ရောင်းမော်ရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဆယ်ကျော်သေဆုံးဟု KNLA ပြော
Dawei Watch
March 2, 2024ထားဝယ်မြို့နယ်၊ ရောင်းမော်ရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဆယ်ကျော်သေဆုံးကြောင်း ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ထံက သိရသည်။ ရောင်းမော်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးစခန်းကို ယနေ့ မတ်လ ၂ ရက် နံနက်ပိုင်းတွင် KNLAနှင့် PDF ပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း KNLA ထံမှ သိရသည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဆယ်ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများစွာ ရရှိကြောင်း KNU တပ်မဟာ ၆ ၏ KNLA တပ်ရင်း (၂၇) နှင့် KNU တပ်မဟာ ၄ တပ်ရင်း (၁၂) ၏ တပ်ရင်းမှူး စောမှူးဂေက ပြောသည်။ “သေနတ် ၁၅ လက်ရတယ်။ ကျွန်တော်တို့ဘက်က တစ်ယောက်ကျတယ်။ လေယာဉ်နဲ့ ဗုံးလာကြဲတာက […]


