ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လက်နက်ကိုင်တစ်စု ဖမ်းသွားသည့် အမျိုးသား ၆ ရက်ကြာအထိပြန်မလွတ်သေး

Dawei Watch

December 5, 2023

လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်၊ ပြင်ကြီးရွာသားတစ်ဦးကို နိုဝင်ဘာလ ၂၉ ရက်နေ့က လက်နက်ကိုင် လူတစ်စုက ဖမ်းသွားရာ ၆ ရက်ကြာသည်အထိ ပြန်လွတ်လာခြင်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။ ဖမ်းခံရသူမှာ အသက် ၅၀ ကျော်အရွယ်ရှိ ဦးမြင့်ဦး ဆိုသူဖြစ်ပြီး နိုဝင်ဘာလ ၂၉ ရက်နေ့ညက နေအိမ်တွင် လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ဖမ်းသွားတယ် ဘာကြောင့်ဖမ်းသွားတယ်ဆိုတာတော့ မသိရသေးဘူး လွတ်မလာသေးဘူး” ဟု ၎င်းကပြောသည်။ အဖမ်းခံရသူမိသားစုမှာ ကား၊သုံးဘီး၊ထော်လာဂျီများ အငှားလိုက်နေသူများဖြစ်ကြောင်း သိရသည်။ ထိုအမျိုးသား အဖမ်းခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး Dawei Defense Team-DDT (တပ်ခွဲ-၃) ထားဝယ် -ပကဖ ကမူ ၎င်းတို့နှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း ဒီဇင်ဘာ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ဦးမြင့်ဦးကို မည်သည့်လက်နက်ကိုင်အဖွဲ့က မည်သည့်အကြောင်းကြောင့် ဖမ်းသွားသည်ဆိုသည်ကို […]

ရေဖြူ ဇီးကျရွာတိုးဂိတ်ကို မီးရှို့

Dawei Watch

December 5, 2023

ရေဖြူမြို့နယ် ဇီးကျရွာတွင်ရှိသော လမ်းအသုံးပြုခကောင်ခံသည့် ဂိတ်စခန်း(တိုးဂိတ်)ကို မနေ့ (ဒီဇင်ဘာ ၄) ညနေပိုင်းက လက်နက်ကိုင်အဖွဲ့တစ်ခုက မီးရှို့လိုက်သည်ဟု ဒေသခံများထံမှသိရသည်။ PDF တပ်ဖွဲ့ဝင်များက ညနေ ၃ နာရီကျော်ခန့်တွင် လာရောက် မီးရှို့သွားခဲ့သည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။ “ကျွန်မတို့ ပြန်လာတဲ့အချိန်ဆို ဂိတ်အရှေ့ခြမ်းက တော်တော်လေးလောင်နေပြီး အရှေ့ခြမ်းမှာတော့ စာရွက်စာတမ်းတွေ ရှိလို့ထင်တယ် ပိုပြီးလောင်တာများတယ်”ဟု ၎င်းကပြောသည်။ အဆိုပါတိုးဂိတ်ကို မီးရှို့ ခဲ့ပြီးနောက် PDF တပ်ဖွဲ့ဝင်များသည် သေနတ်ပစ်ဖောက်ကာ ထွက်ခွာသွားကြသည်ဟုဆိုသည်။ သို့သော်ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ ထုတ်ပြန်ထားခြင်း မရှိသေးပေ။ မီးရှို့ခံရမှုကြောင့် ဂိတ်စခန်းများ မီးလောင်ပျက်စီးခဲ့ပြီး ယနေ့မနက်ပိုင်းတွင် ဂိတ်ဝန်ထမ်းများ လမ်းကြေးလာရောက်ကောက်ခံသည်ကို မတွေ့ရတော့ဟု ဆိုသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်နေ့ကလည်း ဇီးကျရွာအရှေ့ဘက်တွင်ရှိသော ထားဝယ်အကျဥ်း‌ […]

