ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဖမ်းဆီးလာသည့် နယ်ထိန်းယာဉ်မောင်း ထွက်ပြေးရန်ကြိုးစား၍ ပစ်ခတ်ရှင်းလင်းခဲ့ရဟု ထုတ်ပြန်

diz_admin

April 22, 2023

ထားဝယ်မြို့နယ် သရက်ငုတ်ရွာအနီးက PDF စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသဖြင့် ပစ်ခတ်ခံရပြီး နယ်ထိန်းသမီးနှင့် မိခင်အပါအဝင် ၃ ဦး သေဆုံးသည့် ဖြစ်စဉ်တွင် ထွက်ပြေးလွတ်မြောက်သွားသော ယာဉ်မောင်းကို ဖမ်းဆီးရမိခဲ့ကြောင်း ဥဩစစ်ကြောင်း(ထားဝယ်မြို့နယ်)က မနေ့က ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။ သို့သော် စစ်ဆေးမှုလုပ်ရန် ခေါ်ဆောင်လာချိန် လမ်းခရီးတွင် ပြန်လည်ခုခံကာ ထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ ၂၀၂၃ ခုနှစ် ဧပြီလ ၁၉ ရက် နံနက် ၈ နာရီခန့်က ထားဝယ်မှ ကျောက်မဲတောင် ရဲကင်းစခန်းဘက်သို့ မောင်းနှင်လာသည့် ဒုရဲအုပ် နယ်ထိန်းသက်ဇော်ထွန်း၏ မိခင်နှင့်သမီးဖြစ်သူလိုက်ပါလာသည့်ကားမှာ သရက်ငုတ်ရွာအနီးက PDF စစ်ဆေးရေးဂိတ်တွင် စစ်ဆေးဖို့ရပ်တန့်ခိုင်းရာ မရပ်ပေးဘဲ ကားမောင်းပြေးသဖြင့် ပစ်ခတ်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အရသိရသည်။ ယင်းသို့ ပစ်ခတ်ဖမ်းဆီးရာ ယာဉ်ပေါ်လိုက်ပါလာသူ ဟိန္ဒားပျူစောထီးအဖွဲ့ဝင် အသက် ၃၅ နှစ်အရွယ် ကိုချစ်ကိုနှင့် အသက် […]

ကမ္ဘာ့ရွှေဈေးကျနေသော်လည်း ပြည်တွင်းရွှေဈေးတက်

diz_admin

April 22, 2023

ကမ္ဘာ့ရွှေဈေးကျနေသော်လည်း ပြည်တွင်းဈေးနှုန်းမှာ အတက်ဘက်ရောက်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရသည်။ လက်ရှိကမ္ဘာ့ရွှေပေါက်ဈေးမှာ တစ်အောင်စလျှင် ဒေါ်လာ ၂၀၀၀ ကျော်မှ ၁၉၈၃ ဒေါ်လာသို့ ကျဆင်းလာကာ အကျဘက်ရောက်နေသည်။ တစ်အောင်စလျှင် ဒေါ်လာနှစ်ထောင်ကျော် ပေါက်ဈေးရှိချိန်က ပြည်တွင်းအခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် နှစ်ဆယ့်ကိုးသိန်းလေးသောင်းခန့်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ဧပြီလ ၂၂ ရက်နေ့တွင်မူ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၉၈၃ ဒေါ်လာပေါက်ဈေးရှိချိန်တွင် ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သားလျှင် နှစ်ဆယ့်ကိုးသိန်းရှစ်သောင်း ဈေးဖွင့်ထားသည်။ စစ်ကောင်စီက နိုင်ငံ့ဝန်ထမ်းများကို လစာတိုးပေးမည်ဆိုသည့်သတင်းမှာ ယခုအပတ်တွင်း ထွက်ပေါ်နေခြင်းဖြစ်သည်။ ယင်းသတင်းကြောင့်ပင် ကမ္ဘာ့ရွှေဈေးကျချိန်တွင် ပြည်တွင်းရွှေဈေး တက်လာခြင်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။ “ကမ္ဘာ့ဈေးသာတက်သွားရင်တော့ မြန်မာ့ရွှေစျေးက ပိုခုန်တက်မယ့် သဘောရှိမယ်” ဟု အဆိုပါရွှေဆိုင်ပိုင်ရှင်က ပြောသည်။ စစ်ကောင်စီ၏ စီမံ/ဘဏ္ဏာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ကမူ […]

