ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

နမ့်ဆန်ရှိ စစ်ကောင်စီတပ်ပိုင် ရွှေဖီဦးစက်ရုံကို သိမ်းယူလိုက်ကြောင်း TNLA ထုတ်ပြန်

Dawei Watch

December 14, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ရှိ ရွှေဖီဦးလက်ဖက်ရည်ထုတ်လုပ်သည့် စစ်ကောင်စီတပ်ပိုင် လက်ဖက်ခြောက်စက်ရုံကို သိမ်းယူလိုက်ကြောင်း တအာင်းတပ်မတော် TNLA က ထုတ်ပြန်သည်။ ဒီဇင်ဘာလ ၁၃ရက် ညနေပိုင်းတွင် သိမ်းယူလိုက်ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီတပ်ဘက်က Y12 လေယာဉ်ဖြင့် ၁၁ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ စစ်ကောင်စီတပ် ရိက္ခာအတွက် ထောက်ပံ့ပေးနေသည့် စက်ရုံကို သိမ်းယူလိုက်ခြင်းဖြစ်ကြောင်း TNLA ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောဆိုကြောင်း RFA မြန်မာပိုင်းသတင်းတစ်ရပ်တွင် ဖော်ပြသည်။ TNLA က နမ့်ခမ်းမြို့ ပတ်ဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းတို့ကို ဒီဇင်ဘာလ ၁၀ရက်မှစတင်ကာ တိုက်ခိုက်သိမ်းယူနေသဖြင့် တိုက်ပွဲများဖြစ်ပွားနေသည်။ စစ်ကောင်စီတပ်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လက်နက်ကြီးဖြစ်ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် နမ့်ခမ်းမြို့ပေါ်ရပ်ကွက်နှစ်ခု၊ ကျေးရွာသုံးရွာတို့တွင် ဘုန်းကြီးကျောင်းတစ်ကျောင်း၊ နေအိမ် ၁၆ လုံး […]

ဥတ္တူကျေးရွာတွင် နေအိမ်နှစ်ဆောင် မီးရှို့ခံရ

Dawei Watch

December 14, 2023

သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာမှ နေအိမ်နှစ်ဆောင်ကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာ ၁၃ ရက် မနက် ၇ နာရီခန့်က ဥတ္တူရွာဘက်ကို စစ်ကောင်စီက လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သဖြင့် နေအိမ်တစ်လုံး မီးလောင်ခဲ့ကြောင်း၊  နေ့လယ် ၁၁ နာရီခန့်တွင် ဥတ္တူရွာထဲကို အင်အား ၄၀ ခန့်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်း ရောက်လာပြီး နေအိမ်တစ်ဆောင်နှင့် မကြာသေးမီက ဖွင့်လှစ်ထားသည့် ယာယီစာသင်ကျောင်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ “ဥတ္တူရွာထဲကို ဘာကြောင့် ဝင်လာတယ်ဆိုတာတော့ မသိဘူး၊ ဖမ်းဆီးခံရသူရှိမရှိ အသေးစိတ်အခြေအနေတွေကိုတော့ ကျွန်တော်တို့စုံစမ်းနေဆဲဖြစ်တယ်” ဟု တာဝန်ရှိသူက ဆိုသည်။ ရွာထဲမှ နေအိမ်များကိုလည်း မွှေနှောက်ရှာဖွေခြင်း၊ ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ပြီး ညနေ ၄ နာရီခန့်တွင် ပြန်လည်ထွက်ခွာသွားသည်ဟု ၎င်းက ပြောသည်။ […]

လောင်းလုံး ညင်းမော်ရွာတွင် စစ်ကောင်စီတပ်က ရွှေ‌၊ ပိုက်ဆံနှင့် ဆိုင်ကယ်များသိမ်းယူ

