နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ စိုးရိမ်ရသည့် အနေအထားရောက်နေ
Dawei Watch
February 2, 2026စစ်ပွဲ၏ ဆိုးကျိုးများကို ကန့်သတ်ရန် ရည်ရွယ်သည့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေမှာ အလွန်စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း လေ့လာမှုတစ်ခုကို ကိုးကား၍ The Guardian သတင်းတွင် ဖော်ပြသည်။ ပြီးခဲ့သည့် ၁၈ လအတွင်း လက်နက်ကိုင်ပဋိပက္ခ ၂၃ ခုကို လေ့လာထားသည့် ခိုင်လုံသော လေ့လာမှုတစ်ခုက ယင်းသို့ ကောက်ချက်ချထားကြောင်း ဖော်ပြသည်။ အဆိုပါ လက်နက်ကိုင်ပဋိပက္ခများအတွင်း အရပ်သား တစ်သိန်းကျော် သေဆုံးခဲ့ပြီး နှိပ်စက်ညှဉ်းပန်းမှုနှင့် မုဒိမ်းမှုကျူးလွန် သူများမှာလည်း အပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရသလောက် ဖြစ်နေကြောင်း ယင်းလေ့လာတွေ့ရှိချက်က ဆိုသည်။ ဂျီနီဗာနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် လူ့အခွင့်အရေးအကယ်ဒမီက လုပ်ဆောင်ခဲ့သည့် အဆိုပါ အသေးစိတ်လေ့လာမှုတွင် ဂါဇာ၌ ကလေးသူငယ် ၁၈,၅၉၂ ဦး သေဆုံးမှု ၊ ယူကရိန်းတွင် အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်လာမှုနှင့် […]


