ညောင်ပင်ကွင်းတံတားအနီး နှစ်ဖက်ပစ်ခတ်မှုအတွင်း အမျိုးသမီးကြီးတစ်ဦး ကျည်ထိမှန်သေဆုံး
Dawei Watch
January 21, 2024တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာ တံတားအနီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း အသက် ၆၀ ဝန်းကျင် အမျိုးသမီးတစ်ဦး သေဆုံးကြောင်း ရွာသားများက ပြောသည်။ ဇန်နဝါရီလ ၁၉ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့ များ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း ရွာသားတို့က ဆိုသည်။ ကျည်ထိမှန်သေဆုံးသူ ညောင်ပင်ကွင်းတံတားထိပ် (အနောက်ဘက်ကမ်း) တွင် နေထိုင်သည့် ဒေါ်အေးဆိုသူဖြစ်ပြီး နေအိမ်အနီးတွင် ကျည်ထိမှန်ခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။ “ညနေ ၃ နာရီခွဲလောက် လက်နက်ငယ်အသံတွေ စကြားရတယ်ရှင့်။ ဒေါ်အေးက ပုန်းနေသေးတယ်။ သေနတ်သံ ခဏစဲလို့ အပြင်ထွက်ပြီး အမှိုက်ထွက်သိမ်းတဲ့အချိန် သေနတ်ကျည်ထိသွားတယ်။ နှစ်ဖက်ပစ်နေကြတာဆိုတော့ ဘယ်ဘက်ကလာတဲ့ ကျည်ဆန်မှန်းတော့ မသိဘူး” ဟု ရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။ ဒေါ်အေး၏ ရုပ်အလောင်းကို ဇန်နဝါရီလ ၁၉ရက်တွင် ညောင်ပင်ကွင်းရွာအရှေ့ဘက်ကမ်းတွင် သင်္ဂြိုဟ်ခဲ့ကြောင်း […]


