ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ချွန်ဘူရီတွင် လာကြိုသောကားဝင်တိုက်သဖြင့် မြန်မာလုပ်သားတစ်ဦးသေဆုံး၊ သုံးဦး ဒဏ်ရာရ

Dawei Watch

October 14, 2025

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် မြန်မာအလုပ်သမားများက အလုပ်သွားရန် စောင့်နေစဉ် အလုပ်သမားများကို လာကြိုသော စက်ရုံကားက ဝင်တိုက်ခဲ့သဖြင့် မြန်မာ တစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာအပြင်းအထန်ရကြောင်း WAG အဖွဲ့ထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက် ၆ နာရီခွဲတွင် ချွန်ဘူရီမြို့ရှိ ဂျက်လစင်ဟွေ့ပါကွန်ဒိုအနီး ဖုန်းဆိုင်တစ်ဆိုင်တွင် အလုပ်သွားရန် စောင့်နေသော မြန်မာအလုပ်သမားများကို စက်ရုံ၏ နှစ်ထပ်မှန်လုံကားက အရှိန်လွန်၍ ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ကားတိုက်ခံရမှုကြောင့် ကိုစိုးလင်းဦးသည် နေရာတွင်ပင် သေဆုံးခဲ့ပြီး နောက်ထပ် မြန်မာနိုင်ငံသား သုံးဦးလည်း ဒဏ်ရာအပြင်းအထန် ရကြောင်း WAG အဖွဲ့ထံမှ သိရသည်။ အလုပ်သမားများသည် အလုပ်ရုံသို့ သွားရန် ကားစောင့်နေချိန် လာကြိုသောကားက စက်တစ်ခုခု ချို့ယွင်းခဲ့ပြီး မြန်မာအလုပ်သမားများကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း […]

ထိုင်း-မြန်မာနယ်စပ် ထီးခီးကို လေယာဉ်ဖြင့် ဗုံးထပ်ကြဲ၊ နှစ်ဦးဒဏ်ရာရ

Dawei Watch

October 14, 2025

ထိုင်း-မြန်မာနယ်စပ်တွင် KNU ထိန်းချုပ်ထားသည့် ထီးခီးရွာကို ယနေ့ အောက်တိုဘာလ ၁၄ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် စစ်အာဏာရှင် တပ်က လေယာဉ်ဖြင့် ဗုံးထပ်ကြဲကြောင်း ထီးခီးဒေသခံအချို့က ပြောသည်။ ဂျက်တိုက်လေယာဉ်တစ်စင်းဖြင့် ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့ပြီး ဈေးဆိုင်တစ်ဆိုင် မီးလောင်ပျက်စီးကြောင်း ထီးခီးဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။ ဗုံးကြဲ တိုက်ခိုက်မှုတွင် လူနှစ်ဦးဒဏ်ရာရသည်ဟု ကနဦးကြားသိရပြီး မည်သူမည်ဝါဖြစ်သည်ဆိုသည့် အသေးစိတ်အချက်အလက် မသိရသေးကြောင်း ၎င်းက ပြောဆိုသည်။ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄) ထိန်းချုပ်ထားသည့် ထီးခီးဒေသကို စစ်ကော်မရှင်လက်အောက်ခံ တပ်က အောက်တိုဘာ ၈ ရက်ကစပြီး လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်သည်။ အောက်တိုဘာလ ၁၀ ရက်တွင်လည်း ထပ်မံ တိုက်ခိုက်သဖြင့် ယခုလအတွင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု […]

