ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

March 1, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ မတ်လ ၁ ရက်နေ့အထိ နှစ်နှစ်ကြာ စစ်ပွဲပြီးနောက် ရုရှားစစ်သား ၄ သိန်းကျော် သေဆုံးခဲ့ဟုဆို ယူကရိန်းနဲ့ ၂ နှစ်ကြာ စစ်ပွဲမှာ ရုရှားစစ်တပ်က တပ်ဖွဲ့ဝင်အင်အား ၄ သိန်းကျော် ဆုံးရှုံးခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြောကြားလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာပဲ ရုရှားတပ်ဖွဲ့ဝင် ၈၁၉ ဦး သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့တာပါ။ ယူကရိန်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ရုရှားက တစုံတရာ မှတ်ချက်ပေးတာတော့ မရှိသေးပါဘူး။ ရုရှားကျူးကျော်စစ် ၂ နှစ်ပြည့် ယူကရိန်းသမ္မတ ဇလန်းစကီးရဲ့ မိန့်ခွန်းမှာတော့ […]

လောင်းလုံးတွင် ပုစွန်အအေးခန်းစက်ရုံဟောင်း မီးလောင်

Dawei Watch

March 1, 2024

လောင်းလုံးမြို့နယ် ကမြောကြီးကျေးရွာ ထားဝယ်မြစ်ကမ်းဘေးရှိ ပုစွန်အအေးခန်းစက်ရုံဟောင်း မီးလောင်နေကြောင်း ဒေသခံများထံမှသိရသည်။ ယနေ့ မတ်လ ၁ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်စ၍ မီးလောင်နေခြင်းဖြစ်ကြောင်း ဒေသခံ တစ်ဦးကပြောသည်။ “အအေးခန်းဟောင်းပါ၊ မီးလောင်နေတာက တော်တော်များတယ်”ဟု ၎င်းကပြောဆိုသည်။ မီးလောင်သည့်အကြောင်းအရင်းကို အသေးစိတ်မသိရသေးပေ။ မီးလောင်ရာသို့ ထားတယ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်များ၊ ဇမ္ဗူသီရိအဖွဲ့၊ ထားဝယ်မြို့ကြက်ခြေနီ အဖွဲ့ နှင့် ဒေသခံပြည်သူများပူးပေါင်း၍ ဝိုင်းဝန်း မီးငြှိမ်းသတ် နေကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပုဏ္ဏားကျွန်းမြို့သို့ စစ်ကူလာသည့် သံချပ်ကာနှစ်စီးကို AA ဖျက်ဆီး၊ မြို့ကို သိမ်းယူနိုင်တော့မည်ဟုဆို

Dawei Watch

March 1, 2024

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့သို့ စစ်တွေမြို့မှ စစ်ကူလာသည့် သံချပ်ကာကားနှစ်စီးကို ကြားဖြတ်တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီး ပုဏ္ဏားကျွန်းမြို့ကို သိမ်းယူနိုင်တော့မည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၂၈ ရက် မွန်းလွဲ ၂နာရီကျော်တွင် စစ်တွေမြို့မှ စစ်ကူလာသည့် သံချပ်ကာကားနှစ်စီးကို အမြင့်ကျွန်းတံတား (မင်းချောင်းတံတား) ထိပ်တွင် ပစ်ခတ်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ပုဏ္ဏားကျွန်းမြို့ မြို့မရဲစခန်းကို AA က သိမ်းယူထားပြီး စစ်ကောင်စီတပ် ခမရ ၅၅၀ တပ်ရင်းကို ဆက်လက်တိုက်ခိုက်နေရာ ဖေဖော်ဝါရီလ ၂၉ရက်တွင် အရှိန်အဟုန်မြှင့်ကာ ဆက်လက်တိုက်ခိုက်နေကြောင်း ထုတ်ပြန်ထားသည်။ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားဖြင့် တိုက်ခိုက်နေသော်လည်း ပုဏ္ဏားကျွန်းမြို့တွင် တစ်ခုတည်းရှိသည့် ခမရ ၅၅၀ ကို သိမ်းယူနိုင်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း AA က […]