Dawei Watch

December 14, 2023

စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာရှိ နေအိမ်များကို ဒီဇင်ဘာလ ၁၃ ရက် ညသန်းခေါင်အချိန်တွင် ဝင်ရောက်ရှာဖွေပြီး ရွှေ၊ပိုက်ဆံနှင့် ဆိုင်ကယ်များကို သိမ်းယူသွားကြောင်း ဒေသခံများကပြောသည်။ စစ်ကောင်စီတပ်သည် ည ၁၁ နာရီကျော်အချိန်တွင် လောင်းလုံးမြို့ပေါ်မှ ကားငါးစီးဖြင့် ကပ်လျက်ရှိ ညင်းမော်ကျေးရွာသို့ ရုတ်တရက်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။ ယင်းနောက် ရွာလမ်းမကြီးတစ်လျှောက်ရှိ နေအိမ်များအတွင်း အဓမ္မဝင်ရောက်ကာ ရွှေ၊ ပိုက်ဆံ၊ ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းများကို သိမ်းဆည်းယူဆောင်သွားကြောင်း ‌သိမ်းဆည်းခံရသည့် ဒေသခံများကပြောသည်။ “ရွှေပါတဲ့သူပါ၊ ပိုက်ဆံပါတဲ့သူပါ၊ ဆိုင်ကယ်ပါတဲ့သူပါ တော်တော်များများပါသွားကြတယ်။ ( ကျပ်) သိန်း ၆၀ လောက်အထိပါတဲ့သူလည်းရှိတယ်။ ကျွန်မတို့မှာ‌တော့ ဆိုင်ကယ်တစ်စီးနဲ့ ဖုန်းတစ်လုံးပါတယ်” ဟု သိမ်းဆည်းခံရသူတစ်ဦးဖြစ်သည့် လူငယ်အမျိုးသမီးတစ်ဦးက ဆိုသည်။ လိုင်စင်မရှိဟုဆိုကာ ဆိုင်ကယ်အစီးရေ အနည်းဆုံးဆယ်စီးကို သိမ်းဆည်းသွားပြီး သိမ်းဆည်းထားသည့်ဆိုင်ကယ်ကို […]

မြိတ်တွင် ဝန်ကြီးဟောင်းနေအိမ် ဗုံးပေါက်၊ မိသားစုဝင်တစ်ဦး ဒဏ်ရာရ

Dawei Watch

December 13, 2023

သမ္မတဦးသိန်းစိန်အစိုးရလက်ထက် တနင်္သာရီတိုင်း ဝန်ကြီးအဖြစ်တာဝန်ယူခဲ့သူ ဦးသိန်းလွင်၏ နေအိမ်တွင် ဗုံးပေါက်ကွဲခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။ ဒီဇင်ဘာလ ၁၂ ရက် ညဦးပိုင်းအချိန်က ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ချိန် ဝန်ကြီးဟောင်း ဦးသိန်းလွင်မှာ နေအိမ်တွင် မရှိကြောင်း မြို့ခံအချို့က ဆိုသည်။ “သူက (ဝန်ကြီးဟောင်းဦးသိန်းလွင်) အိမ်မှာမရှိတဲ့အချိန် (ဗုံး) ပေါက်တာ။ ခရီးသွားနေတယ်လို့ပြောတယ်” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။ ဦးသိန်းလွင်၏ သမီးဖြစ်သူတွင်မူ ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့သည့်အပြင် နေအိမ်၊ ကားတို့ ဗုံးစထိမှန်ပျက်စီးမှုရှိကြောင်း မြို့ခံအချို့က ဆိုသည်။ ဗုံးပေါက်သည့်နေရာသို့ စစ်ကောင်စီကတပ်က လာရောက်စစ်ဆေးခဲ့ပြီး သေနတ်ပစ်ဖောက်မှုများပြုလုပ်ခဲ့သည့်အပြင် နေအိမ်များကိုလည်း ရှာဖွေစစ်ဆေးခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။ ယနေ့ ဒီဇင်ဘာလ ၁၃ ရက်တွင်လည်း မြိတ်မြို့နေရာအချို့တွင် စစ်ဆေးမှုများရှိနေဆဲဖြစ်ကြောင်း မြို့ခံအချို့ကဆိုသည်။ ကြံ့ခိုင်ရေးပါတီဝင် ဦးသိန်းလွင်မှာ တနင်္သာရီတိုင်းအစိုးရအဖွဲ့တွင် […]

