ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကျိုက်မရော စစ်ရှောင်များ တစ်လကျော်ကြာလာသည်အထိ နေရပ်မပြန်နိုင်သေး

Dawei Watch

December 13, 2023

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းက ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံများ တစ်လကျော် ကြာလာ သည်အထိ နေရပ်မပြန်နိုင်သေးကြောင်း ဒေသခံများနှင့် စစ်ဘေးရှောင်များကို အကူအညီပေးနေသူတို့ထံမှ သိရသည်။ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်တို့ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့ကစပြီး ဒေသတွင်း တိုက်ပွဲ ပြင်းထန် လာခဲ့သည်။ ဒီဇင်ဘာလဆန်းပိုင်းအထိ စစ်ရေးတင်းမာနေသည့်အပြင် ကျေးရွာတို့တွင် စစ်ကောင်စီ တပ်ဘက်က စခန်းချနေထိုင်နေသည် ရှိသလို KNLAပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ကျေးရွာအနီးတွင် လှုပ်ရှားသွားလာနေသည့်အတွက် အချိန်မရွေး တိုက်ပွဲ ဖြစ်လာနိုင်ကြောင်း ဒေသခံတို့က ပြောသည်။ “နှစ်ဖက်စလုံးက (စစ်တပ်၊ KNLA ပူးပေါင်းတပ်ဖွဲ့) ရွာနီးနားတဝိုက်မှာပဲ ရှိနေတော့ တိုက်ပွဲ အချိန်မရွေးဖြစ်လာနိုင်တယ်။ ပြန်သွားမှ တိုက်ပွဲထဖြစ်လာရင် […]

လောင်းလုံးမြို့အနီး ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက် ကျေးရွာအချို့ကို စစ်ကောင်စီတပ်က ဝင်စစ်၊ ဒေသခံသုံးဦးကိုဖမ်းခေါ်

Dawei Watch

December 13, 2023

လောင်းလုံးမြို့အနီး သဗျာ၊ အင်းဇောက် စသည့်ကျေးရွာတို့အနီးတွင် ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာအချို့ကို ရှောင်တခင်ဝင်ရောက်စစ်ဆေးကာ ဒေသခံသုံးဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဒီဇင်ဘာလ ၁၂ ရက် နံနက်ပိုင်းက သဗျာ၊ အင်းဇောက်ကျေးရွာများရှိ မိန်းလမ်းမပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီးနောက်ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ မည်သည့်အတွက်‌ ပြည်သူ့ကာကွယ်ရေးအဖွဲ့များရောက်ရှိနေသည်ကို မသိသော်လည်း ပစ်ခတ်သံများ၊ လက်နက်ကြီးအသံတို့ကိုမူ ကြားရသည်ဟု ဆိုသည်။ နောက်တစ်ရက် ဒီဇင်ဘာလ ၁၃ ရက် နံနက်ပိုင်းတွင်မူ အဆိုပါကျေးရွာနှစ်ရွာသို့ စစ်ကောင်စီတပ်ဖွဲ့များ ရုတ်တရက် ရောက်လာပြီး ရှောင်တခင် ဝင်ရောက်စစ်ဆေးကြောင်း ဒေသခံတို့ကဆိုသည်။ ယနေ့ နံနက် ၃ နာရီဝန်းကျင်တွင် အင်းဇောက်ရွာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ထို့နောက် ဘုန်းတော်ကြီးကျောင်းတွင် အိပ်နေသည့် ရွာသားများကို […]

မော်လူးမြို့ကို တော်လှန်ရေးအဖွဲ့များ သိမ်းယူ

Dawei Watch

December 13, 2023

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့ရှိ တိုက်နယ်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ တိုက်ခိုက်သိမ်းယူကာ မြို့ကိုထိန်းချုပ်လိုက်ကြောင်း တော်လှန်ရေးအင်အားစုအချို့က ထုတ်ပြန်သည်။ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ ကျောင်းသားတပ်မတော် (ABSDF) ၊ ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းကာ ယနေ့ ဒီဇင်ဘာလ ၁၃ရက် နံနက် ၂နာရီ ဝန်းကျင်တွင် အင်အား ၃၀ ဝန်းကျင်ရှိသည့် ရဲစခန်းကို စတင်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။ တိုက်ခိုက်ပြီး လေးနာရီဝန်းကျင်အကြာ နံနက် ၆ နာရီဝန်းကျင်တွင် မော်လူးမြို့ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ABSDF ထံမှ သိရသည်။ ယင်းနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသလို လေကြောင်းဖြင့် လာရောက်ပစ်ခတ်ကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်သောင်းဝန်းကျင် ထွက်ပြေးနေရကြောင်း RFA မြန်မာပိုင်း သတင်းတစ်ရပ်တွင် […]

သရက်ချောင်းမြို့နယ် ဝင်းဝရွာတံတားဟောင်းအနီး မိုင်းကွဲ၍ လူငယ်တစ်ဦး သေဆုံး၊ တစ်ဦးဒဏ်ရာရ

