမ်တို့တွင် ပုလောဘက်က စစ်ဘေးရှောင်လာသူတို့အား မတ်လ ၁၁ ရက်က စစ်ကောင်စီဘက်က စာရင်းလိုက်လံကောက်ယူနေကြောင်း ရပ်ကွက်နေသူတို့ထံမှ သိရသည်။ တိုက်ပွဲများ ဖြစ်ပေါ်နေသည့် ပလမြို့မှ တိုရွာ၊ ပလရွာ၊ ပုလောမြို့နှင့်ကျေးရွာနေသူတို့ စစ်ရှောင်လာပြီး မြိတ်မြို့ရှိ အသိမိတ်ဆွေ၊ ဆွေမျိုးတို့နေအိမ်တွင် တည်းခိုနေထိုင်နေကြကြောင်း မြို့ပေါ်ရပ်ကွက်နေသူတို့က ပြောသည်။ ယင်းသို့ နေထိုင်နေသူများကို သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးဘက်က စာရင်းလိုက်ကောက်ယူနေကြောင်း ၎င်းတို့က ဆိုသည်။ “အိမ်မှာ ဧည့်သည်ရှိတာ ဧည့်တိုင်ထားပြီးပြီ။ ပုလောဘက်ကလူတွေရှိလားဆိုပြီး စာရင်းပြန်လာကောက်သေးတယ်” ဟု မြို့ပေါ်ရပ်ကွက်တစ်ခုရှိ နေအိမ်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။ ပုံမှန်အားဖြင့် နေအိမ်တို့တွင် လာရောက်တည်းခိုနေထိုင်သူတို့အား သက်ဆိုင်ရာ ရပ်ကွက် နေအိမ်လမ်းရှိ ရာအိမ်မှူးတို့ထံတွင် ဧည့်စာရင်းတိုင်ကြားရလေ့ရှိကြောင်း ရပ်ကွက်နေသူအချို့က ပြောသည်။ “ရပ်ကွက်လူကြီးတွေ စာရင်းလိုက်ကောက်နေကြတာ။ အုပ်ချုပ်ရေးမှူးရုံးကို ပြန်ပို့ပေးရတာလို့ ပြောတာပဲ” […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

March 11, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ်လ ၅ ရက်နေ့ မှ မတ်လ ၁၁ ရက်နေ့အထိ အရပ်သားများတိုက်ခိုက်ခံရမှုပိုဆိုးရွားလာသည်ဟု ကုလလူ့အခွင့်အရေးမဟာမင်းကြီးပြော မြန်မာနိုင်ငံ၌ အာဏာသိမ်းကာလ ဒုတိယနှစ်တွင် အရပ်သားပြည်သူများအပေါ် တိုက်ခိုက်သတ်ဖြတ် မီးရှို့မှုများ ပိုမိုဆိုးရွားလာကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Volker Türk က ပြောဆိုလိုက်သည်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် မတ်လ ၆ ရက်က ပြုလုပ်သည့် ၅၂ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ညီလာခံတွင် ပြောဆိုခြင်းဖြစ်သည်။ ဒုတိယနှစ်ကာလတွင် စစ်ကောင်စီတပ်က အရပ်သားများနေထိုင်ရာ ရပ်ရွာများကို လေကြောင်းဖြင့်တိုက်ခိုက်မှု ၁၄၁ ရာခိုင်နှုန်း၊ ကျေးရွာနှင့် နေအိမ်များကို မီးရှို့မှု ၃၈၀ ရာခိုင်နှုန်း၊ နေအိမ်ပျက်စီးမှု ၁၂၀၀ […]

သဘော့ဆိပ်ဘက် စစ်ကြောင်းဝင်မည်ဆိုသည့်သတင်းကြောင့် ဒေသခံများ ထွက်ပြေး

diz_admin

March 11, 2023

လောင်းလုံးမြို့နယ် သဘော့ဆိပ်ကျေးရွာ အရှေ့ဘက်တောင်ကြောမှ စစ်ကောင်စီတပ်များ ဝင်လာနေသည်ဟု ယနေ့ (မတ် ၁၁) မွန်းလွဲပိုင်းတွင် သတင်းထွက်ပေါ်နေသည့်အတွက် ရွာခံများဘေးလွတ်ရာသို့ ထွက်ခွာနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ယနေ့မွန်းလွဲပိုင်းတွင် လောင်းလုံးမြို့နယ် တောရှည်ရွာ တောင်မိုးတောင် အနောက်ဘက်ခြမ်းမှ သဘော့ဆိပ်ပြင်ကြီးရွာဘက်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအပြည့် ရောက်ရှိနေသည်ဟု သတင်းကြားရကြောင်း ဒေသခံများကဆိုသည်။ ယင်းကြောင့် သဘော့ဆိပ်၊ပြင်ကြီးဒေသခံများ ဘေးလွတ်ရွာသို့ ထွက်ခွာနေသည်ဟု သဘော့ဆိပ်ရွာခံတစ်ဦးက ပြောသည်။ “အဲဒီသတင်း ကြားရတယ် အခုရွာထဲကတော်တော်များ ထွက်ခွာနေကြတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ ပြီးခဲ့သည့်မတ်လ ၆ ရက်နေ့က ကရင်ကြီးရွာ၊ ပျူစောထီး စခန်းတိုက်ခိုက်ခံရသည့်အတွက်ကြောင့် စစ်ကောင်စီတပ်က အဆိုပါလမ်းကြောင်းကို အသုံးပြုပြီး လက်နက်ကြီးဖြင့် ပစ်ခတ်စစ်ကူပေးခဲ့သည်။ အဆိုပါလက်နက်ကြီး ကျရောက်သည့် သဘော့ဆိပ်၊ပြင်ကြီး၊ ကရင်ကြီး၊ကမ်းပနီ၊ကျောက်ဆင် ‌စသည့် ကျေးရွာငါးရွာမှဒေသခံများ ဘေးလွတ်ရာထွက်ပြေးခဲ့ရသည်။ […]