လေယာဉ်ဆီတင်သင်္ဘောကို ရန်ကုန်တိုင်းပကဖက ဖောက်ခွဲတိုက်ခိုက်ကြောင်း NUG ပြော

Dawei Watch

March 1, 2024

စစ်ကောင်စီတပ် စစ်ဘက်၊ အရပ်ဘက် လေယာဉ်များတွင် အသုံးပြုသည့် လောယာဉ်ဆီများ တင်ဆောင်သင်္ဘောတစ်စင်းကို ရန်ကုန်တိုင်း ပကဖ (ရေငုပ်အထူးတပ်ဖွဲ့) က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ရန်ကုန် MEC ထီးတန်းဆိပ်ကမ်း၌ ဖေဖော်ဝါရီလ ၂၉ ရက် ညနက်ပိုင်းတွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သင်္ဘောမီးလောင်နေသည့် ဓာတ်ပုံမှတ်တမ်းနှင့်တကွ ယနေ့ မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။ သင်္ဘော ဆိုက်ကပ်ပြီး ဆီချရန်စောင့်ဆိုင်းနေသော Jet A1 လေယာဥ်ဆီတင် MV သင်္ဘောကို အချိန်ကိုက် TNT မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်းပကဖ တာဝန်ရှိသူတစ်ဦးသူကို ကိုးကားပြီး ပြည်တွင်းသတင်းအချို့တွင် ဖော်ပြသည်။ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနကလည်း မတ်လ ၁ရက် နံနက် ၂နာရီကျော်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဆိပ်ကမ်းအနီး၊ ရန်ကုန်မြစ်အတွင်း […]

နည်းပညာတက္ကသိုလ်မှ ဆရာ ၃ ဦး အဖမ်းခံရပြီးနောက် ရေဖြူအနောက်ဘက်ကမ်းကို စစ်ကောင်စီက စစ်ကြောင်းထိုး

Dawei Watch

March 1, 2024

ထားဝယ်နည်းပညာတက္ကသိုလ်မှ ဆရာသုံးဦးကို ဗထူးတပ်မတော်က ဖမ်းသွားပြီးနောက် အင်အားတစ်ရာဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းသည် ရေဖြူအနောက်ဘက်ကမ်းကို ရောက်ရှိနေကြောင်း ဒေသခံများထံမှသိရသည်။ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နေလယ် ၁၁ နာရီခန့်တွင် Vigo ကား ၇ စီးဖြင့် စတင်ရောက်ရှိလာကြောင်း ၎င်းတို့ထံမှသိရသည်။ “အဓိကက တက္ကသိုလ်ဆရာတွေ ဖမ်းသွားတဲ့ကိစ္စနဲ့ ရောက်လာတယ် ထင်တယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ ဖမ်းဆီးခံရသည့် တက္ကသိုလ်ဆရာ၊ ဆရာမသုံးဦးကို ဘေးအန္တရာယ်ကင်းရှင်းစွာ ပြန်လည်ကယ်တင်နိုင်ရန် စစ်ကောင်စီ၏လုံခြုံရေးတပ်ဖွဲ့များက ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေကြောင်း ဖေဖော်ဝါရီလ ၂၉ ရက်နေ့ထုတ် စစ်ကောင်စီ၏ သတင်းစာများတွင် ဖော်ပြထားသည်။ အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၉ ရက်ညနေပိုင်းမှစကာ ဆင်နင်းကုန်းရွာဘက်ရောက်နေပြီး ယနေ့မနက်ပိုင်းတွင် သေနတ်ပစ်ဖောက်သံများကြားရကြောင်း ဒေသခံနောက်တစ်ဦးကပြောသည်။ “မနက်ကတည်းက ပစ်နေတာ ခုနကမှ နားတယ် “ဟု ယနေ့ […]

ဒေသကိုထိခိုက်နိုင်သော်လည်း ကျွန်းစုရေအားလျှပ်စစ်လုပ်ငန်းကို အဆင့်မြှင့်ရန် စစ်ကောင်စီ စတင်လုပ်ဆောင်

