ကော့သောင်းတွင် မိုးသက်လေပြင်းကျပြီး နေအိမ်များ ထိခိုက်ပျက်စီး
Dawei Watch
July 20, 2025ကော့သောင်းမြို့တွင် မိုးသက်လေပြင်းကျပြီး နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးကြောင်း မြို့ခံများနှင့် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံမှ သိရသည် ။ ဇူလိုင်လ ၁၉ ရက်ညပိုင်းနှင့် ယနေ့ ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်းတို့တွင် မိုးသက်လေပြင်းကြောင့် အေးရိပ်ငြိမ်၊ အဏ္ဏဝါ၊ ရွှေဇင်ယော်နှင့် အေးမြကန်သာရပ်ကွက်တို့တွင် သစ်ပင်ကျိုးကျခြင်း၊ ဓာတ်တိုင်ကျိုးခြင်း၊ နေအိမ်ပြိုကျခြင်းနှင့် နေအိမ် ခေါင်မိုးများ ပြုတ်ထွက်ခြင်းတို့ဖြစ်ပွားကြောင်း ကော့သောင်းမြို့ခံ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည် ။ အဆိုပါနေရာများကို ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေရဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။ “လေရော မိုးရော နည်းနည်းစီတိုက်နေတုန်းပဲ။ အကြမ်းဆုံးတိုက်တာက နှစ်ကြိမ်တိုက်တယ်။ မနေ့ညက ၁၂နာရီ ၄၅ မိနစ် ဝန်းကျင်တစ်ကြိမ် ၊ အခုမနက်က ၉နာရီနဲ့ ၁၂ နာရီကြားမှာ တစ်ကြိမ်၊ အားလုံး နှစ်ကြိမ်တိုက်ခဲ့တယ်” […]