စစ်ကောင်စီတပ်ကားသုံးစီးကို ပုလောတွင် ပစ်ခတ်တိုက်ခိုက်

Dawei Watch

December 13, 2023

စစ်ကောင်စီတပ်ကားသုံးစီးကို ပုလောမြို့နယ် ၇ မိုင်အနီးတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပုလောပြည်သူ့ကာကွယ်ရေး တပ် မြိတ်ခရိုင်တပ်ရင်း(၁)က ယနေ့ (ဒီဇင်ဘာ ၁၃) ထုတ်ပြန်ထားသည်။ ပုလောမြို့ကနေ ပလောက်မြို့ဘက်ထွက်ခွာလာသည့် စစ်ကောင်စီကားသုံးစီးကို ဒီဇင်ဘာလ ၁၂ ရက် နံနက် ၈ နာရီခွဲခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၇ ဦး ဒဏ်ရာရခဲ့ပြီး မနက် ၉ နာရီခန့်တွင် သစ်လှတောကျေးရွာအနီးတွင် ထပ်ပြီးမိုင်းဆွဲတိုက်ခိုက်ခံရသည်ဟု ထုတ်ပြန်ချက်ကဆိုသည်။ ဒုတိယအကြိမ်တိုက်ခိုက်မှုတွင် ကားတစ်စီးပျက်စီးခဲ့သဖြင့် စစ်ကောင်စီတပ်က နေရာမှာပင်စွန့်ပစ်ခဲ့ပြီး ယင်းကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့သည် လမ်းပေါ်ဖြတ်သွားသည့် အရပ်သားကားတစ်စီးကို တားဆီးယူဆောင်သွားသည်ဟု အထက်ပါအဖွဲ့၏ ထုတ်ပြန်ချက်က ဆိုသည်။ သို့သော်ယင်းဖြစ်စဉ်ကြောင့် စစ်ကြောင်းထိုးခြင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများမရှိဟု ပြန်ကြားရေးတာဝန်ခံက ပြောဆိုထားသည်။

မြန်မာထုတ် မူးယစ်ဆေးပြား သန်း ၅၀ကျော် ထိုင်းတွင်ဖမ်းမိ၊ အာရှတွင် ဒုတိယအများဆုံးဖမ်းမိမှုဖြစ်လာ

Dawei Watch

December 13, 2023

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် စံချိန်တွင် အများဆုံးအရေအတွက်ဖြစ်သော မူးယစ်ဆေးပြား သန်း ၅၀ ကျော်ကို ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယင်းအရေအတွက်သည် ထိုင်းနိုင်ငံအတွက် စံချိန်တင်အများဆုံးဖြစ်ပြီး အာရှဒေသတွင်လည်း ဒုတိယအများဆုံးဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ရွှေတြိဂံနယ်မြေ လာအိုနိုင်ငံဘက်တွင် မူးယစ်ဆေးပြား ၅၅ သန်းကျော် ဖမ်းဆီးရမိပြီးနောက် ယခုအရေအတွက်သည် အာရှဒေသတွင် ဒုတိယအများဆုံးဖြစ်လာကြောင်း ကုလသမဂ္ဂဘက်က ပြောသည်။ ယခုဖမ်းမိသည့် မူးယစ်ဆေးများမှာ ရှမ်းပြည်နယ်ဘက်တွင် ထုတ်လုပ်ခဲ့ပြီး အခြားနိုင်ငံများသို့ ခိုးသယ်ရန်အတွက် လက်နက်ကိုင်များနှင့် အာရှရာဇဝတ်ဂိုဏ်းများ ပူးပေါင်းနေကြကြောင်း မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး၏ အရှေ့တောင်အရှ ကိုယ်စားလှယ် Mr. Jeremy Douglas က REUTERS သတင်းဌာနသို့ ပြောဆိုထားသည်။ ၆ ဘီးကားပေါ်တွင် […]