Gen Z ဆန္ဒပြပွဲများကြောင့် မဒါဂတ်စကား သမ္မတ နိုင်ငံမှ ထွက်ပြေး

Dawei Watch

October 14, 2025

အာဖရိကတိုက်မှ ကျွန်းနိုင်ငံတစ်ခုဖြစ်သည့် မဒါဂတ်စကားနိုင်ငံတွင် Gen Z ဆန္ဒပြပွဲများကြောင့် သမ္မတ Andry Rajoelina သည် နိုင်ငံမှ ထွက်ပြေးသွားခဲ့ပြီ ဖြစ်သည်။ ယင်းမှာ နီပေါတွင် Gen Z လူငယ် ဆန္ဒပြသူများက အစိုးရကို ဖြုတ်ချနိုင်ခဲ့ပြီးနောက် အချိန်တစ်လကျော်‌အတွင်းမှာပင် နောက်ထပ်ပေါ်ပေါက်လာသည့် အလားတူ ဖြစ်ရပ် ဖြစ်သည်။ နိုင်ငံ့စစ်တပ်မှ ယူနစ်များက ဆန္ဒပြ Gen Z လူငယ်များနှင့် ပူးပေါင်းလိုက်ပြီးနောက် တနင်္ဂနွေနေ့တွင် သမ္မတ Andry Rajoelina သည် နိုင်ငံမှ ထွက်ပြေးသွားခဲ့ကြောင်း ပါလီမန်အတိုက်အခံခေါင်းဆောင်တစ်ဦးက ပြောသည်။ “ကျွန်တော်တို့ သမ္မတရုံး ဝန်ထမ်းတွေကို ဖုန်းဆက်မေးမြန်းခဲ့ရာမှာ သူနိုင်ငံကနေ ထွက်ခွာသွားပြီဖြစ်ကြောင်း အတည်ပြုပါတယ်” ဟု ၎င်းက ပြောဆိုခဲ့သည်။ သမ္မတ လက်ရှိ ရောက်နေသည့် […]

မာချာဒို နိုဘယ်ဆုရပြီး သုံးရက်အကြာတွင် နော်ဝေရှိ ဗင်နီဇွဲလားသံရုံး ပိတ်သိမ်း

Dawei Watch

October 14, 2025

ယခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာရီယာကိုရီနာမာချာဒို ရရှိခဲ့ပြီးနောက် သုံးရက်အကြာတွင် နော်ဝေနိုင်ငံ၊ အိုစလိုမြို့ရှိ ဗင်နီဇွဲလားသံရုံးကို ပိတ်သိမ်းလိုက်ကြောင်း အောက်တိုဘာလ ၁၃ ရက်တွင် ဗင်နီဇွဲလားအစိုးရက ကြေညာသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် မာချာဒို ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခြင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထည့်သွင်းဖော်ပြခြင်း မရှိဘဲ နိုင်ငံခြားရေးလုပ်ငန်းများကို ပြန်လည်စီစဉ်စုစည်းရန် အဆိုပါ သံရုံးကို ပိတ်သိမ်းခြင်း ဖြစ်ကြောင်း ဆိုသည်။ ဩစတြေးလျရှိ ဗင်နီဇွဲလားသံရုံးကိုပါ ပိတ်ပစ်ခဲ့ပြီး အာဖရိကတိုက်ရှိ ဇင်ဘာဘွေနှင့် ဘူကီနာဖာဆိုနိုင်ငံတို့တွင် သံရုံးများ ဖွင့်လှစ်ခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဗိုလ်ကျစိုးမိုးလိုသည့် ဖိအားများ” ကို တိုက်ဖျက်ရာတွင် “မဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံများ” ဟု ဇင်ဘာဘွေနှင့် ဘူကီနာဖာဆိုနိုင်ငံတို့ကို ဗင်နီဇွဲလားအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသုံးနှုန်းသည်။ အော်စလိုမြို့ရှိ ဗင်နီဇွဲလားသံရုံးသည် မည်သည့်အကြောင်းပြချက်မျှ မပေးဘဲ […]

စစ်အုပ်စု ရွေးကောက်ပွဲ အာဆီယံက လေ့လာစောင့်ကြည့်သူ စေလွှတ်နိုင်ခြေနည်းဟု မလေးရှားပြော

