ခါမေနီသေဆုံးမှုမှာ ဆေးတစ်ခွက် ဖြစ်ကြောင်း အီရန်နောက်ဆုံးရှားဘုရင်၏ သားအကြီးဆုံး ပြော
Dawei Watch
March 1, 2026အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာခါမေနီသည် သွေးဆာနေသည့် အာဏာရှင်တစ်ဦးဖြစ်ပြီး ၎င်း သေဆုံးမှုမှာ သက်သာရာရစေသည့် ဆေးတစ်ခွက်ပင်ဖြစ်ကြောင်း အီရန်နောက်ဆုံးရှားဘုရင်၏ သားအကြီးဆုံးဖြစ်သူ ရက်ဇာ ပါလာဗီက ပြောကြားလိုက်သည်။ “သူ (ခါမေနီ) သေသွားပြီမို့လို့ အစ္စလာမ္မစ်သမ္မတနိုင်ငံ (အီရန်) ဟာလည်း အဆုံးသတ်သွားပါပြီ။ မကြာခင် သမိုင်းအမှိုက်ပုံထဲကို ရောက်ပါတော့မယ်” ဟု ၎င်းက X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရေးသားခဲ့သည်။ လက်ရှိတွင် အမေရိကန်နိုင်ငံတွင် နေထိုင်လျက်ရှိသည့် ပါလာဗီသည် ၎င်းကိုယ်၎င်း အီရန်နိုင်ငံ၏ ပကတိခေါင်းဆောင်အဖြစ် ပုံဖော်လေ့ရှိသည်။ အယာတိုလာခါမေနီ၏ အရိုက်အရာကို ဆက်ခံမည့်သူကို ခန့်အပ်ရန် ကြိုးပမ်းမှုဟူသမျှသည် ကျရှုံးမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ “ဒါဟာ ကျွန်တော်တို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အမျိုးသားအောင်ပွဲခံမှုရဲ့ အစဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီ […]


