ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မွန်ဝါရင့်နိုင်ငံရေးသမား နိုင်ငွေသိန်း ကွယ်လွန်

Dawei Watch

January 23, 2024

မွန်ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် နိုင်ငွေသိန်း (ခေါ်)နိုင်ဂျနူမွန်သည် ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ နေ့လည် ၁၂ နာရီခွဲခန့်က ရန်ကုန်မြို့ တွင် ကွယ်လွန်သွားကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ အသက် ၈၉ နှစ်အရွယ် နိုင်ငွေသိန်းသည် ရန်ကုန်မြို့ အာရှတော်၀င်ဆေးရုံတွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း နီးစပ်သူတို့က ပြောသည်။ နိုင်ငွေသိန်းသည် ကရင်ပြည်နယ်၊ ထုံးအိုင်ရွာဇာတိဖြစ်ပြီး ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က မွေးဖွားခဲ့သည်။ နိုင်ငွေသိန်း၏ ရုပ်အလောင်းကို မော်လမြိုင်သို့ သယ်ဆောင်လာမည်ဖြစ်ပြီး စျာပနအခမ်းအနားကို ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ နိုင်ငွေသိန်းသည် ဘုန်းကြီးကျောင်းတွၚ် အကြီးတန်းအထိ ပညာသင်ကြားခဲ့ကာ ကိုရင်ဘဝဖြင့်ပင် ၁၀ တန်းအောင်ခဲ့ပြီး တက္ကသိုလ်ပညာများကို ဘွဲ့ရသည်အထိ သၚ်ကြားခဲ့သည်။ […]

မြိတ်မြို့ ရှမ်းချောင်းဝန်ထမ်းရပ်ကွက်တွင် နေအိမ်သုံးလုံး မီးလောင်ဆုံးရှုံး

Dawei Watch

January 23, 2024

မြိတ်မြို့၊ ရှမ်းချောင်းဝန်ထမ်းရပ်ကွက်၊ (၈) လမ်းနှင့် (၉) လမ်းကြားတွင် ယနေ့ ဇန်နဝါရီလ ၂၃ ရက် မွန်းလွဲ ၂ နာရီ ၂၀မိနစ်တွင် နေအိမ်မီးလောင်ကြောင်း မြို့ခံများက ပြောသည်။ ၈ လမ်းက စတင်မီးလောင်ကျွမ်းကာ ၉လမ်းသို့ မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း မြို့ခံတို့က ဆိုသည်။ “(နေအိမ်) သုံးလုံးပြာကျသွားတယ်။ တစ်လုံးက အုတ်ခံအိမ်။ကျန်တာကတော့ ရိုးရိုးသစ်အိမ်တွေပဲ” ဟု မီးလောင်မှုအနီး ရောက်ရှိနေခဲ့သည့် မြို့ခံတစ်ဦးက ပြောဆိုသည်။ မီးလောင်မှုဖြစ်ပြီး မိနစ်ပိုင်းအတွင်း မီးငြှိမ်းသတ်နိုင်ခဲ့သော်လည်း လူနေအိမ် သုံးလုံးမီးလောင်ကျွမ်းသွားကြောင်း မြို့ခံတို့က ဆိုသည်။ မီးလောင်မှုအတွင်း အသက် ၅၀ ဝန်းကျင် အမျိုးသားတစ်ဦး မီးခိုးမွှန်သဖြင့် အောက်ဆီဂျင်ပေးခဲ့ရကြောင်း ပရဟိတအသင်းများထံက သိရသည်။ ဝါယာရှော့ခ်မှ စတင်မီးလောင်ကျွမ်းသည်ဟု ပြောဆိုနေသော်လည်း အကြောင်းအရင်း အတိအကျကိုမူ […]