Dawei Watch

December 12, 2023

သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်ကားလမ်းရှိ ဝင်းဝရွာတံတားဟောင်းအနီးတွင် မိုင်းကွဲ၍ လူငယ်အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောသည်။ ဒီဇင်ဘာ ၁၁ ရက် ညနေ ၄ နာရီခွဲခန့်တွင် ဝင်းဝတံတားအောက်ဘက်ကို ဆိုင်ကယ်စီးလူငယ်နှစ်ဦး ဆင်းသွားပြီးနောက် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ မိုင်းကွဲသဖြင့် အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးမှာ ခြေနှစ်ဖက်စလုံး ပြတ်ထွက်ကာ သေဆုံးခဲ့ပြီး အသက် ၁၄ နှစ်ခန့်ရှိ ယောကျ်ားကလေးတစ်ဦးမှာမူ ခြေထောက်တွင် ကျည်စထိမှန်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ တံတားထိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က မိုင်းပေါက်ကွဲပြီးနောက်တွင် ရောက်လာပြီး ဒဏ်ရာရသည့် လူငယ်ကို သေနတ်ဖြင့် ပစ်ခတ်၍ ယင်းလူငယ်ထွက်ပြေးသွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “တစ်ယောက်က ဖြစ်ဖြစ်ချင်း မသေသေးဘူး၊ အောက်ပိုင်းပြတ်ထွက်သွားတယ်၊ စစ်တပ်က […]

မွန်က မြို့နယ်အချို့တွင် စက်သုံးဆီ ပြင်ပစျေးကွက်ပေါ်လာ၊ ဆီတစ်လီတာ ကျပ် ၇၀၀၀ အထိ ရောင်းချ

Dawei Watch

December 12, 2023

မွန်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်လာပြီးနောက်ပိုင်း မြို့နယ်အချို့တွင် စက်သုံးဆီ ရောင်းချသည့် ပြင်ပ စျေးကွက်ပေါ်လာပြီး စက်သုံးဆီတစ်လီတာလျှင် ကျပ် ၇၀၀၀ အထိ ရောင်းနေကြကြောင်း ဒေသခံတို့ထံမှ သိရသည်။ လက်ရှိတွင် ပြည်နယ်အတွင်းရှိ စက်သုံးဆီဆိုင်အချို့တို့တွင် ဆီဝယ်ယူရရှိနေသော်လည်း နာရီနှင့်ချီ တန်းစီစောင့်ဆိုင်းနေရသလို အချို့ဆိုင်က အကန့်အသတ်ဖြင့် ရောင်ပေးနေကြောင်း မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။ ပြင်ပစျေးကွက်တွင် အလွယ်တကူ လိုသလောက် ဝယ်ယူရရှိသဖြင့် ပြင်ပတွင် စျေးကြီးပေး ဝယ်နေကြရကြောင်း ၎င်းက ဆိုသည်။ စက်သုံးဆီဆိုင်တို့တွင် ၉၂/၉၅ တစ်လီတာ ကျပ် ၂၀၀၀ နှင့် ၃၀၀၀ ကြားသာရှိနေသော်လည်း ပြင်ပ‌စျေးကွက်တွင် ၉၂/၉၅ တစ်လီတာ ကျပ် ၄၀၀၀ မှ ၇၀၀၀အထိ ရောင်းနေကြကြောင်း စက်သုံးဆီသုံးစွဲသည့် ဒေသခံတို့ထံမှ သိရသည်။ ဆီဆိုင်များတွင် အကြိမ်ကြိမ် […]

ကလိန်အောင်တွင် ရဲကားပစ်ခတ်ခံရပြီး အရာရှိတစ်ဦးအပါအဝင် သုံးဦးသေဆုံး

Dawei Watch

December 12, 2023

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင်မြို့အနီးတွင် ယနေ့(ဒီဇင်ဘာ ၁၂) မနက်ပိုင်းက ရဲများလိုက်ပါလာသည့် ဟွန်ဒါဖစ်အနက်ရောင်ကားတစ်စီး ပစ်ခတ်ခံရကြောင်း ကလိန်အောင်ဒေသခံများထံကသိရသည်။ ရေဖြူမြို့နယ် ၊ ရေး- ထားဝယ်ကားလမ်းပိုင်း ၊ ကလိန်အောင်မြို့နယ် ၊ မိုင် ၆၀ ရွာနှင့် သာယာမွန်ရွာအကြားရှိ မိုင်တိုင် ၆၂ အနီးတွင်ပစ်ခတ်ခံရခြင်းဖြစ်သည်။ “ကားမှာ ပစ်ခံထားရတာက အရှေ့မှန်ရော၊ အနောက်မှန်တွေရော အကုန်ကွဲနေတယ်။ တာယာလည်းပေါက်နေတယ်။ အရှေ့ခန်းမှာကတစ်ယောက်၊ အနောက်ခန်းမှာက နှစ်ယောက် သွေးတွေနဲ့ မှတ်တောင်မမှတ်မိဘူး “ ဟု ပစ်ခတ်ခံရသည့်ကားကို မျက်မြင်တွေ့ရသည့် ကားသမားတစ်ဦးက ပြောသည်။ မလွှဲတောင်ဘက်မှ ထားဝယ်ဘက်သို့ ဦးတည်မောင်းနှင်လာစဥ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ခရီးသွားကားသမားများမှ ပစ်ခတ်ခံရသည့်ကားကို မြင်တွေ့ရ၍ ကလိန်အောင်မြို့သို့ အကြောင်းကြားခဲ့ရကြောင်း ကားသမားများကဆိုသည်။ ပစ်ခတ်ခံရသည့်ကားပေါ်တွင် လိုက်ပါလာသူများသည် ကလိန်အောင်နယ်မြေရဲစခန်းမှ ရဲအရာရှိ […]

