တိုက်ပွဲများဖြစ်ပွားနေသည့် တနင်္သာရီတိုင်းတွင် သန်းခေါင်စာရင်းကောက်မည်ဟု စစ်ကောင်စီဆို
Dawei Watch
January 22, 2024တနင်္သာရီတိုင်းတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန် စစ်ကောင်စီပြင်ဆင်လျှက်ရှိသည်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအား လက်နက်ကိုင်ခုခံတော်လှန်မှုတို့ကြောင့် တိုင်းအတွင်း နေရာအနှံ့အပြားတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံများထွက်ပြေးတိမ်းရှောင်နေရသည့်အချိန်တွင် သန်းခေါင်စာရင်းကောက်ရန် စီစဉ်လာခြင်းဖြစ်သည်။ “အခုချိန် သန်းခေါင်စာရင်းထကောက်ရင် ဘာအချက်အလက်မှ တိတိကျကျရမှ မဟုတ်ဘူး” ဟု နိုင်ငံရေးအခြေအနေ စိတ်ဝင်စားသည့် ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။ စစ်ကောင်စီကမူ နောက်ထပ်ဆယ်လကြာလျှင် သန်းခေါင်စာရင်း စတင်ကောက်ယူမည်ဟု ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၁၉ ရက်က သန်းခေါင်စာရင်းကောက်ယူရေးနှင့်ပတ်သတ်ပြီး အစည်းအဝေးတစ်ရပ်ကို စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ်က ဦးဆောင်ပြီးကျင်းပခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ ၂၀၂၃ ဇန်နဝါရီလကလည်း ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်မည်ဟုဆိုကာ လိုက်လံကောက်ယူခဲ့ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့၏ တိုက်ခိုက်မှုကြောင့် အလုပ်မဖြစ်ခဲ့ပေ။ ယင်းအချိန်က လူဦးရေစာရင်း ကောက်သည့်အဖွဲ့အတွင် လုံခြုံရေးလိုက်ပေးသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ပစ်သတ်ခံလိုက်ရသည်။ […]