Dawei Watch

October 14, 2025

မြန်မာစစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲသို့ အာဆီယံက လေ့လာစောင့်ကြည့်သူများ စေလွှတ်သွားရန်မှာ ဖြစ်နိုင်ခြေ နည်းပါးကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က အောက်တိုဘာလ ၁၃ ရက်က ပြောဆိုလိုက်သည်။ မလေးရှားအစိုးရက အဆိုပါ ရွေးကောက်ပွဲသို့ လေ့လာစောင့်ကြည့်သူများ စေလွှတ်ရန် သဘောတူသည်ဟု မြန်မာစစ်ကော်မရှင်က သတင်းထုတ်ပြန်ခဲ့မှုအပေါ် သတင်းထောက်များက မေးမြန်းစဉ် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ယင်းသို့ ဖြေကြားခြင်းဖြစ်သည်။ “ဒီကိစ္စကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဆွေးနွေးပြီး ဆုံးဖြတ်သွားမှာပါ။ ဒါပေမဲ့ အာဆီယံအနေနဲ့ လေ့လာစောင့်ကြည့်သူတွေ စေလွှတ်ဖို့ သဘောတူလိမ့်မယ်လို့ ကျွန်တော် မထင်ဘူး” ဟု ၎င်းက သတင်းထောက်များကို ပြောသည်။ မလေးရှားအစိုးရအနေဖြင့် အဆိုပါ ရွေးကောက်ပွဲသို့ လေ့လာစောင့်ကြည့်သူများ စေလွှတ်ရန် မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ကတိပြုခဲ့ကြောင်း မြန်မာစစ်ကော်မရှင် ထိန်းချုပ်ထားသည့် Global […]

သရက်ချောင်းက ကျေးရွာသုံးရွာတွင် နေအိမ်ငါးဆယ်ခန့်ကို စစ်အာဏာရှင်တပ် ထပ်မံမီးရှို့ဖျက်ဆီး

Dawei Watch

October 13, 2025

သရက်ချောင်းမြို့နယ်၊ စော်ဖျား၊ မိုးရွှေကုန်း၊ ကျောက်လှေကားကျေးရွာများက အရပ်သားနေအိမ် ၅၀ ခန့်ကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးကြောင်း ဒေသခံအချို့က ပြောသည်။ အောက်တိုဘာလ ၉ရက်တွင် မိုးရွှေကုန်းရွာက နေအိမ် ၁၇လုံး၊ စော်ဖျားရွာနှင့် ကျောက်လှေကားရွာတွင်လည်း အရပ်သား နေအိမ် ၃၀ ခန့် မီးရှို့ခံရကြောင်း ရွာထဲသို့ သွားရောက်ကြည့်ရှုခဲ့သည့် စစ်ဘေးရှောင်ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “အားလုံးပေါင်းဆို ငါးဆယ်လောက်တော့ရှိမယ်။ ကင်းရှေ့ရွာမှာလည်း အိမ်တွေ ဖောက်ထွင်းခံရတယ်။ ပစ္စည်းတွေ သယ်သွားကြတာ မနည်းဘူး” ဟု ၎င်းက ပြောဆိုသည်။ စစ်အာဏာရှင်တပ် စစ်ကြောင်းသည် စော်ဖျား၊ မိုးရွှေကုန်း၊ ကျောက်လှေကား၊ ကင်းရှေ့စသည့်ကျေးရွာများက ဒေသခံများ၏ ဆိုင်ကယ်အစီးရေ ၂၀ ခန့်၊ ထော်လာဂျီကား တစ်စီး၊ စက်ဘီးနှင့် ဘေးတွဲဆိုင်ကယ်အပါအဝင် အိမ်ထောင် ပရိဘောဂပစ္စည်များကို သိမ်းယူသွားကြောင်း […]