Dawei Watch

March 1, 2024

သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနိုင်ခြေရှိသဖြင့်NLD အစိုးရလက်ထက်က အဆင့်မြှင့်တင်ခြင်း မလုပ်ခဲ့သည့် ကျွန်းစုရေအားလျှပ်စစ်လုပ်ငန်းကို စစ်ကောင်စီက ပြန်လည်အကောင်‌အထည်ဖော်ရန် စတင်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါရေအားလျှပ်စစ်မှာ ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာတွင် တည်ရှိသည်။ စစ်ကောင်စီခန့် တနင်္သာရီတိုင်းအစိုးရအဖွဲ့နှင့် New Myanmar Renewable Energy ကုမ္ပဏီကို အဆိုပါရေအားလျှပ်စစ်ဖြစ်မြောက်နိုင်ခြင်းရှိ/ မရှိ အကြိုစူးစမ်းလေ့လာရန် ထားဝယ်မြို့တွင် ဖေဖော်ဝါရီလ ၂၆ ရက်က ကနဦးသဘောတူ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။ လက်မှတ်ရေးထိုးအခမ်းအနားသို့ စစ်ကောင်စီခန့်ဝန်ကြီးချုပ် ဦးမြတ်ကို၊ သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်အပါအဝင် အဖွဲ့တချို့တက်ရောက်ခဲ့ပြီး ကုမ္ပဏီဖက်မှ ဥက္ကဋ္ဌ ‌ဦးကျော်မင်းဦးတို့ တက်ရောက်ခဲ့ကြောင်း တိုင်းစစ်ကောင်စီ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။ လတ်တလော ကီလိုဝပ် ရာဂဏန်းသာ လျှပ်စစ်ထုတ်လုပ်ပေးနေသော ကတ္တလူ ရေအားလျှပ်စစ်လုပ်ငန်းကို ၃ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်ရန် တိုင်းစစ်ကောင်စီက အဆင့်မြှင့်တင်လိုနေခြင်းဖြစ်သည်။ ကတ္တလူ အသေးစားရေအားလျှပ်စစ်ကို […]

ထိုင်းတွင် မြန်မာ့အရေး နှစ်ရက်ကြာ ဆွေးနွေးပွဲကျင်းပမည်

Dawei Watch

March 1, 2024

၃ နှစ်ကြာ အာဏာသိမ်းထားသော မြန်မာ့အရေး ဖြေရှင်းနိုင်ရန်အတွက် ထိုင်းနိုင်ငံရေးသမားများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် မြန်မာ့ဒီမိုကရေစီ အင်အားစုအဖွဲ့များပါဝင်သော ၂ ရက်ကြာ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ “3 Years After the Coup” ဟူသော “အာဏာသိမ်းပြီး ၃နှစ်အကြာ” ဆွေးနွေးပွဲကို မနက်ဖြန် မတ်လ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတွင် ဘန်ကောက်မြို့ရှိ ထိုင်းလွှတ်တော်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။ ဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအပါအဝင် ထိုင်းအစိုးရအဖွဲ့က ဝန်ကြီးများပါ တက်ရောက်ဆွေးနွေးကြမည်ဖြစ်ကြောင်း ကြေညာထားသည်။ ဆွေးနွေးပွဲ ပထမနေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ကုလသမဂ္ဂ အမြဲတန်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း ပါဝင် ဆွေးနွေးကြမည်ဖြစ်ပြီး […]

သုတဓမ္မဒီပလိုမာ စာမေးပွဲ တနင်္သာရီတိုင်းတွင် ဖြေဆိုနိုင်

Dawei Watch

March 1, 2024

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ တည်ထောင်သည့် ပညာဘူမိတက္ကသိုလ်မှ ကျင်းပသော သုတဓမ္မဒီပလိုမာ စာမေးပွဲ ကို တနင်္သာရီတိုင်း ထားဝယ်မြို့ နှင့် မြိတ်မြို့ တို့တွင် ဖြေဆိုနိုင်ကြောင်း သက်ဆိုင်ရာစာဖြေဌာနများထံမှသိရသည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် စာဖြေဌာန ၄၂ ခုရှိပြီး မြိတ်မြို့၊တပ်ပြင်ရပ် စံကျောင်းတိုက်တွင် တနင်္သာရီစာဖြေဌာန ၁ အဖြစ်လည်းကောင်း၊ ထားဝယ်မြို့၊ မြို့မယဥ်ငေးသာသနာရိပ်သာတွင် တနင်္သာရီစာဖြေဌာန ၂ အဖြစ်လည်းကောင်း တနင်္သာရီတိုင်းအတွက် စာဖြေဌာန ၂ ခု ဖွင့်လှစ်ထားသည်။ စာမေးပွဲကို တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပပြီး Level ၃ ဆင့်ဖြေဆိုရကာ အောင်မြင်ပါက ဒီပလိုမာအပ်နှင်းမည်ဖြစ်သည်။ ၂၀၂၄ ခုနှစ် ၊ဇွန်လတွင်ကျင်းပမည့် သုတဓမ္မဒီပလိုမာစာမေးပွဲအတွက် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများကို မတ်လ ၈ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း […]