BREAKING
October 30, 2025

သတင်း

လောင်းလုံးမြို့နယ်တွင်ပြုလုပ်သော အာဇာနည်နေ့ အခမ်းအနား

Dawei Watch

July 19, 2025

ယနေ့ ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်သော ၇၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို လောင်းလုံးမြို့နယ်တွင် ကျင်းသည်။ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ပြီး “အာဇာနည်တို့မျှော်ရည်ချက် လုထုအားနဲ့ ဆက်ချီတက်” ဘန်နာကိုင်ဆွဲကာ လမ်းလျှောက်ချီတက်ကြသည်။ ထို့နောက် ကျောင်းသားသမဂ္ဂအလံအား အလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်နှင့်တကွ အာဇာနည် ၉ ဦး အား အလေးပြုခြင်း၊ နွေဦးတော်လှန်ရေးအပါအဝင် ခေတ်အဆက်ဆက် အာဏာရှင်တော်လှန်ရေးတွင် ကျဆုံးသွားသူများအား အလေးပြုခြင်း၊ လွမ်းသူပန်းခွေချခြင်းတို့ ပြုလုပ်ကြသည်။

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

July 19, 2025

ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင် ၁၂ မှ ၁၈ ရက်အထိ ပျက်ကျခဲ့သော အိန္ဒိယလေကြောင်းလိုင်း၏ လေယာဉ်ဆီခလုပ်ကို လေယာဉ်မှူးများ ပိတ်နိုင်ဟု အမေရိကန်ဆို ပျက်ကျခဲ့တဲ့ Air India လေကြောင်းလိုင်းပိုင် ဘိုးအင်း 787 လေယာဉ်ရဲ့ ဆီခလုပ်တွေကို လေယာဉ်မှူးက ပိတ်လိုက်တာ ဖြစ်နိုင်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ကနဦး ကောက်ချက်ချထားပါတယ်။ လေယာဉ်မှူးက ခလုတ်တွေပိတ်လိုက်တယ်လို့ အတိအကျ မပြောနိုင်သေးပါဘူး။ လေယာဉ်ပေါ်က အသံမှတ်တမ်းအရ မပိတ်ပါဘူး လို့ ငြင်းတဲ့ လေယာဉ်မှူးကပဲ ပိတ်ချခဲ့တာ ဖြစ်နိုင်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ကနဦး ကောက်ချက်ချထားတာပါ။ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဆဲဖြစ်ပြီးတော့ ကောက်ချက်ချဖို့ စောနေသေးတယ်လို့ အိန္ဒိယ စုံစမ်းရေးအဖွဲ့ဘက်ကတော့ တုံ့ပြန်ထားပါတယ်။ […]

လောင်းလုံးတွင် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုဖြင့် တော်လှန်ရေးအဖွဲ့ဝင်နှစ်ဦး ဖမ်းဆီး အရေးယူ

Dawei Watch

July 18, 2025

လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းလက်အောက်ရှိ တပ်ခွဲတစ်ခုက တပ်ဖွဲ့ဝင်တစ်ဦးတို့သည် အမျိုးသမီးနှစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုဖြင့် ဖမ်းဆီးခြင်း၊ အရေးယူခြင်းများ လုပ်ဆောင်ထားကြောင်း စုံစမ်းသိရသည်။ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းတို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ရှိ အဖွဲ့များဖြစ်သည်။ လောင်းလုံးမြို့နယ် ကျေးရွာတစ်ရွာရှိ ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ အိမ်ထောင်ရှင် အသက် ‌၄၀ ကျော် အရွယ်အမျိုးသားသည် အသက် ၂၄နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ဇွန်လ ၆ ရက်က လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ကြောင်း အမျိုးသမီး၏ မိသားစုထံမှ သိရသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းအောက်ရှိ ချေမှုန်ရေးတပ်ခွဲ ၇ (လောင်းလုံးကျွန်းဆွယ်တပ်ဖွဲ့) က အသက် ၅၀ ကျော်အရွယ် တပ်ဖွဲ့ဝင်တစ်ဦးသည်လည်း အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးအပေါ် ဇူလိုင်လ […]

မြိတ်တွင် လုယက်မှုများကြောင့် မြို့ခံများအပြင်မထွက်၍ ညပိုင်းစျေးရောင်းသူများ ခက်ခဲ

Dawei Watch

July 18, 2025

မြိတ်မြို့တွင် လုယက်မှု၊ လူသတ်မှုများ ဆက်တိုက်ဖြစ်ပွားလာနေ၍ မြို့ခံများ ညဘက်အပြင်မထွက်ရဲကြသဖြင့် ညဈေးရောင်းသူများ အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ လွန်ခဲ့သည့် ရက်သတ္တပတ်က မြိတ်မြို့ တည်းခိုခန်းမန်နေဂျာနှင့် ကျောင်းဆရာတို့ လုယက်သတ်ဖြတ်ခံရသည့်အပြင် ညဘက် လူပြတ်သည့်နေရာများတွင် လုယက်မှုများလည်း မကြာခဏဖြစ်ပွားလျက်ရှိသည်။ “အစ်မတို့ဆိုင်က အရင်ကဆိုရင် ည ၉ ခွဲလောက်အထိ ဧည့်သည်တွေလာကြတယ်။ ဒီလုယက်မှုတွေ ဖြစ်ပြီးတဲ့နောက်ပိုင်း ၇ ခွဲလောက်ဆို ပြန်ကြပြီ။ ရုံးသမားတွေ အလုပ်ပြန်ချိန် ညဘက်လာကြတယ်။ အခုဆို သူတို့ညဘက် မလာရဲကြတော့ဘူးဆိုတော့ ရောင်းအားကျသွားတယ်။ ဆိုင်ရောင်းအားရဲ့ ၃ ပုံ ၁ ပုံလောက်ကျသွားတယ်” ဟု မြိတ်မြို့ပေါ် စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ မြိတ်မြို့၏ အထင်ကရနေရာတစ်ခုဖြစ်ပြီး ညဘက်စည်ကားနေလေ့ရှိသော ကမ်းနားလမ်းဘက်တွင်လည်း ည ၈ နာရီနောက်ပိုင်း လူသွားလူလာ ကျဲသွားသည့်အတွက် […]

ရက်ပ်အဆိုတော် စနူပ်ဒေါ့ဂ် ဆွမ်ဆီးအသင်းရဲ့ ပူးတွဲပိုင်ရှင် ဖြစ်လာ

Dawei Watch

July 18, 2025

နာမည်ကျော် ရက်ပ်အဆိုတော် စနူပ်ဒေါ့ဂ်ဟာ ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးစီးတီးအသင်းရဲ့ ရှယ်ယာအနည်းငယ်ကို ဝယ်ယူပြီး အသင်းရဲ့ ပူးတွဲပိုင်ရှင်နဲ့ ရင်းနှီးမြှုပ်နှံသူအဖြစ် ရပ်တည်လိုက်ပြီလို့ BBC က ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ဆွမ်ဆီးအသင်းဟာ ၂၀၂၅-၂၆ ဘောလုံးရာသီအတွက် အိမ်ကွင်းဝတ်စုံကို မိတ်ဆက်ခဲ့ပြီး အဲ့ဒီလို မိတ်ဆက်မှုမှာ စနူပ် ဒေါ့ဂ် ကို မော်ဒယ်လ်အဖြစ် မမျှော်လင့်ဘဲ မြင်တွေ့ခဲ့ရပါတယ်။ အခုတော့ အသက် ၅၃ နှစ်အရွယ် အမေရိကန်ကြယ်ပွင့် စနူပ် ဒေါ့ဂ် ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ခရိုအေးရှားဂန္ထဝင်ကစားသမား မိုဒရစ်ရဲ့လမ်းစဉ်နောက်ကို လိုက်ပါပြီး ကလပ်ရဲ့ ပိုင်ရှင်အဖွဲ့ဝင်အဖြစ် ပါဝင်လာပြီလို့ ဆွမ်ဆီးအသင်းက တရားဝင်ကြေညာချက်ထုတ်ပြန်ထားပြီလည်းဖြစ်ပါတယ်။ ဆွမ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ဧပြီလကတည်းက မိုဒရစ်ဟာ ကလပ်ရဲ့ ရှယ်ယာတွေကို ဝယ်ယူခဲ့ကြောင်း သတင်းထုတ်ပြန် ကြေညာခဲ့ပါတယ်။ အေစီမီလန်နဲ့ […]

စစ်ကောင်စီတပ်သားများအနီး မနေကြရန် ပြည်သူများကို KNU သတိပေး

Dawei Watch

July 18, 2025

စစ်ကောင်စီတပ်စခန်း၊ ဂိတ်နှင့် စခန်းချထားသည့် နေရာအနီး မနေကြရန် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄) အထူးတပ်ဖွဲ့က ဇူလိုင်လ ၁၇ ရက်က သတိပေးချက်ထုတ်ပြန်လိုက်သည်။ စစ်ရေးအရှိန်မြှင့်တင်ရန်ရှိနေသည့်အတွက် စစ်ကောင်စီတပ်စခန်း၊ ဂိတ်နှင့် စခန်းချတပ်စွဲထားသည့် နေရာအနီးတွင် မနေကြရန်နှင့် နီးကပ်နေပါက နေရာရွှေ့ပြောင်း နေထိုင်ကြရန် ထုတ်ပြန်ချက်တွင် ပါရှိသည်။ စစ်ကောင်စီတပ်ဖွဲ့များကို ဝင်ရောက်တိုက်ခိုက်ချိန်တွင် နေရာရွေ့မပြောင်းရွေ့ဘဲ နေထိုင်သူများ ထိခိုက်မှုရှိလာပါက တာဝန်ယူမည်မဟုတ်ကြောင်းလည်း ဖော်ပြထားသည်။ ယင်းအပြင် စစ်ကောင်စီကို ပံ့ပိုးကူညီခြင်း၊ သတင်းပေးခြင်း၊ ရိက္ခာထောက်ပံ့ခြင်းစသည့် ကူညီမှုများ မပြုလုပ်ရန် အထူးတားမြစ်ကြောင်းလည်း ဖော်ပြထားသည်။ အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ-NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းကလည်း စစ်ရေးအရှိန်မြှင့်လုပ်ဆောင်မည်ဖြစ်သဖြင့် စစ်ကောင်စီတပ်စခန်းချရာ နေရာများနှင့် နီးနီးကပ်ကပ် မနေကြရန်နှင့် ဗုံးခိုကျင်းများတူးထားကြရန် သတိပေးချက် ထုတ်ပြန်ထားသည်။