ရေဖြူမူးဒူးရွာတွင် တပ်စွဲထားသည့်စစ်ကြောင်း ဒေသခံနေအိမ်များကို ဖောက်ထွင်းနေဟုဆို

Dawei Watch

October 13, 2025

ရေဖြူမူးဒူးရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သည် ဒေသခံများ၏ နေအိမ်များကိုဖောက်ထွင်းကာ စားနပ်ရိက္ခာများကိုယူပြီး ချက်ပြုတ်စားသောက်နေသည်မှာ သုံးရက်ရှိပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။ ယင်းစစ်ကြောင်းသည် အောက်တိုဘာလ ၁၀ ရက်နေ့ ညနေပိုင်းတွင် ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ မူးဒူး‌ကျေးရွာသို့ စတင်ရောက်ရှိလာကာ မူးဒူးကျောင်းကြီး(ဘုန်းကြီးကျောင်း)တွင် တပ်စွဲနေထိုင်ပြီး ရွာထဲသို့ နေ့တိုင်းဝင် ရောက်၍ ဒေသခံများ၏ နေအိမ်များကို ဖောက်ထွင်းကာ ရိက္ခာများယူနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “အိမ်တွေကိုလည်းဖောက်တယ်။ ကြက်တွေ့ရင်ကြက်ဆင်းပစ်တယ် ပြီးယင်းကျောင်းကို ပြန်တက်သွားတာပဲ”ဟု ယင်းအမျိုးသားကပြောသည်။ အဆိုပါစစ်ကြောင်းမှာ အင်အား ၁၀၀ နီးပါးရှိပြီး အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာအုပ်စု၊ ညောင်ပင်ဆိပ်ရွာသို့ရောက်လာပြီး ယင်းမှတစ်ဆင့် မူးဒူးကျေးရွာ ဘုန်းကြီး‌ကျောင်းဝင်းအတွင်း ဝင်ရောက်တပ်စွဲထိုင်နေခြင်းဖြစ်သည်။ ယင်းစစ်ကြောင်း ရောက်လာချိန်မှစ၍ ဒေသခံပြည်သူအများစု နေရပ်စွန့်ခွာထွက်‌ ပြေးတိမ်းရှောင်နေကြခြင်းဖြစ်ကြောင်း ဒေသခံတို့ကပြောသည်။ […]

လေကြောင်းတိုက်ခိုက်မည်ဟု သတင်းထွက်သဖြင့် တနင်္သာရီက ဒေသခံအချို့ ထွက်ပြေးတိမ်ရှောင်

Dawei Watch

October 13, 2025

တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုနှင့် ပဝကျေးရွာအုပ်စုတို့ကို စစ်အာဏာရှင်တပ်က လေကြောင်းမှဗုံးကြဲ တိုက်ခိုက်မည်ဟု သတင်းများထွက်ပေါ် နေသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။ အောက်တိုဘာလ ၁၀ရက်နေ့က တကူကျေးရွာ မီးသတ်ရုံးကို စစ်အာဏာရှင်တပ်က လေကြောင်းကဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက်ထပ်ဗုံးကြဲမည်ဟုသတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသဖြင့် ဒေသခံအများစုက အခြားကျေးရွာများသို့ ပြောင်း‌ရွှေ့နေကြောင်း တကူရွာနေ ဒေသခံတစ်ဦးက ဆိုသည်။ ထိုကြောင့် မီးသတ်ရုံးဗုံးကြဲခံရပြီးချိန်မှ ယနေ့(အောက်တိုဘာလ ၁၃ရက်) အထိ တိမ်းရှောင်နေဆဲဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ “လေကြောင်းထပ်ကြဲမယ်ဆိုပြီး သတင်းထွက်နေတော့ ရွာမှာနေမရဲတော့ဘူး။အခြားရွာကို ပြောင်းနေကြတယ်။ ရွာထဲမှာလည်း လူသိပ်မရှိတော့ဘူး။ဆိုင်တွေလည်း ပိတ်တဲ့ဆိုင်ကများနေတယ်”ဟု အထက်ပါ‌ဒေသခံက ပြောသည်။ တကူကျေးရွာအုပ်စုတွင် ကျေးရွာ တစ်ဆယ်ကျော်ရှိသော်လည်း အင်းရှည်ကုန်း၊ သံတိုက်၊ ပြည်အေး စသည့်ကျေးရွာ ၆ ရွာဝန်းကျင်နေ ပြည်သူများ ရှောင်တိမ်းနေခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ […]