ရေလှူရန်သွားသည့်ကားကို ရွှေဂူတံတားစစ်ဆေးရေးဂိတ်က ဖြတ်ခွင့်မပေးဟုဆို
diz_admin
April 24, 2023သရက်ချောင်းမြို့နယ် ညောင်ဇင်ရွာသို့ ရေသွားလှူသည့်ကားများကို ရွှေဂူတံတားရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်က ဖြတ်သန်းခွင့်မပေးဘဲ နောက်ပြန်လှည့်ခိုင်းခဲ့ကြောင်း ရေလှူသွားသူများနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ အဆိုပါရွာတွင် ရေလိုအပ်နေသည်ဟု ဖုန်းဆက်အကူအညီတောင်းခံသဖြင့် ဧပြီလ ၂၃ ရက်နေ့တွင် ထားဝယ်မြို့မှ ရေသွားလှူခဲ့ကြောင်း ရေသွားလှူသူများနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ ရေအလှူကားများကို တားမြစ်ခဲ့သည့် ရွှေဂူတံတားမှာ သရက်ချောင်းမြို့နယ်နှင့် ထားဝယ်မြို့နယ်အစပ် ရှင်မုတ္ထီးရွာနှင့် ကပ်လျက် တည်ရှိသည်။ “ရေသွားလှူတာကို ပြန်လှည့်ခိုင်းတယ်။ ဒီလိုတားတာက ရေရှားတဲ့နေရာတွေ ဒုက္ခရောက်တာပေါ့” ဟု အထက်ပါ နီးစပ်သူက ပြောဆိုသည်။ အဆိုပါစစ်ဆေးရေးဂိတ်က ဖြတ်သန်းခွင့်မပြုသည့်အကြောင်းအရင်းကို ပြောဆိုခြင်းမရှိဘဲ ပြန်လှည့်ခိုင်းခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ရေလှူဒါန်းရန် သွားသူများ၏ ဖုန်းများကိုမူ ဖွင့်စစ်ကြောင်း ၎င်းက ပြောဆိုသည်။ ဖြတ်သန်းခွင့်မပြုသဖြင့် လှည့်ပြန်ခဲ့ရပြီး ရေများကို ရေလိုအပ်သည့် […]


