ထားဝယ်မြို့ပေါ်တွင် သုံးရက်အတွင်းအမျိုးသားနှစ်ဦး သ-တ်သေ
Dawei Watch
October 15, 2025ထားဝယ်မြို့ပေါ်တွင် သုံးရက်အတွင်းအမျိုးသား နှစ်ဦးအထိကိုယ့်ကိုယ်ကို သတ်သေမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံအချို့ထံမှသိရသည်။ ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်ရှိ ရပ်တော်မူဘုရားအနောက်လမ်းတွင် အောက်တိုဘာလ ၁၅ ရက် ယနေ့ နံနက်ပိုင်းက အမျိုးသားတစ်ဦး နေအိမ် ရေချိုးခန်းအတွင်း ကိုယ့်ကိုယ်ကို ကြိုဆွဲချသတ်သေခဲ့ကြောင်း မြို့ခံများထံမှသိရှိရသည်။ သေဆုံးသူမှာအသက် ၇၀ ဝန်းကျင်အရွယ်ရှိ ဦးတင်စိန်ဆိုသူဖြစ်ပြီး ယနေ့ နံနက်ပိုင်းက ဇနီးဖြစ်သူကို ဆန်ပြုတ် သွားဝယ်ခိုင်းရာမှ ဇနီးဖြစ်သူပြန်လာချိန်တွင် ၎င်း၏နေအိမ်၌ ကြိုးဆွဲချ သေဆုံးနေခြင်းဖြစ်သည်ဟု မြို့ခံကပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်နေ့ ညကလည်း ထားဝယ်မြို့ ညောင်းရမ်းတောင်ရပ်ကွက်ရှိ ဘုန်းကြီး ကျောင်း တစ်ကျောင်း၌ ကျောင်းဆောင် နှစ်ဆောင်ကူးသည့် စင်္ကြန်လမ်းပေါ်မှ အမျိုးသားတစ်ဦး ခုန်ချသတ်သေခဲ့ကြောင်း မြို့ခံများ၏ ပြောဆိုချက်အရသိရှိရသည်။ ခုန်ချသတ်သေခဲ့သူအမျိုးသားမှာ ရန်ကုန်မြို့ ဒဂုံမြို့သစ်ဆိပ်ကမ်း ဇာတိဖြစ်သူ အသက်၃၀ […]