နယ်စည်းမခြားအဖွဲ့ HIV လူနာ ကုသခြင်းလုပ်ငန်းများ ရပ်နား

Dawei Watch

December 5, 2023

နယ်စည်းမခြားအဖွဲ့က မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုပေးနေသည့် HIV လူနာကုသခြင်းလုပ်ငန်းများကို ယခုလမှစပြီးရပ်နားလိုက်ပြီဖြစ်သည်။ MSF မှ ကုသပေးနေသည့် HIV လူနာများကို သက်ဆိုင်ရာမြို့နယ်‌ဆေးရုံများထံသို့ လွှဲပြောင်းပေးပြီးဖြစ်သဖြင့် လုပ်ငန်းရပ်နားလိုက်ခြင်းဖြစ်သည်။ “HIV ကုသမှုကိုနားလိုက်တာပဲရှိတာ။ ကျန်တဲ့ဝန်ဆောင်မှုတွေကိုတော့ ဆက်ပြီးကုသပေးသွားမှာပါ” ဟု MSFနှင့်လက်တွဲပြီး HIV ရောဂါတိုက်ဖျက်ရေး လုပ်ဆောင်နေသည့်အဖွဲ့ တာဝန်ရှိသူတစ်ဦးကဆိုသည်။ နယ်စည်းမခြားဆရာဝန်များအဖွဲ့က ပုံမှန်ဝန်ဆောင်မှုပေးနေသည့် ဆီးချို၊ သွေးတိုး စသည့် နာတာရှည်ရောဂါများ၊ မိခင်နှင့်ကလေးကျန်းမာရေး စသည့်ဝန်ဆောင်မှုများကိုမူ ဆက်လက်ကုသပေးနေမည်ဖြစ်သည်။ MSF နှင့်ချိတ်ဆက်ပြီး ART ဆေးသောက်သုံးနေသူများအနေဖြင့် သက်ဆိုင်ရာဆေးရုံများနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး ဆက်လက်ကုသမှုခံယူရမည်ဖြစ်သည်။ လုံခြုံရေးအခြေအနေကြောင့် ဆေးရုံရှိရာဆီမလာနိုင်သူများကိုမူ ဒေသတွင်းကျန်းမာရေး ဝန်ဆောင်မှုပေးနေသည့် အရပ်ဖက်အဖွဲ့အကူအညီဖြင့်အိမ်တိုင်ရာရောက် ART ဆေး ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။ ထားဝယ်မြို့ရှိ နယ်စည်းမခြားဆရာဝန်များအဖွဲ့သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကတည်းက HIV […]

ထိုင်းတောင်ပိုင်းတွင် ဆိုင်ကယ်ခိုးသည်ဟုဆိုကာ မြန်မာလူငယ်လေးဦးဖမ်းဆီးခံရ

Dawei Watch

December 4, 2023

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့ရှိ နေအိမ်များသို့ ဝင်ရောက်ပြီး ဆိုင်ကယ်များကို ခိုးယူခဲ့သည်ဟုဆိုကာ မြန်မာလူငယ်လေးဦးကို ဒီဇင်ဘာလ ၂ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မြန်မာလူငယ်များသည် ခိုးယူခဲ့သော ဆိုင်ကယ်များကို စူရတ်ဌာနီခရိုင်မှတစ်ဆင့် ချွန်ဖော်မြို့သို့ ပို့ဆောင်ခဲ့ပြီး ယင်းမှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ရောင်းချနေခြင်းဖြစ်ကြောင်း ဆိုသည်။  ဖမ်းဆီးခံရသူများသည် အသက် ၁၇ နှစ်မှ ၂၀ နှစ်အရွယ်များ ရှိကြပြီး ချွန်ဖော်မြို့တွင် နေထိုင်ကြသူများဖြစ်ကြောင်း သတင်းများတွင် ရေးသားထားသည်။   စူရတ်မြို့အတွင်း Honda wave ဆိုင်ကယ်များ ပျောက်နေကြောင်း အောက်တိုဘာလကတည်းက ရဲတပ်ဖွဲ့ထံသို့ တိုင်ကြားမှုရရှိခဲ့သဖြင့် CCTV များကို ခြေရာခံကာ မြန်မာလူငယ်များကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ဖော်ပြသည်။ လူငယ်တစ်ဦးသည် အိမ်ရှေ့တွင် ရပ်ထားသော ဆိုင်ကယ်တစ်စီးကို ခြေထောက်ဖြင့် လက်ကိုင်ဇက်သော့ကို ချိုးကာ ခိုးယူခဲ့သည်ကို CCTV မှတ်တမ်းတွင် တွေ့ရှိရာမှ ခြေရာခံဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ မြန်မာလူငယ်များသည် အခြားလူတစ်ဦး၏ စေခိုင်းခဲ့မှုကြောင့် ဆိုင်ကယ်များကို ခိုးယူခဲ့ရခြင်းဖြစ်ပြီး […]

