ရေဖြူ ဇီးကျတိုးဂိတ်နှင့် ထောင်သစ် မီးရှို့ခံရပြီးနောက် ရွာသားများ ရိုက်နှက်စစ်ဆေးခံရ
Dawei Watch
December 7, 2023ရေဖြူမြို့နယ် ဇီးကျရွာတွင်ရှိသည့် လမ်းအသုံးပြုခ ကောက်ခံသည့်ဂိတ်နှင့် ထောင်သစ် တည်ဆောက်ရေးလုပ်ငန်းခွင် မီးရှို့ခံရပြီးနောက် စစ်ကောင်စီတပ်က ရွာသားများကို ခေါ်ယူကာရိုက်နှက် စစ်ဆေးခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ ဒီဇင်ဘာလ ၃ ရက်နေ့က ထားဝယ်အကျဉ်းထောင်သစ် တည်ဆောင်ရေး လုပ်ငန်းခွင့်နှင့် ဒီဇင်ဘာလ ၄ ရက်နေ့တွင် လမ်းအသုံးပြုခကောက်ခံသည့်ဂိတ်(တိုးဂိတ်)ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ တစ်ခုက ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၆ ရက်နေ့မနက်စောစောပိုင်းက ညင်းထွေးရွာဘက်မှ ဇီးကျရွာအထက်ပိုင်းသို့ရောက်လာခြင်းဖြစ်သည်။ ယင်းနောက် ဇီးကျရွာမှ အမျိုးသား၊အမျိုးသမီး၊ လူငယ်၊သက်ကြီးရွယ်အိုများပါမကျန် ခေါ်ယူကာ ကားလမ်းမကြီးရှိ တိုးဂိတ်အနီးတွင် ထိုင်စေကာ တစ်ဦးချင်းကို စစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်သည်။ လက်ကိုင်ဖုန်းတွင် PDF နှင့် ဆက်သွယ်ပြောဆိုရေးသားခြင်း၊ တော်လှန်ရေး ပိုစ့်များကို မျှဝေထားခြင်း ပြုထားသူများကို ရိုက်နှိက်စစ်ဆေးခဲ့သည်ဟု သိရသည်။ လူငယ်ပိုင်း အရွယ် အမျိုးသားများမှာ အများဆုံးရိုက်နှက်စစ်ဆေးခံရခြင်းဖြစ်ကြောင်း […]