ရနောင်းတွင် မြန်မာလုပ်သားကိုသတ်ကာ အလောင်းစွန့်ပစ်ခဲ့ကြောင်း ဇနီးဖြစ်သူဝန်ခံဟုဆို

Dawei Watch

December 12, 2023

ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့ရှိ တံတားအောက်တွင် သေဆုံးလျက်တွေ့ရှိသည့် မြန်မာအလုပ်သမားမှာ ဇနီးဖြစ်သူက သတ်ကာ အလောင်းစွန့်ပစ်ထားခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ထံတွင် ဝန်ခံခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။  အခင်းဖြစ်သောညက နေထိုင်ရာအခန်းတွင် အချင်းချင်းစကားများ ရန်ဖြစ်ခဲ့ကြပြီး ခင်ပွန်းဖြစ်သူက ကိုယ်ထိလက်ရောက် ရန်လိုပြုမူရန် ကြိုးစားသဖြင့် မရည်ရွယ်ဘဲ သတ်ဖြတ်မိခဲ့ခြင်းဖြစ်ကြောင်း ဇနီးသည်ဟု ရေးသားထားသည်။  ယင်းနောက် တံတားအောက် မြောင်းထဲတွင် သွားရောက်စွန့်ပစ်ထားခဲ့ကြောင်း ဆိုသည်။  လည်ပင်းတွင် ထိုးသွင်းပြတ်ရှ ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် မြန်မာအလုပ်သမား၏ ရုပ်အလောင်းကို ဒီဇင်ဘာလ ၁၀ ရက် နံနက်ပိုင်းတွင် ငါးရှာထွက်လာသူတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်သည်။  ကနဦးတွင် ဇနီးဖြစ်သူက မသေဆုံးမီ ဒီဇင်ဘာလ ၉ရက် ည ၉နာရီခန့်တွင် ခင်ပွန်းဖြစ်သူ အရက်မူး၍ အိမ်ပြန်လာပြီး ည ၁၁ နာရီခန့်တွင် ဘတ် တစ်ထောင်ယူကာ […]

တစ်လနီးပါးကြာတိုက်ခိုက်ခဲ့သည့် နှုံးဘူးဗျူဟာကို သိမ်းယူနိုင်ပြီဟု AA ထုတ်ပြန်၊ ဗျူဟာမှူးအလောင်းရဟုဆို

Dawei Watch

December 12, 2023

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ နှုံးဘူးဗျူဟာကို ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ၂၇ ရက်အကြာတွင် သိမ်းယူနိုင်ခဲ့ပြီး ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းအချို့၏ အလောင်းရရှိကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန် သည်။  စစ်ကောင်စီဘက်က လက်နက်ကြီးများ၊ လေကြောင်းပစ်ကူ အမြောက်အများဖြင့် အပြင်းအထန် ပစ်ခတ်ခဲ့သော်လည်း ဒီဇင်ဘာလ ၁၀ရက်တွင် နှုံးဘူးဗျူဟာကုန်းတစ်ခုလုံးကို သိမ်းယူနိုင်ခဲ့ကြောင်း ဒီဇင်ဘာလ ၁၁ ရက်က ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။  နှုံးဘူးဗျူဟာမှူး အလောင်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းအချို့၊ လက်နက်ခဲယမ်းအမြောက်အမြားတို့အား သိမ်းဆည်းရမိကြောင်းလည်း ထုတ်ပြန်ထားသည်။ တစ်ပိုင်းတစ်စ သိမ်းပိုက်ရန်ကျန်ရှိနေသေးသော စခန်းများကိုလည်း သိမ်းယူနိုင်ရန် ဆက်လက်တိုက်ခိုက်နေကြောင်း AA က ဆိုသည်။ နှုံးဘူးဗျူဟာ ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် AA ဘက်က အထိအခိုက်အကျအဆုံးရှိကြောင်း ထုတ်ပြန်ထားပြီး အရေအတွက်ကို ဖော်ပြထားခြင်း မရှိပေ။ ပလက်ဝမြို့နယ်ရှိ ဗျူဟာကုန်းနှစ်ခုဖြစ်သည့် ထရွအိုင်နှင့် နှုံးဘူးဗျူဟာစခန်းတို့ကို နိုဝင်ဘာလ […]