တနင်္သာရီ ထုံခါအကျဥ်းစခန်းကို တောင်ပိုင်းညီနောင်စစ်ကြောင်းမီးရှို့

Dawei Watch

December 4, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ထုံခါရွာရှိ စစ်ကောင်စီအကျဥ်းစခန်းကို တောင်ပိုင်းညီနောင် စစ်ကြောင်းက မီးရှို့လိုက်ကြောင်း ကော်သူးလေတပ်မတော် KTLA (tcjf) ထံမှသိရသည်။ ထုံခါရွာရှိ ဆင်ဖြူရှင် (၄) အကျဥ်းစခန်းကို ဒီဇင်ဘာ ၃ ရက်တွင် တောင်ပိုင်းညီနောင်စစ်ကြောင်းက သွားရောက်မီးရှို့ခြင်းဖြစ်ကြောင်း ယနေ့ ဒီဇင်ဘာလ ၄ရက်တွင် ထုတ်ပြန်ထားသည်။ ပူးပေါင်းတပ်က ဝင်ရောက်မီးရှို့ရာ မီးလောင်ရန် မလွယ်သည့် အဆောက်အအုံ (အုတ်၊ တိုက်) နှစ်ခုသုံးခုမှ လွဲ၍ ကျန်အဆောက်အအုံ အားလုံးပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “အကျဥ်းစခန်းမှာက ရဲရော အကျဥ်းသားတွေရော မရှိတော့ဘူး။ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတည်းက စွန့်ခွာသွားကြပြီ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဝန်ထမ်းများ စခန်းကိုစွန့်ခွာသွားကြပြီးနောက် စစ်ကောင်စီတပ်များ မကြာခဏ […]

သံဖြူဇရပ်မြို့ခံများကို စစ်ကောင်စီတပ်က ဆက်တိုက်ဖမ်းဆီး

Dawei Watch

December 4, 2023

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ အောင်ဇေယျာတိုးချဲ့ရပ်ကွက်တွင် အမျိုးသားတစ်ဦးကို လက်နက်ခဲယမ်းနှင့် အတူ ဖမ်းဆီးရမိပြီးနောက် မြို့ခံ စီးပွားရေးလုပ်ရှင်အပါအဝင် ၁၀ ဦးခန့်ကို စစ်ကောင်စီတပ်က ဆက်တိုက်ဖမ်းဆီးနေသည်ဟု မြို့ခံများထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့က အောင်ဇေယျာတိုးချဲ့ရပ်ကွက်နေ အသက် ၄၄ အရွယ် ဦးမြသန်းကို ပစ္စတိုသေနတ်တစ်လက်၊ ကျည်ဆံများနှင့်အတူ စစ်ကောင်စီတပ်တို့က ဖမ်းဆီးရမိခဲ့သည်။ ထိုနေ့ ညတွင်ပင် စစ်ကောင်စီတပ်က ဟေမဝန် ဆောက်လုပ်ရေးပစ္စည်းအရောင်းပိုင်ရှင်ကို အင်အားအလုံးအရင်းဖြင့် နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့သည်။ ဒီဇင်ဘာ ၁ ရက်နေ့တွင် ဟေမဝန်ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်နှင့် နေအိမ်ကို စစ်ကောင်စီတပ်က လာရောက်ချိပ်ပိတ်သွားခဲ့သည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။ “ဆက်တိုက်ကို ဖမ်းသွားတာ။ ဘာကြောင့် ဖမ်းတာလဲဆိုတာကတော့ မသိနိုင်ပေမယ့်။ လက်နက်နဲ့ မိတဲ့လူနဲ့တော့ ဆက်စပ်နေလိမ့်မယ်လို့တော့ ထင်တယ်။ […]