မြိတ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ကျော်နှင့် ဘိန်းဖြူအချို့ ဖမ်းမိဟုဆို

diz_admin

April 22, 2023

မြိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ကျော်နှင့် ဘိန်းဖြူအချို့ ဖမ်းမိခဲ့ကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါးအလွဲသုံးချမှု ထိန်းချုပ်ရေးဗဟိုကော်မတီက ဧပြီလ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။ မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု၊ ရွှေပြည်တန်ရပ်ကွက် ရွှေပြည်တန်လမ်းမမီးပွိုင်အနီးတွင် ဧပြီလ ၂၀ ရက်နေ့က အသက် ၂၉ နှစ်ရှိ အမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေးပြား ၁၀၀၀၀ ဖမ်းမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးချမှု ထိန်းချုပ်ရေးဗဟိုကော်မတီက ထုတ်ပြန်ထားသည်။ ကွင်းဆက်အဖြစ် မြိတ်တောင်နယ်‌မြေ၊ ဇေယျာသီရိ ၃ ရပ်ကွက်၊ ပေါ်ဦးလမ်းသွယ်ရှိ နေအိမ်တစ်ဆောင်ကို ဝင်ရောက်ရှာဖွေခဲ့ရာ အသက် ၁၉ နှစ်ရှိ အမျိုးသမီးတစ်ဦးနှင့်အတူ စိတ်ကြွဆေးပြား ၂၂၀၀၀ ပြား၊ ဘိန်းဖြူဘလောက်တုံး အလေးချိန် ၂၇၄ ဂရမ်၊ ဘိန်းဆီခဲအလေးချိန် ၂၂၆ ဒသမ ၃၃ ဂရမ်တို့အား ထပ်မံဖမ်းဆီးမိကြောင်း […]

ထားဝယ်တွင် နေအိမ်တစ်လုံးမီးလောင်

diz_admin

April 22, 2023

ထားဝယ်မြို့ ၊ဝဲကျွန်းဆင်ဆိပ်ရပ်ကွက်၊ ရွာလယ်လမ်းတွင် ဧပြီ ၂၁ ရက်နေ့ ည ၁ဝနာရီ ၃၀ မိနစ်ခန့်က နေအိမ်တစ်လုံး မီးလောင်ခဲ့သည်ဟု ထားဝယ်ခရိုင်မီးသတ် ဦးစီးဌာန ထံမှသိရသည်။ မီးလောင်မှုကြောင့် နှစ်ထပ်အိမ် အပေါ်ထပ်သစ်သားဆောင် ပျက်စီးဆုံးရှုံးခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေ သိန်း ၂၀ နီးပါးပျက်စီးဆုံးရှုံးခဲ့ကြောင်း ထားဝယ်ခရိုင် မီးသတ်ဦးဌာနမှူး ဦးသိန်းဇော်ဝင်းက ပြောသည်။ “လျှစ်စစ်နဲ့ဘုရားမီးပူဇော်ရာကနေ အပူလွန်ကဲပြီး ဝါယာရှော့ဖြစ် လောင်ကျွမ်းတာပါ ပေါ့ဆမီးပေါ့နော်”ဟု ဦးသိန်းဇော်ဝင်းကပြောသည်။ အဆိုပါမီးကို ထားဝယ်မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေတပ်ဖွဲ့ဝင် ၂၅ ဦးနှင့် အရန်မီးသတ် ၁၀ ဦး ၊မီးသတ်ယာဉ်သုံးစီးနှင့်ရေသယ်ယာဉ် ၂စီး အပါဝင် ဇမ္ဗူသိရိအဖွဲမှ မီးသတ်ယာဉ်တစ်စီး၊လူနာတင်ယာဉ် ၁ စီးတို့ဖြင့် ပူးပေါင်းငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ ၄၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