အိန္ဒိယသို့ထွက်ပြေးသည့် တပ်သားများကိုလာယူသည့် စစ်ကောင်စီလေယာဉ်ပြေးလမ်းချော်

Dawei Watch

January 23, 2024

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကို လာရောက်ယူဆောင်သည့် စစ်ကောင်စီတပ် လေယာဉ်တစ်စင်းပြေးလမ်းချော်ပြီး ခြောက်ဦးထက်မနည်း ဒဏ်ရာရကြောင်း အိန္ဒိယသတင်းအချို့တွင် ဖော်ပြသည်။ ယနေ့ ဇန်နဝါရီလ ၂၃ ရက် နံနက် ၁၀ နာရီခန့်တွင် မီဇိုရမ်ပြည်နယ် Lengpui လေဆိပ်သို့ ဆင်းသက်စဉ် ပြေးလမ်းချော်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ လေယာဉ်ပေါ်တွင် လေယာဉ်မှူးအပါအဝင် လူ ၁၄ဦးလိုက်ပါလာပြီး ယင်းအနက် ခြောက်ဦးထက်မနည်း ဒဏ်ရာရပြီး Lengpui ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သတင်းများက ဆိုသည်။ ဘီဘီစီ မြန်မာပိုင်းသတင်းတစ်ရပ်တွင်မူ လေယာဉ်မှူးအပါအဝင် ရှစ်ဦးဒဏ်ရာရကြောင်း ဖော်ပြသည်။ ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် ချင်းပြည်နယ် ပလက်ဝမြို့နယ်က မီဇိုရမ်ပြည်နယ်ထဲသို့ စစ်ကောင်စီတပ်သား ၂၇၀ ကျော် ထွက်ပြေးခဲ့သည်။ ယင်းအနက် ၁၈၄ ဦးကို […]

တိတ်ဆိတ်နေသော မောင်းမကန်

Dawei Watch

January 23, 2024

ခရီးသွား​တွေအကြား လူသိများထင်ရှားတဲ့ ထားဝယ်ဒေသက နာမည်ကျော် မောင်းမကန်ကမ်းခြေ ရဲ့ မြင်ကွင်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ပွင့်လင်းရာသီ ဖြစ်ပေမဲ့ ကိုဗစ်ကပ်ဘေးကာလ မတိုင်မီကလို ခရီးသွားတွေအများအပြား လာရောက်တာမရှိတော့ဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။ စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်နဲ့ အခါကြီးရက်ကြီး​တွေရောက်မှသာ ထားဝယ်ဒေသအတွင်းက လာရောက်လည်ပတ်သူအချို့နဲ့ အနည်းငယ်စည်ကားတယ်လို့လည်း သူတို့က ဆက်ပြောပါတယ်။ မောင်းမကန် ကမ်းခြေတည်ရှိတဲ့ မောင်းမကန်စံပြရွာအပါအဝင် လောင်းလုံးမြို့နယ်က ကျေးရွာအများစုဟာ မကြာခဏ စစ်ကြောင်းထိုးခံရလေ့ရှိပြီး ရွာသားတွေ မကြာခဏ ထွက်ပြေးတိမ်းရှောင်​နေရပါတယ်။

ချင်းမိုင် လေထုညစ်ညမ်းမှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ်ကို တရားစွဲထားမှု ပြည်သူများအနိုင်ရရှိ

Dawei Watch

January 23, 2024

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်နှင့် အနီးခရိုင်များတွင် ကြုံတွေ့ခဲ့ရသော လေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်ကို တရားစွဲဆိုထားသော အမှုတွင် ပြည်သူများက အနိုင်ရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ချင်းမိုင်ပြည်သူများက အမှုကို ခရိုင်တရားရုံးတွင် ၂၀၂၃ ဧပြီလက တရားစွဲဆိုခဲ့ပြီးနောက် ကိုးလအကြာ ၂၀၂၄ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ တရားစွဲဆိုခံရသူများသည် အမျိုးသား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေအခွင့်အာဏာကို ထိထိရောက်ရောက် အသုံးပြု၍ အရေးပေါ် အစီအစဥ်တစ်ရပ်ကို ရက် ၉၀အတွင်း အမြန်ဆုံး ပြင်ဆင်ပေးရန် တရာရုံးက အမိန့်ချမှတ်လိုက်ကြောင်း ဖော်ပြထားသည်။ အ‌ရေးပေါ် အစီအစဥ်တွင် လေထုညစ်ညမ်းမှုကို ကြိုတင်ကာကွယ်ရန်နှင့် သက်ရောက်မှုလျော့ပါးလာစေရန် ရေရှည်အရေးပေါ်အစီအစဉ်ကို သတ်မှတ်ရက်များအတွင်း ရေးဆွဲတင်ပြရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုင်းဝန်ကြီးချုပ်နှင့် အမျိုးသားပတ်ဝန်းကျင် ဘုတ်အဖွဲ့များသည် ထိုင်းနိုင်ငံမြောက်ပိုင်း ခရိုင်များတွင် […]

မင်းပြားသို့ စစ်ကူလာသည့်စစ်ကောင်စီတပ်တိုက်ခိုက်ခံရ၊ လေယာဉ်ဖြင့်ချပေးသည့် လက်နက်များဖမ်းမိဟု AA ထုတ်ပြန်

