သရက်ချောင်းမြို့နယ် သင်းကျွန်းရွာတွင် ထိတွေ့ပစ်ခတ်မှုဖြစ်
Dawei Watch
July 25, 2025သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်း သင်းကျွန်းရွာတွင် ဇူလိုင်လ ၂၄ ရက်နေ့က နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဇူလိုင်လ ၂၃ ရက်ညက သရက်နှစ်ခွရွာရှိ အသုဘအိမ်မှ ဖဲဝိုင်းကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ လူဆယ်ဦးကျော် အဖမ်းခံခဲ့ရကြောင်း ၎င်းတို့က ပြောသည်။ နောက်တစ်နေ့ နံနက်တွင် ဖမ်းဆီးထားသူများကို ခေါ်ဆောင်ပြီး သင်းကျွန်းရွာဘက်ကို ခြေလျင်စစ်ကြောင်းဝင်လာချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ပစ်ခတ်မှု ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့သည်ဟု ဒေသခံအချို့က ဆိုသည်။ ပစ်ခတ်မှုဖြစ်ချိန် ဖမ်းခေါ်လာသူများ ထွက်ပြေးလွတ်မြောက်ခဲ့သလို ကျန်လူများကိုလည်း သင်ကျွန်းရွာမှာ တပ်စခန်းချလိုက်သည့် စစ်ကောင်စီတပ်က ပြန်လွတ်ပေးလိုက်သည်ဟု ၎င်းတို့က ပြောသည်။ “ဟုတ်တယ် ဖမ်းခံရတာမှာ ကျွန်တော်တို့လည်းပါတယ်။ ပြန်လွတ်ပြီ၊ အားလုံးတစ်ဆယ်ကျော် လောက်ရှိတယ်” ဟု ဖမ်းခံရပြီးပြန်လွတ်လာသူ လူငယ်တစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်က […]