April 22, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဧပြီ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကနေဒါလေဆိပ်မှာ ဒေါ်လာ ၁၅ သန်းခန့်တန်ဖိုးရှိ ရွှေဖောက်ထွင်းမှုတစ်ခု ဖြစ်ပွား ကနေဒါနိုင်ငံသမိုင်းမှာ ကြီးမားသော ဒေါ်လာ ၁၅ သန်းခန့် တန်ဖိုးရှိ ရွှေဖောက်ထွင်းမှုတစ်ခု တိုရွန်တိုပီယာဆင်နိုင်ငံတကာလေဆိပ် (Toronto Pearson International Airport) မှာ ဖြစ်ပွားခဲ့ပါတယ်။ ဧပြီလ ၁၇ ရက်နေ့က အမေရိကန်ဒေါ်လာ ၁၅ သန်းကျော် တန်ကြေးရှိတဲ့ ရွှေနဲ့ အဖိုးတန်ပစ္စည်းတွေ ခိုးယူခံခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောကြားလိုက်တာပါ။ ထိုလေဆိပ်က အွန်တာရီယိုပြည်နယ်မှာ တူးဖော်ရရှိတဲ့ ရွှေတွေကို ပို့ဆောင်ဖို့ အသုံးပြုနေကျ နေရာဖြစ်ပါတယ်။ အဲဒီနေ့ ညနေက လေယာဉ်ပေါ် […]

တရုတ်နှင့် တင်းမာမှုမြင့်နေသော်လည်း အမေရိကန်သမ္မတနှင့် ဖိလစ်ပိုင်ခေါင်းဆောင်တို့ တွေ့ဆုံမည်

diz_admin

April 22, 2023

ထိုင်ဝမ် ကြောင့် တရုတ် နှင့် အမေရိကန် ၊ နှစ်နိုင်ငံအကြား ပိုမိုတင်းမာနေသည့်အချိန်တွင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ဖိလစ်ပိုင်သမ္မတ ဖာဒီနန်အာ – မားကို့စ်ဂျူနီယာ ကို မေလ ၁ ရက်နေ့တွင် အိမ်ဖြူတော်၌ လက်ခံတွေ့ဆုံသွားမည် ဖြစ်သည်။ ဤတွေ့ဆုံမှုကို နှစ်နိုင်ငံကြား နွေးထွေးသော သံယောဇဉ် ပြယုဂ်အဖြစ် သတ်မှတ်ဆောင်ရွက်မည် ဖြစ်သည်။ ဘိုင်ဒင်သည် ဖိလစ်ပိုင်နိုင်ငံ၏ ကာကွယ်ရေးအတွက် အမေရိကန်၏ သံမဏိပမာ မြဲမြံသော ကတိကဝတ်ကို ထပ်မံအတည်ပြုသည့်အနေနှင့် ယခုလို လက်ခံတွေ့ဆုံမည် ဖြစ်သည်။ ယင်းတွေ့ဆုံမှုတွင်း နှစ်နိုင်ငံ ခေါင်းဆောင်များသည် ကာလရှည်ကြာ အမေရိကန်-ဖိလစ်ပိုင် မဟာမိတ်ဖွဲ့မှုကို အားကောင်းစေမည့် ကြိုးပမ်းမှုများကို ဆွေးနွေးမည်ဖြစ်ကြောင်း အိမ်ဖြူတော် ၏ ပြန်ကြားရေးအတွင်းဝန် ကာရင်းယွန်ပီးယား (Karine Jean-Pierre) […]

