ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်တွင် ဒေသခံပန်းချီဆရာများ၏ ပန်းချီပြပွဲ ပြုလုပ်

Dawei Watch

December 17, 2023

ထားဝယ်မြို့၊ လှိုင်းခတ်သံပန်းချီပြခန်းတွင် ဒေသခံပန်းချီဆရာ ၈ ဦး၏ ပန်းချီပြပွဲကို ဒီဇင်ဘာလ ၁၄ ရက်မှ ၁၇ ရက်နေ့အထိ ၄ ရက်တာ ကျင်းပနေသည်။ ပြပွဲတွင် ပန်းချီကားရောင်းချခြင်းနှင့်အတူ လက်တွေ့ပန်းချီ ရေးဆွဲပြခြင်းများလည်း ထည့်သွင်းပြုလုပ်နေသည်။ ယခုပန်းချီပြပွဲသည် ကိုဗစ်ကပ်ဘေးကာလနောက်ပိုင်း ထားဝယ်မြို့တွင် ပထမဆုံးပြန်လည်ကျင်းပသည့် ပန်းချီပြပွဲ ဖြစ်သလို လှိုင်းခတ်သံပန်းချီပြခန်း၏ ပွဲဦးထွက်ပန်းချီပြပွဲလည်းဖြစ်သည်။

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

December 16, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကမ္ဘာမှာ ဘိန်းထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်လာတဲ့ မြန်မာ မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်ကို ကျော်ပြီး ကမ္ဘာမှာ ဘိန်းထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်လာပါတယ်။ ဒီနှစ်မှာ မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှု ၃၆ရာခိုင်နှုန်းတိုးလာပြီး တစ်နှစ်အတွင်း တန်ပေါင်းတစ်ထောင်ကျော် ထုတ်လုပ်ခဲ့ တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ဒီဇင်ဘာလ ၁၂ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု သုံးနှစ်ဆက်တိုက် တိုးလာပြီး ဒီနှစ်မှာ အများဆုံးဖြစ်လာ ပါတယ်။ အာဖဂန်နစ္စတန်မှာ မူးယစ်ဆေးဝါး တားမြစ်ပိတ်ပင်မှုတွေကြောင့် ဘိန်းစိုက်ပျိုးမှု လျော့ကျလာချိန် လက်နက်ကိုင် ပဋိပက္ခ ပြင်းထန်နေတဲ့ […]

ခုနှစ်လောင်းပြိုင်လူသတ်မှုတွင် ပါဝင်ခဲ့သည်ဆိုသူတစ်ဦးကို ပုလောစစ်ကြောင်း ၁ ဖမ်းဆီး

Dawei Watch

December 16, 2023

ပုလောမြို့နယ်တွင် လွန်ခဲ့သည့် ၁၀ လခန့်ကဖြစ်ပေါ်ခဲ့သော ခုနှစ်လောင်းပြိုင်လူသတ်မှုတွင် ပါဝင်ခဲ့သည်ဆိုသူတစ်ဦးကို ဖမ်းဆီးရမိထားကြောင်း ပုလောစစ်ကြောင်း- ၁ က ထုတ်ပြန်လိုက်သည်။ သတ်ဖြတ်မှုတွင် ပါဝင်ကျူးလွန်ခဲ့သူ အသက် ၅၅ နှစ်အရွယ် ဦးဝင်းထွန်းကို ပုလောစစ်ကြောင်း-၁ က ညောင်ရှင်ကုန်းရွာတွင် ဒီဇင်ဘာ ၁၁ ရက် နံနက် ၇ နာရီခန့်တွင် သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ခုနှစ်လောင်းပြိုင် လူသတ်မှုတွင် ဦးဝင်းထွန်း ကိုယ်တိုင်ပါဝင်ခဲ့သည်ကို ကိုယ်တိုင်ဝန်ခံထားပြီး အခြားသူများကိုလည်း စစ်ဆေးဖော်ထုတ်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ထားသည့် ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ ပုလောမြို့နယ်၊ ပလောက်မြို့နယ်ခွဲ၊ ကျောက်လုံးကြီးကျေးရွာအုပ်စု ညောင်ရှင်ကုန်းရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၏ ဇနီးနှင့် သမီးဖြစ်သူ၊ မြေးဖြစ်သူတို့ကို လက်နက်ကိုင်လူတစ်စုက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၁ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

