မြိတ်၊ ရွှေပြည်တန်လမ်းမကြီးတွင် နေအိမ်တစ်လုံးမီးလောင်
Dawei Watch
January 9, 2026မြိတ်မြို့၊ ရွှေပြည်တန်လမ်းမကြီးပေါ်ရှိ နေအိမ်တစ်လုံး ဇန်နဝါရီလ ၈ ရက် ညနေပိုင်းက မီးလောင်ခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။ မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးကူညီရေးအသင်းများနှင့် ရပ်ကွက်နေသူများက ဝိုင်းဝန်းငြှိမ်းသတ်သဖြင့် မိနစ်ပိုင်းအတွင်း မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုအတွင်း နေအိမ်၏ အမိုးအပိုင်း မီးလောင်ပျက်စီးကာ လူထိခိုက်မှုမရှိကြောင်း ဝိုင်းဝန်းကူညီမီးငြှိမ်းသတ်ပေးခဲ့သည့် မြို့ခံများက ဆိုသည်။ “မီးက ပြီးခဲ့တဲ့လက လောင်ခဲ့တဲ့နေရာနဲ့ နီးတယ်။ အများကြီးတော့ မလောင်သွားပါဘူး။ လူလည်း မထိပါဘူး” ဟု မီးငြှိမ်းသတ်ရာတွင် ပါဝင်သည့် မြို့ခံတစ်ဦးက ပြောသည်။ မီးလောင်ရသည့် အကြောင်းရင်းကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၅ ရက်ကလည်း ရွှေပြည်တန်လမ်းမကြီးပေါ်ရှိ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ခဲ့သေးကြောင်း မြို့ခံများထံမှ သိရသည်။ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တီတွတ်ပြင်ရွာတွင်လည်း ဇန်နဝါရီလ […]


