ထိုင်းက စစ်ကောင်စီနှင့် ညှိနှိုင်းပြီး လူသားချင်းစာနာမှုအကူအညီပေးမည်ဟုဆို
Dawei Watch
January 18, 2024ထိုင်းနိုင်ငံအနေဖြင့် စစ်ကောင်စီနှင့် ညှိနှိုင်းပြီး မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း ဆွစ်ဇာလန်ရောက်ရှိနေသော ထိုင်းဒုဝန်ကြီးချုပ်က ပြောကြားလိုက်သည်။ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန်လည်း အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ဆွစ်ဇာလန်နိုင်ငံ ဒါးဗိုစ်မြို့တွင် ကျင်းပခဲ့သော ၅၄ ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သော Parnpree Bahiddha-nukara က ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး တည်ငြိမ်ရေးနှင့် စည်းလုံးညီညွတ်ရေးကို မြှင့်တင်နိုင်ရန်လည်း ထိုင်းနိုင်ငံသည် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ တက်ကြွစွာ ပူးပေါင်းပါဝင်နေကြောင်း ၎င်းကဆိုသည်။ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး နိုင်ငံရေးအရ ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရန်အတွက်လည်း စေ့စပ်ညှိနှိုင်းကြရန် လိုအပ်ကြောင်း ၎င်းက ဆိုခဲ့သည်။ ထိုင်းနိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုလည်း လိုအပ်သလို […]