Dawei Watch

January 22, 2024

ရခိုင်ပြည်နယ်တွင် တိုက်ပွဲပြင်းထန်နေသည့် မင်းပြားမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး လေယာဉ်ဖြင့် လာချပေးသည့် လက်နက်ခဲယမ်းများကိုလည်းသိမ်းဆည်းရရှိကြောင်း ရက္ခိုင့်တပ်တော် (AA) က ယနေ့ ဇန်နဝါရီလ ၂၂ရက်တွင် ထုတ်ပြန်သည်။ မင်းပြားမြို့သို့ ဇန်နဝါရီလ ၂၀ရက်က စစ်ကူလာသည့် စစ်ကောင်စီတပ် တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၅) တပ်ရင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများကာ လက်နက်ခဲယမ်းများလည်းရရှိကြောင်း ဖော်ပြသည်။ AA ဘက်က ထုတ်ပြန်ထားသည့် ဗီဒီယိုမှတ်တမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးနေသည်ကို တွေ့ရသည်။ ယင်းအပြင် Y8 လေယာဉ်ပေါ်က ချပေးသော ထောက်ပို့ပစ္စည်းများကိုလည်း သိမ်းဆည်းရရှိကြောင်း ဖော်ပြသည်။ ရခိုင်ပြည်နယ်တွင် မင်းပြား၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် […]

PRDF တပ်ဖွဲ့ဝင်ဟောင်း ကိုပင်လယ်လူ အသတ်ခံရသည့်ကိစ္စ စုံစမ်းရေးအဖွဲ့ဖွဲ့၍ စစ်ဆေးနေ

Dawei Watch

January 22, 2024

ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့-PRDF တပ်ဖွဲ့ဝင်ဟောင်း ကိုပင်လယ်လူအသတ်ခံရသည့်ကိစ္စကို စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး စစ်ဆေးမှုများလုပ်ဆောင်နေပြီဖြစ်ကြောင်း ယင်းအဖွဲ့တွင်ပါဝင်သည့် တပ်ဖွဲ့များက ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ အသက် ၄၀ ကျော်အရွယ် ကိုပင်လယ်လူမှာ PRDF တပ်ဖွဲ့မှနုတ်ထွက်ခဲ့သည်မှာ ၉ လ ကျော်ရှိပြီး မိကျောင်းစစ်ကြောင်းတွင် ပြောင်းလဲတာဝန်ထမ်းဆောင်နေသူဖြစ်သည်။ အမျိုးသမီး ကလေးမီးဖွားသည့်ကိစ္စဖြင့် ခန္တီရွာကို ပြန်ရောက်နေသည့် ကိုပင်လယ်လူကို မိကျောင်းစစ်ကြောင်းမှ ကိုဝိုင်လူး ဆိုသူအပါအဝင် လက်နက်ကိုင် ၈ ဦးနှင့် ရွာခံ ၃ ဦးက ယခုလ ၈ ရက်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဆွေမျိုးနီးစပ်တော်သူများနှင့် တော်လှန်ရေးအဖွဲ့ဝင်အချို့က အတည်ပြုပြောဆိုထားသည်။ ယင်းသို့ ဖမ်းဆီးသွားပြီးနောက်ရက် နေ့လယ် ၁၁ နာရီခန့်တွင် သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်သည်။ ယင်းသို့ အသတ်ခံရသည့်ကိစ္စအတွက် အမှန်တရားကိုလိုချင်ကြောင်း မိသားစုဝင်များက တောင်းဆိုထားသလို […]

ရခိုင်က မြို့နယ်ခြောက်ခုတွင် တိုက်ပွဲပြင်းထန်နေကြောင်း AA ပြော

Dawei Watch

January 22, 2024

ရှမ်းမြောက်တွင် အပစ်ရပ်သွားပြီးနောက် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်လာပြီး လက်ရှိတွင် မြို့နယ်ခြောက်ခု၌ တိုက်ပွဲများ ပြင်းထန်နေကြောင်း ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်ထားသည်။ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် AA တို့ကြား ဇန်နဝါရီလ ၂၁ရက်က တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်း ဆိုသည်။ ဇန်နဝါရီလ ၂၁ ရက်ညတွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မင်းပြားမြို့တွင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်တော်လှရပ်ကွက်နှင့် ရွှေပြည်စိုးရပ်ရှိ လူနေအိမ်အချို့ မီးလောင်ပျက်စီးကြောင်း ဖော်ပြသည်။ ရှမ်းမြောက်တွင် အပစ်အခတ် ရပ်ဆိုင်းသွားပြီးနောက် ရခိုင်အပါအဝင် ဒေသအချို့တွင် တိုက်ပွဲများ ပြင်းထန်လာကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်တို့က ထုတ်ပြန်ထားသည်။ ရခိုင်တွင် စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှုများကြားမှ AA က […]