မြန်မာစစ်ဘေးရှောင်များကို လက်ခံရန်အသင့်ဟု ထိုင်းပြော

Dawei Watch

December 4, 2023

မြန်မာနိုင်ငံအတွင်း လတ်တလော ပိုမိုပြင်းထန်လာသော စစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာမည့် ဒုက္ခသည်များကို လက်ခံရန် အဆင်သင့်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ ဒုက္ခသည်များကို လက်ခံရန် နယ်စပ်တစ်လျှောက် ယာယီစစ်ဘေးရှောင်ခိုလှုံရေးစခန်းများ တည်ဆောက်ပေးရန် ထိုင်းဘက်က အသင့်ရှိကြောင်း ဝန်ကြီး Parnpree Bahiddha-Nukara က ဒီဇင်ဘာလ ၃ ရက်တွင် ပြောဆိုသည်။ မြန်မာနိုင်ငံအတွင်း ပဋိပက္ခများကို စောင့်ကြည့်စစ်ဆေးနေကြောင်းလည်း ၎င်းက ဆိုသည်။ မြန်မာနိုင်ငံတွင် တိုက်ခိုက်မှုအားလုံးကို ရပ်တန့်ရန်၊ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးက အမြန်ဆုံး ပြန်လည် တွေ့ဆုံ ညှိနှိုင်းကြရန်အတွက် တိုက်တွန်းကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆက်လက် ပြောဆိုသည်။  လတ်တလောတွင် ဒုက္ခသည်များ စုပြုံဝင်ရောက်မှု မရှိသေးဘဲ တိုက်ပွဲများ ပိုမိုပြင်းထန်လာပါက ဒုက္ခသည်များ ထိုင်းနိုင်ငံတစ်ခုတည်းကိုမဟုတ်ဘဲ နေရာပေါင်းစုံကို ထွက်ပြေးတိမ်းရှောင်လာနိုင်ကြောင်း ဝန်ကြီးက ဆိုသည်။ ဒီဇင်ဘာလ ၂ ရက်နေ့တွင် […]

မောရဝတီရေတပ်က ကင်းလှည့်သည့်ကား သစ်ပင်နှင့်တိုက်မိ

Dawei Watch

December 4, 2023

မောရဝတီရေတပ်က ကင်းလှည့်လာသည့်ကားမှာ ကံပေါက်ရွာ၊ သီရီမင်္ဂလာရပ်ကွက်ရှိ သစ်ပင်နှင့် တိုက်မိခဲ့ပြီး တပ်သားတစ်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများထံမှသိရသည်။ မနေ့ (ဒီဇင်ဘာ ၃) မနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ယင်းဖြစ်စဥ်အတွင်း ထိခိုက်ဒဏ်ရာရသူကို ဆေးရုံပို့ရန် သယ်ဆောင်လာစဥ် ကံပေါက်စျေးအနီး လမ်းပိတ်နေ၍ စစ်ကောင်စီတပ်သားများက စျေးအနီးရှိ ယာဥ်မောင်းများကို ဆဲဆိုကြိမ်းမောင်းခဲ့ကြောင်း ဒေသခံများကဆိုသည်။ “စျေးထိပ်မှာကားတွေပိတ်နေတာ။ သူတို့ကားကလည်းရောက်လာတယ်။ အရေးပေါ်ဖြစ်နေမှန်းလည်း ဘယ်သူမှမသိဘူးလေ။ ဟွန်းသံရှည်တွေလည်းတီးတယ်။ စစ်သားတွေ ဆင်းလာပြီးလမ်းပေါ်ကလူတွေ အစုံဆဲဆိုသွားတယ်။ သူတို့ကားပေါ်မှာက မှောက်နေတဲ့စစ်သားက တစ်ယောက်ပါလာတယ်” ဟု မျက်မြင်တွေ့ခဲ့ရသော ယင်းဖြစ်စဥ်အနီး ရောက်နေသည့် ဘေးတွဲယာဥ်မောင်းတစ်ဦးက ပြောပြသည်။ ယင်းဖြစ်စဉ်အပြီးတွင် စစ်ကောင်စီတပ်သားများက ကံပေါက်စျေးအနီးတစ်ဝိုက် ဓာတ်ပုံများလာရိုက်ခဲ့ပြီးနောက် ယနေ့နံနက်တွင်တော့ ရေဖြူမြို့နယ်၊ ကံပေါက်စျေးတွင်သို့ ရဲတပ်ဖွဲ့ဝင်များ လာရောက်ပြီး ယာဥ်ကြောရှင်းပေးနေကြောင်း စျေးသူစျေးသားများကပြောသည်။ “ ဒီနေ့ မနက်ကတော့ လာရှင်းပေးလို့ […]