လူထုမျှော်လင့်သည့် နိုင်ငံရေးရည်မှန်းချက်ကို လျစ်လျူရှုမည်မဟုတ်ဟု မြောက်ပိုင်းမဟာမိတ်ထုတ်ပြန်

Dawei Watch

December 13, 2023

ပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်နေသည့် နိုင်ငံရေးရည်မှန်းချက်ကို လျစ်လျူရှုမည်မဟုတ်ဘဲ ဘုံရည်မှန်းချက် ပြည့်ဝသည်အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ပူးတွဲထုတ်ပြန်သည်။ တရုတ်အကူအညီဖြင့် စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA ၊ ရခိုင်တပ် AA တို့ တရုတ်နိုင်ငံတွင် နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ပြီးနောက် မြောက်ပိုင်းမဟာမိတ်ဘက်က ဒီဇင်ဘာလ ၁၂ရက်ညတွင် ယင်းသို့ ထုတ်ပြန်လာခြင်းဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေး ရည်မှန်းချက်အတိုင်း စစ်ကောင်စီ တပ်စခန်းများ၊ လက်နက်ကြီးစခန်းကုန်းများကို တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းယူနေကြောင်းလည်း ဖော်ပြသည်။ တစ်ဖွဲ့ချင်းစီနှင့် သုံးဖွဲ့စလုံး၏ စုပေါင်းရည်မှန်းချက် အတိုင်းအတာတစ်ခုအထိ ပြည့်ဝခဲ့ပြီဖြစ်သော်လည်း ရည်မှန်းအားလုံး ပြီးမြောက်ရန် အချိန်ကာလတစ်ခုအထိ ဆက်လက်တိုက်ပွဲဝင်သွားဦးမည်ဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်တို့က ဆိုသည်။ လတ်တလောတွင် တွေ့မြင်နေရသော သတင်းအချို့ကြောင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် […]

ကျိုက်မရော စစ်ရှောင်များ တစ်လကျော်ကြာလာသည်အထိ နေရပ်မပြန်နိုင်သေး

Dawei Watch

December 13, 2023

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းက ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံများ တစ်လကျော် ကြာလာ သည်အထိ နေရပ်မပြန်နိုင်သေးကြောင်း ဒေသခံများနှင့် စစ်ဘေးရှောင်များကို အကူအညီပေးနေသူတို့ထံမှ သိရသည်။ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်တို့ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့ကစပြီး ဒေသတွင်း တိုက်ပွဲ ပြင်းထန် လာခဲ့သည်။ ဒီဇင်ဘာလဆန်းပိုင်းအထိ စစ်ရေးတင်းမာနေသည့်အပြင် ကျေးရွာတို့တွင် စစ်ကောင်စီ တပ်ဘက်က စခန်းချနေထိုင်နေသည် ရှိသလို KNLAပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ကျေးရွာအနီးတွင် လှုပ်ရှားသွားလာနေသည့်အတွက် အချိန်မရွေး တိုက်ပွဲ ဖြစ်လာနိုင်ကြောင်း ဒေသခံတို့က ပြောသည်။ “နှစ်ဖက်စလုံးက (စစ်တပ်၊ KNLA ပူးပေါင်းတပ်ဖွဲ့) ရွာနီးနားတဝိုက်မှာပဲ ရှိနေတော့ တိုက်ပွဲ အချိန်မရွေးဖြစ်လာနိုင်တယ်။ ပြန်သွားမှ တိုက်ပွဲထဖြစ်လာရင် […]