ယူကရိန်းသမိုင်းတွင် ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ် ပေါ်ပေါက်

Dawei Watch

July 18, 2025

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇလန်းစကီး၏ အစိုးရအဖွဲ့ ပြောင်းလဲဖွဲ့စည်းမှုတွင် ယူလီယာဆီပရင်ဒင်မှာ ယူကရိန်းသမိုင်းတစ်လျှောက် ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာသည်။ ယင်းမှာ ၁၅ နှစ်ကျော်ကာလအတွင်း ယူကရိန်းတွင် အမျိုးသမီးဝန်ကြီးချုပ်တစ်ဦး ပထမဆုံးအကြိမ် ပြန်လည်ထွက်ပေါ်လာခြင်း ဖြစ်သည်။ အသက် ၃၉ နှစ်အရွယ် ယူလီယာဆီပရင်ဒင်ကိုသည် ယခင်အစိုးရအဖွဲ့တွင် ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။ ယင်းရာထူးတာဝန်များကြောင့် သူမသည် သမ္မတဒေါ်နယ်ထရမ့်၏ အမေရိကန်အစိုးရနှင့် အနီးကပ် ထိတွေ့ဆက်ဆံခဲ့ရသည်။ ယခင်ဝန်ကြီးချုပ် ဒန်းနစ်ရှမီဟားသည် ၂၀၂၀ ခုနှစ်ကတည်းက ဝန်ကြီးချုပ်တာဝန်ယူလာခဲ့သူ ဖြစ်ပြီး လက်ရှိတွင် ကာကွယ်ရေးဝန်ကြီးဌာနကို တာဝန်ယူဦးစီးသွားမည် ဖြစ်သည်။ ကာကွယ်ရေးဝန်ကြီးဌာနသည် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံများဖြင့် လုံးပန်းနေရသည့် ဝန်ကြီးဌာနတစ်ခုဖြစ်ကြောင်း နိုင်ငံတကာသတင်းများက ဖော်ပြသည်။ ယူလီယာဆီပရင်ဒင်ကိုအား ဝန်ကြီးချုပ်သစ်အဖြစ် ကြာသပတေးနေ့က ယူကရိန်းလွှတ်တော်တွင် အတည်ပြုခဲ့သည်။ ယူလီယာဆူပရင်ဒင်ကိုသည် […]

ကလေးမီးဖွားခွင့် ရက် ၁၂၀ အထိ ခံစားခွင့်ပြုရန် ထိုင်းအောက်လွှတ်တော် အတည်ပြု

Dawei Watch

July 18, 2025

ထိုင်းနိုင်ငံတွင် ကလေးမီးဖွားခွင့်အတွက် အမျိုးသမီးအလုပ်သမားများကို ခွင့် ၁၂၀ ရက်အထိ ခံစားခွင့်ပြုမည့် ဥပဒေမူကြမ်းတစ်ရပ်ကို အောက်လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ထို့အပြင် ကလေးထိန်းရန် ဖခင်ဖြစ်သူ သို့မဟုတ် အိမ်ထောင်ဖက် အမျိုးသားကိုလည်း ခွင့်ရက် ၁၅ ရက် ခံစားခွင့်ပြုရန် အတည်ပြုထားသည်။ ကလေးမီးဖွားခွင့်ရက်များ တိုးမြှင့်သတ်မှတ်ရေးအပါအဝင် အလုပ်သမား ဥပဒေမူကြမ်းကို ဇူလိုင်လ ၁၆ ရက်နေ့က အောက်လွှတ်တော်တွင် ဆွေးနွေးခဲ့ပြီးနောက် ထောက်ခံမဲ ၄၁၆ မဲဖြင့် ကန့်ကွက်သူမရှိ အတည်ပြုလိုက်ခြင်းဖြစ်သည်။ မီးဖွားခွင့်ရက်ကို မိခင်များက ယခင်က ခွင့်ရက် ၉၈ ရက်ခံစားခွင့်ရရှိနေပြီး ယခုအတည်ပြုလိုက်သော ဥပဒေအသစ်အရ ခွင့်ရက်ကို ၁၂၀ ရက်အထိ ခံစားခွင့် ရရှိလာမည်ဖြစ်သည်။ ထို့အပြင် ယောက်ျားဖြစ်သူ သို့မဟုတ် အိမ်ထောင်ဖက်များအနေဖြင့်လည်း ၎င်းတို့၏ […]