မဲဆောက်တွင် ဂီတဖျော်ဖြေပွဲ ကျင်းပ
Dawei Watch
December 10, 2023ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့တွင် ဒီဇင်ဘာလ ၉ ရက်၊ ညက ပြည်တွင်း၊ ပြည်ပ နှင့် နယ်စပ်ဒေသရှိ ကရင်တေးသံရှင်များစွာပါဝင်သည့် Karen Music Festival တေးဂီတ ဖျော်ဖြေပွဲ ကျင်းပခဲ့သည်။
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါထိုင်းနိုင်ငံ ၊ မဲဆောက်မြို့တွင် ဒီဇင်ဘာလ ၉ ရက်၊ ညက ပြည်တွင်း၊ ပြည်ပ နှင့် နယ်စပ်ဒေသရှိ ကရင်တေးသံရှင်များစွာပါဝင်သည့် Karen Music Festival တေးဂီတ ဖျော်ဖြေပွဲ ကျင်းပခဲ့သည်။
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ စစ်ပြေးတွေကို ပြန်ခေါ်နေရ ခွင့်မဲ့၊ စစ်ပြေးစစ်သည်တွေ တာဝန်ပြန်လည်ထမ်းဆောင်ဖို့ဆန္ဒပြုလာရင် လက်ခံမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ စစ်မှုထမ်းဟောင်းတွေ၊ ကျန်းမာရေးအရ ထွက်ခွင့်ရထားတဲ့ စစ်သည်ဟောင်းတွေ၊ ခွင့်မဲ့၊ စစ်ပြေးစစ်သည်တွေ တာဝန် ပြန်ထမ်းဆောင်ဖို့ ဆန္ဒပြုလာသူ ငါးရာကျော်ရှိတယ်လို့ ဆိုပါတယ်။ စစ်မှုထမ်းဖို့ဆန္ဒပြုတဲ့ သာမန်ပြစ်မှုကျူးလွန်တဲ့စစ်သားတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုမယ်လို့ ဒီဇင်ဘာလ ၃ရက်နေ့က ထုတ်ပြန်ပါတယ်။ အဲဒီနောက် ဒီဇင်ဘာလ ၇ရက်နေ့မှာပဲ မန္တလေး၊ တောင်ငူ၊ ပြည်၊ ကလေး၊ ပုသိမ်၊ စစ်တွေ စတဲ့ အကျဉ်း ထောင်တွေကနေ စစ်သားတွေကို လွှတ်ပေးပြီး တပ်ထဲခေါ်သွားတယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြပါတယ်။ […]
လာမည့်နှစ်သစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ အခြေခံလုပ်အားခကို တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ဒီဇင်ဘာ ၈ ရက်နေ့တွင် အတည်ပြုလိုက်သည်။ တိုးမြင့်လိုက်သော အခြေခံလုပ်အားခသည် ခရိုင်တစ်ခုနှင့် တစ်ခု ကွာခြားမှုရှိပြီး အနိမ့်ဆုံး ဘတ် ၃၃၀ မှ အမြင့်ဆုံး ၃၇၀ အထိရှိကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။ လက်ရှိ အခြေခံလုပ်အားခသည် ခရိုင်အလိုက် ၃၂၈ – ၃၅၄ ဘတ်အတွင်းရှိနေသဖြင့် ပျမ်းမျှ ၂ ဒသမ ၄ ရာခိုင်နှုန်း တိုးပေးလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ခရိုင်များပေါ်မူတည်၍ ၂ ဘတ်မှ ၁၆ ဘတ်အထိ တိုးမြှင့်ပေးခဲ့ခြင်းဖြစ်ပြီး ခရီးသွားမြို့တော်ဖြစ်သော ဖူးခက်က အမြင့်ဆုံး တစ်ရက်လုပ်အားခ ဘတ် ၃၇၀ အထိ ရရှိမည်ဖြစ်ကြောင်း […]
