စပိန်တွင် ၁၆ နှစ်အောက် ကလေးများ ဆိုရှယ်မီဒီယာသုံးခွင့် ပိတ်မည်
Dawei Watch
February 4, 2026အသက် ၁၆ နှစ်အောက် ကလေးသူငယ်များ ဆိုရှယ်မီဒီယာသုံးစွဲခွင့် ပိတ်ပင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြောသည်။ ကလေးသူငယ်များအား ညစ်ညမ်းရုပ်ရှင်နှင့် အကြမ်းဖက်မှုကဲ့သို့သော ဘေးဥပဒ်ဖြစ်စေသည့် အကြောင်းအရာများမှ ကာကွယ်ရန်အတွက်ဖြစ်ကြောင်း စပိန်ဝန်ကြီးချုပ်က ဆိုသည်။ “ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေအနေနဲ့ အမှန်တကယ် ထိရောက်တဲ့ အသက်အရွယ် စိစစ်ရေးစနစ်တွေကို ကျင့်သုံးရပါလိမ့်မယ်။ အမှန်ခြစ်လေးတစ်ခု ခြစ်ရုံတင်မဟုတ်ဘဲ လက်တွေ့အလုပ်ဖြစ်မယ့် တားဆီးပိတ်ပင်မှုတွေ ဖြစ်ရပါမယ်” ဟု ၎င်းက ပြောသည်။ “ဒီကနေ့ခေတ်မှာ ကျွန်တော်တို့ရဲ့ ကလေးငယ်တွေဟာ သူတို့တစ်ယောက်တည်း မထိတွေ့သင့်တဲ့ နယ်ပယ်တစ်ခုနဲ့ ထိတွေ့နေရပါတယ်။ အဲဒါကတော့ စွဲလမ်းစေမှုတွေ၊ အလွဲသုံးစားလုပ်မှုတွေ၊ ညစ်ညမ်းရုပ်ရှင်တွေ၊ လှည့်ဖျားမှုတွေနဲ့ အကြမ်းဖက်မှုတွေ ပြည့်နှက်နေတဲ့ နယ်ပယ်တစ်ခုပါပဲ။ ဒါကို ကျွန်တော်တို့ ဆက်ပြီး လက်ခံမှာ […]