December 16, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဘုရင်စနစ်ကို အသရေဖျက်မှုဖြင့် ထိုင်းလူငယ်အမတ်တစ်ဦး ထောင်ဒဏ် ၆ နှစ်ချမှတ်ခံရ ထိုင်းနိုင်ငံက လူငယ်အမျိုးသမီး လွှတ်တော်အမတ်တစ်ဦးက ဘုရင်၊ မိဖုရားတွေကို ဂုဏ်ညှိုးနွမ်းအောင် လုပ်ဆောင်ခဲ့လို့ဆိုပြီး ဥပဒေ ၁၁၂ အရ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံလိုက်ရပါတယ်။ အသက် ၂၉ နှစ်အရွယ် အိုက်စ် (Ice) ဟာ ဘုရင်စနစ်ကို ဝေဖန်တဲ့ ပို့စ်တွေကို လူမှုကွန်ရက်မှာ တင်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာပါ။ သူမကတော့ မပြစ်မရှိတဲ့ကြောင်း ထွက်ဆိုပါတယ်။ အခုတော့ အယူခံဝင်နိုင်ဖို့ နောက်တစ်ကြိမ် ကျူးလွန်မှုမလုပ်ပါဘူးဆိုတဲ့ ကန့်သတ်ချက်နဲ့ အာမခံလျှောက်ထားရပါတယ်။ အိုက်စ် […]

မောရဝတီရေတပ်စခန်းဌာနချုပ်ကို ဗုံးချတိုက်ခိုက်

Dawei Watch

December 16, 2023

ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသ ၊ အုန်းပင်ကွင်းကျေးရွာအုပ်စုတွင် အခြေစိုက်ထားသည့် မောရဝတီရေတပ်စခန်းဌာနချုပ်(ဟိန္ဇဲဒေသ) အတွင်းသို့ ဗုံးသီးချတိုက်ခိုက်ခံခဲ့ရကြောင်းသိရသည်။ ဒီဇင်ဘာလ ၁၅ ရက် မနက်ပိုင်းတွင် ဗုံးချတိုက်ခိုက်ခံရ၍ ပေါက်ကွဲမှုဖြစ်ပြီးနောက် ကံပေါက်တိုက်နယ် အဝင်လမ်းအားလုံးကို စစ်ကောင်စီတပ်က ပိတ်ချလိုက်ကြောင်း ယာဥ်မောင်းများထံမှသိရသည်။ “ ရေတပ်ထဲမှာပေါက်ကွဲသံတွေ ကြားပြီး ရုန်းရင်းဆန်ခတ်ဖြစ်သွားတယ်။ ပြီးတာနဲ့ကျောင်းပိတ်ပြီး ကျောင်းသားတွေကို ပြန်လွှတ်ပေးလိုက်တယ်” ဟု အုန်းပင်ကွင်းရွာမှ ကျောင်းသားမိဘတစ်ဦးက ပြောပြသည်။ ရေတပ်စခန်းဌာနချုပ်ဘက်ကလည်း လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့၍ အိန္ဒရာဇာကျေးရွာအုပ်စု ၊ ဆင်ကူးရွာရှိ ဥယျာဥ်ခြံတစ်ခုအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။ “ ကျွဲသုံးညီမရွာဘက်က လှေတွေလည်း တက်လာလို့မရဘူး၊ ပင်လယ်ဝဘက်မှာ လက်နက်ကြီးတွေထုနေတယ်” ဟု စက်လှေသမားတစ်ဦးက ဒီဇင်ဘာလ ၁၅ ရက်ညက ပြောသည်။ လမ်းပိတ်ဆို့ထားမှုကို ဒီဇင်ဘာလ […]

လောင်းလုံးက ကျေးရွာများကို စစ်ကောင်စီခြိမ်းခြောက်

Dawei Watch

December 15, 2023

လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာသို့ ဝင်ရောက်ပြီး ပြည်သူပိုင်ဆိုင်ကယ်၊ ရွှေနှင့်ပိုက်ဆံများကို သိမ်းဆည်းယူဆောင်သွားသည့် စစ်ကောင်စီတပ်က PDF အားပေးပါက ကျေးရွာကို ဖျက်ဆီးပစ်မည်ဟုလည်း ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများကပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၁၅ ရက် မနက်ပိုင်းတွင် စစ်ကောင်စီတပ်က လောင်းလုံးမြို့နှင့်ကပ်လျက် စစ်ပြဲကျေးရွာသို့ ဝင်ရောက်လာခြင်းဖြစ်သည်။ ဝင်ရောက်လာသည့်အချိန်မှစပြီး နေ့လယ်ပိုင်းအချိန်အထိ စစ်ပြဲကျေးရွာအုပ်စုထဲရှိ ရှေ့ဖက္ကား၊ ပိန်းရှောင်၊ အနောက်ပိုင်း၊ အရှေ့ပိုင်း ကျေးရွာတို့မှ ပြည်သူပိုင် ဆိုင်ကယ်နှင့် ရွှေ၊ ပိုက်ဆံများကို သိမ်းဆည်ယူဆောင်သွားခဲ့သည်ဟု ဒေသခံတို့ကဆိုသည်။ ဆိုင်ကယ်အစီးရေ သုံးဆယ်ခန့် အနည်းဆုံး ပါသွားသည်ဟုဆိုသည်။ “လိုင်စင်ရှိတဲ့ဆိုင်ကယ်ရော၊ မရှိတာရော တွေ့တာအကုန်သိမ်း၊ အကုန်ယူ။ လူမရှိတဲ့အိမ်တွေထဲမှာလည်း ဝင်ရှာသွားတာ ခြေသုပ်ပိုင်းတွေပါ မကျန်ဘူးရှာထားတာ။ ရွှေတွေ့ရွှေယူ၊ ပိုက်ဆံတွေ့ ပိုက်ဆံယူပဲ” ဟု ပိုက်ဆံနှစ်သိန်းကျပ် ပါသွားသည့် ဒေသခံအမျိုးသမီးတစ်ဦးကဆိုသည်။ […]

