ဘုရားမဲစစ်ဆေးရေးဂိတ်အနီးတိုက်ပွဲတွင် အရပ်သားတစ်ဦးဒဏ်ရာရ
diz_admin
April 23, 2023ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ ဘုရားမဲစစ်ဆေးရေးဂိတ်အနီး ယနေ့ ဧပြီလ ၂၃ ရက် နံနက်စောစောတွင် ဖြစ်ပွားသောတိုက်ပွဲတွင် လက်နက်ကြီးကျည်စထိမှန်ကာ အရပ်သားတစ်ဦးဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ နံနက် ၅ နာရီခွဲဝန်းကျင်ကစပြီး နံနက် ၉နာရီကျော်အထိ စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်တို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြစ် အပြန်အလှန်ပစ်ခတ်ကြကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဥယျာဉ်ခြံထဲ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲသဖြင့် ကျည်စထိမှန်ကာ ဒေသခံအမျိုးသမီးတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဒဏ်ရာကတော့ မပြင်းဘူး။ လက်နက်ကြီးအစ လာစင်တယ်၊ ခါးစောင်းမှာ ထိတယ်” ဟု ၎င်းက ဆိုသည်။ လေးနာရီကျော်ကြာဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်မှု ရှိမရှိ အခြေအနေကိုမူ မသိရသေးပေ။ အဆိုပါတိုက်ပွဲကြောင့် ရန်ကုန်-ထားဝယ် အဝေးပြေးကားအချို့ လေးနာရီခန့်ကြာ လမ်းကြောင်း […]