မီးလင်းရေးလုပ်ငန်းမှ လျှပ်စစ်မီးပုံမှန်မလာသောကြောင့် ရေကန်တောင်ရွာသားများဆန္ဒထုတ်ဖော်

diz_admin

April 21, 2023

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာတွင် ကျေးလက်မီးလင်းရေးလုပ်ငန်းဖြင့် ဖြန့်ဖြူးသည့် ဆိုလာလျှပ်စစ်မီးမှာ ပုံမှန်မလာသဖြင့် ရွာသားများ ယနေ့ လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်တောင်းဆိုကြကြောင်း ဒေသခံများက ပြောသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်သည့် မဟာဓာတ်အားလိုင်းပြင်ပ ကျေးရွာများ မီးလင်းရေးလုပ်ငန်းတွင် ရေကန်တောင်ရွာလည်း ပါဝင်ခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းလုပ်ငန်းအရ ၂၀၁၉ ခုနှစ်တွင် Techno-Hill Engineering ဆိုလာလျှပ်စစ်မီးဖြန့်ဖြူးရေးကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိပြီး ရေကန်တောင်ရွာအား ၂၄ နာရီလျှပ်စစ်မီးဖြန့်ဖြူးရန် ရွာသားများနှင့် စာချုပ်ချုပ်ဆိုလုပ်ကိုင်ခဲ့ ကြောင်း ဒေသခံများက ပြောသည်။ အဆိုပါလုပ်ငန်းကို အစိုးရ၊ ကုမ္ပဏီ၊ ကျေးရွာတို့က ထည့်ဝင်ငွေဖြင့် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ သို့သော် လျှပ်စစ်မီးမှာ လက်ရှိကာလတွင် နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီနှင့် ညပိုင်းတွင် ည ၆ နာရီမှ […]

စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်၍ ကားမောင်းလာသည့် လူငယ်သေဆုံး

diz_admin

April 21, 2023

ရေဖြူမြို့ထဲတွင် ယနေ့(ဧပြီ ၂၁) မနက်ပိုင်းက ကားမောင်းလာသည့် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်အတွက် သေဆုံးသွားကြောင်း မြို့ခံများထံမှသိရသည်။ သေဆုံးသူမှာ အသက် ၃၀ ဝန်းကျင်အရွယ်ရှိ ရေဖြူမြို့နယ်၊သစ်တိုထောင့်ရွာသား ကိုကောင်းဝေယံဦး(ခ)သားကြီးဆိုသူ ဖြစ်သည်။ ကိုကောင်းဝေယံဦးသည် ယနေ့မနက် ၁၁ နာရီ ဝန်းကျင်ခန့်က ဆေးရုံသစ်နားမှ မြို့ထဲဘက်သို့ ကားဖြင့် ထွက်လာစဉ် ရေဖြူမြို့ အနောက်ဘက်ကမ်း လမ်းဆုံးအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများက ပစ်ခတ်ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောသည်။ “သူကိုယ်ခန္ဓာမှာ ကျည်ဆန်ရာတွေချည်းပဲ စစ်ဆေးတာမရပ်ပေးလို့နဲ့ တူပါတယ်”ဟု ၎င်းမြို့ခံကပြောသည်။ သေဆုံးသူမှာ ယင်းမြိုနယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်ပြီး အလုပ်ထွက်ထားသူလည်း ဖြစ်သည်။ ကိုကောင်းဝေယံဦး၏ ရုပ်အလောင်းကို ၎င်း၏ဇာတိရွာသို့ မိသားစုက သယ်ဆောင်သွားပြီဖြစ်ကြောင်း ရေဖြူမြို့ခံများ၏ ပြောပြချက်အရသိရသည်။ တနင်္သာရီတိုင်းတွင် စစ်ဆေးရေး […]