စစ်ကောင်စီစခန်း ၁၄၀ ကျော်ကို သိမ်းယူနိုင်ခဲ့ကြောင်း AA ထုတ်ပြန်

Dawei Watch

December 15, 2023

၁၀၂၇ စစ်ဆင်ရေးကာလ ၄၅ ရက်အတွင်း စစ်ကောင်စီ၏ စစ်ရေးအချက်အခြာကျသော ဗျူဟာကုန်းများ၊ တပ်စခန်းများ၊ ရဲစခန်းများ၊ စစ်ဘက်ရဲဘက် ပူးပေါင်းစခန်းများ၊ နယ်ခြားစောင့်စခန်းများ စုစုပေါင်း ၁၄၂ ခုကို ရက္ခိုင့်တပ်တော် AA က သိမ်းယူနိုင်ခဲ့ကြောင်း AA က ထုတ်ပြန်သည်။ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာလ ၂၇ရက်မှ ဒီဇင်ဘာလ ၁၀ ရက်အထိ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၅ ခုနှင့် ချင်းပြည် နယ် ပလက်ဝမြို့နယ်တို့တွင် သိမ်းယူထားနိုင်ခဲ့ခြင်းဖြစ်ကြောင်း AA က ဒီဇင်ဘာလ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်တွင် စခန်း ၆၂ခုဖြင့် အများဆုံးသိမ်းယူထားပြီး ပလက်ဝမြို့နယ်တွင် ဗျူဟာ နှစ်ခု အပါအဝင် စခန်း ၁၇ ခုဖြင့် ဒုတိယအများဆုံး […]

တော်လှန်ရေးရဲဘော်နှစ်ဦးကို လောင်းလုံးပကဖက ဖမ်းဆီးထား၍ တင်းမာမှုဖြစ်နေ

Dawei Watch

December 15, 2023

PDF ရဲဘော်နှစ်ဦးကို လောင်းလုံးမြို့နယ် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ဖမ်းဆီးထားသဖြင့် တင်းမာမှုများဖြစ်ပေါ်နေကြောင်း ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူအချို့က ပြောသည်။ လောင်းလုံးမြို့နယ်ပကဖ တပ်ဖွဲ့တစ်ခုဖြစ်သည့် ဝံပုလွေတပ်စုမှ အသက် ၂၄ နှစ်အရွယ် ရဲဘော်ရေခဲ၊ ပြည်သူ့ကာကွယ်‌ရေးတပ်မတော် (PDF) ထားဝယ်ခရိုင်အမှတ်(၂) တပ်ရင်းမှ အသက် ၂၆ နှစ်ခန့်ရှိ ရဲဘော်သားကြီးတို့ကို လောင်းလုံးမြို့နယ်(ပကဖ) တာဝန်ခံများက ဖမ်းဆီးထားခြင်းဖြစ်သည်။ ဒီဇင်ဘာ ၁၁ ရက် ညနေ ၄ နာရီခွဲခန့်က လောင်းလုံးမြို့အဝင် အုန်းသီးရုပ်အနီးတွင် လောင်းလုံးမြို့နယ်ပကဖ တာဝန်ခံများဖြစ်သော နဂါးမင်းနှင့် မမကြီးတို့ ဦးဆောင်သည့်အဖွဲ့က ဖမ်းဆီးထားခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူအချို့ကဆိုသည်။ ယင်းဖမ်းဆီးမှုများနှင့် ပတ်သက်၍ လောင်းလုံးပကဖအဖွဲ့များအကြားတွင် တင်းမာမှုများ ဖြစ်နေခြင်းဖြစ်သည်။ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန်နှင့် ဖမ်းဆီးရသည့်အကြောင်းရင်းကို မေးမြန်းသော်လည်း နဂါးမင်းနှင့် မမကြီးဘက်က […]