ကော့သောင်းတွင် စစ်ကောင်စီနှင့်တိုက်ပွဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မှ သေနတ်တစ်လက်ရရှိခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံမှသိရသည်။ ကော့သောင်းခရိုင်၊ခမောက်ကြီးမြို့နယ်၊ မာရမ်းကျေးရွာအုပ်စု၊ ဖော့သုတ်ရွာသချိုင်းအနီး ဒီဇင်ဘာ ၈ ရက် မနေ့ ၁၀ နာရီခွဲခန့်က ခြေလျှင်စစ်ကြောင်း ထိုးလာသည့် အင်အား ၂၀ ပါစစ်ကောင်စီ ရှေ့ပြေးတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကထုတ်ပြန်ထားသည်။ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ တပ်ကြပ်နှင့်ဒုတပ်ကြပ်တို့ သေဆုံးကာ တပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့သလို သေနတ်တစ်လက်လည်း ပြည်သူ့ကာကွယ်ရေးတပ်မှ ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တိုက်ခိုက်ခံရသည့် စစ်သားများမှာ ခမရ(၅၈၄)တပ်ရင်းမှ စစ်သားများဖြစ်သည်ဟု ထုတ်ပြန်ချက်အရသိရသည်။ တိုက်ခိုက်မှုအပြီး ပြည်သူ့ကာကွယ်ရေးတပ်မှ အထိအခိုက်မရှိပြန်လည် ဆုတ်ခွါခဲ့ကြောင်း သိရသည်။ “အရင်လေးငါးလခန့်ကလည်း အဲဒီနား(ဖော့သုတ်သချိုင်း)မှာ တစ်ခါဖြစ်ခဲ့ဖူးတယ်။ သူတို့(စစ်ကောင်စီ)တပ်က မသင်္ကာလို့ […]
လုံခြုံရေးတင်းကြပ်ထားသည့် လောင်းလုံးမြို့ပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုကို ယနေ့ (ဒီဇင်ဘာ ၉)နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။ လောင်းလုံးမြို့နယ်ဆေးရုံနှင့် မြို့တော်ခန်းမရှေ့တွင် သပိတ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြို့တော်ခန်းမအရှေ့တွင် “ဖက်ဆစ်စစ်တပ်ကိုစွန့်ခွာကြ၊ ပြည်သူ့ရင်ခွင်ခုံလှုံကြ” စာသားပါ ဘန်နာကိုချိတ်ဆွဲ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။ စစ်ကောင်စီဘက်တော်သားများ ပြည်သူဖက်ကိုကူးပြောင်းလာကြရန်တိုက်တွန်းသည့်အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်ခရိုင်ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီက ထုတ်ပြန်သည်။ ယင်းသပိတ်လှုပ်ရှားမှုမှာ မြန်မာနိုင်ငံတွင် အရှည်ကြာဆုံး အကြမ်းမဖက် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် တစ်ခုဖြစ်ပြီး စစ်ကောင်စီကနှိမ်နင်းရန် ကြိုးစားနေသော်လည်း ရက်ပေါင်း ၉၀၀ ကြာသည်အထိ လှုပ်ရှားမှုများ လုပ်ဆောင်နိုင်ဆဲဖြစ်သည်။ ဒီဇင်ဘာလ ၆ ရက်က လောင်းလုံးမြို့ပေါ်ရှိ စစ်ဖက်ရေးရာလုံခြုံရေးရုံးနှင့် မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် မြို့ပေါ်တွင် အရင်ကထက် လုံခြုံရေးတိုးမြှင့်ထားပြီး စစ်ဆေးမှုတင်းကြပ်ထားကြောင်း ခရီးသည်အချို့ကပြောသည်။ “လဝကရုံးရှေ့မှာ ဘယ်ရီဂိတ်တွေချထားလိုက်တယ်။ အရင်လိုမျိူးမဟုတ်တော့ဘူး။ မြွေလိမ်၊ မြွေကောက်သွားရတာ။ […]
ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ အင်ဒိုနီးရှားတွင် ရေကြီးမြေပြိုမှုကြောင့် လူ ၁၀ ဦးပျောက်ဆုံးနေ အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းမှာ မိုးကြီးရေလျှံမှုတွေကြောင့် အနည်းဆုံး လူ ၁၀ ဦး ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ဒီဇင်ဘာ ၆ ရက်နေ့က ပြောပါတယ်။ ကယ်ဆယ်ရေးသမား ၅၀၀ လောက်ကနေ ပျောက်ဆုံးနေတဲ့သူတွေကို ရှာဖွေနေဆဲဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့က တောင်ကမ်းပါးပြိုကျလို့ ရွှံ့၊ ကျောက်တုံးတွေနဲ့ သစ်ပင်တွေက တောင်စောင်းကျေးရွာတွေကတဆင့် မြစ်ထဲ အထိ ရောက်ခဲ့တာပါ။ ဓါတ်ပုံတွေအရတော့ ဘုရားကျောင်းတစ်ကျောင်း၊ စာသင်ကျောင်း၊ ဟိုတယ်နဲ့ နေအိမ်တွေ ပျက်စီးနေတာကို တွေ့ရပါတယ်။ ဆူမာတြားမြောက်ပိုင်းက […]
မြိတ်ဒေသက ထွက်ရှိသည့် စပါးဈေးနှုန်းသည် ယမန်နှစ်ထက် နှစ်ဆနီးပါးအထိမြင့်တက်လာကြောင်း စပါးစိုက်တောင်သူအချို့ထံမှ သိရသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက စပါးတစ်တင်းလျှင် ၁၂၀၀၀ ကျပ်ရှိခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ၁၇၅၀၀ မှ ၂၀၀၀၀ ကျပ်အထိ ရှိလာကြောင်း ၎င်းတို့ထံမှ သိရသည်။ “ဒီနှစ်က မိုးလေလည်းမှန်တာဆိုတော့ မနှစ်ကထက် စပါးနည်းနည်းပိုရကြတယ်။ စပါးဈေးကလည်း ပိုရတာပေါ့” ဟု ကျွန်းစုမြို့နယ် သဇင်ကျေးရွာမှ လယ်ခုနစ်ဧက ပိုင်ဆိုင်သည့် တောင်သူတစ်ဦးက ပြောသည်။ စပါးဈေးမြင့်တက်လာသော်လည်း အခြားတစ်ဖက်တွင် စိုက်ပျိုးရေးသွင်းအားစုများအပြင် အထွေထွေစရိတ်စကများ မြင့်တက်လာခြင်းကြောင့် အကျိုးအမြတ် နည်းကြောင်း စပါးစိုက်တောင်သူအချို့က ဆိုသည်။ “ဈေးတက်ပေမယ့် သိပ်မကျန်ဘူးပေါ့။ ကိုယ်စိုက်ထားတဲ့ ငွေရင်းနဲ့ စားဖို့အတွက် စပါးကျန်တာပေါ့” မြိတ်မြို့နယ် တောင်ရှည်ရွာရှိ စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။ စပါးစိုက်ပျိုးရန် ကုန်ကျထားသည့် […]
မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မင်းဂုတ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။ မင်းဂုတ်ရွာတစ်ဝိုက်တွင် ယနေ့ ဒီဇင်ဘာလ ၈ ရက် နံနက် ၆ နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်၊ ပျူစောထီးများနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံတို့က ဆိုသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် မင်းဂုတ်ရွာနှင့် မောင်းလှော်ရွာ ဒေသခံများ ထွက်ပြေးနေကြရကြောင်းဒေသခံများက ပြောဆိုသည်။ “လှေတွေနဲ့ ထွက်ပြေးတဲ့သူ ထွက်ပြေး၊ တချို့ မပြေးနိုင်တဲ့သူကလည်း ဘုန်းကြီးကျောင်းမှာ သွားနေကြရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ တိုက်ပွဲဖြစ်ပွားသည့် အကြောင်းအရင်း၊ တိုက်ပွဲနောက်ဆက်တွဲ အခြေအနေများနှင့်ပတ်သက်ပြီး Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်းကလည်း မင်းဂုတ်ကျေးရွာရှိ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ လာရောက်တိုက်ခိုက်ခဲ့သေးသည်။ တိုက်ပွဲဖြစ်နေသည့် […]