ထားဝယ် ပေါက်တိုင်းရွာတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး
Dawei Watch
January 31, 2026ထားဝယ်မြို့နယ် ၊ ကျောက်ရပ်အုပ်စု ၊ ပေါက်တိုင်းရွာ ဥယျာဥ်ခြံတောစပ်တစ်နေရာတွင် ယနေ့ ဇန်နဝါရီလ ၃၁ ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦး ကြိုးဆွဲချ၍ သေဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးသူသည် ပေါက်တိုင်းရွာတွင် နေထိုင်ပြီး လယ်လုပ်ငန်းနှင့် ဥယျာဥ်လုပ်ငန်းလုပ်ကိုင်သည့် အသက် ၄၀ ဝန်းကျင်အရွယ် ဦးကျော်လေးဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဦးကျော်လေးသည် မိဘကို လုပ်ကိုင်ကျွေးမွေးနေသူဖြစ်ကြောင်း ပေါက်တိုင်းရွာသားတစ်ဦးက ဆိုသည်။ “အခုဖြစ်တာက သူ့ခြံဝင်းနဲ့ နီးနီးနားနားမှာပဲ ဖြစ်သွားတယ်” ဟု ပေါက်တိုင်းရွာသားတစ်ဦးက ပြောဆိုသည်။ ကြိုးဆွဲချသည့် အကြောင်းအရင်းကိုမူ သီးခြားအတည်မပြုနိုင်သေးပေ။ ရုပ်အလောင်းကို ထားဝယ်မြို့အခြေစိုက် ဇမ္ဗူသီရိ အရေးပေါ်ကူညီကယ်ဆယ်ရေးအသင်းက ထားဝယ်ဆေးရုံကြီးသို့ စစ်ဆေးရန်ကူညီပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါအသင်းထံမှ သိရသည်။ ဇန်နဝါရီလ ၁၅ ရက်ကလည်း ထားဝယ်မြို့ ကညုံရပ်ကွက် […]


