ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်ကောင်စီ စစ်အုပ်ချုပ်ရေးကြေညာမှု အပစ်ရပ်သဘောတူညီချက်အတွက်အခက်တွေ့နိုင်ဟု မြောက်ပိုင်းမဟာမိတ်ပြော

Dawei Watch

March 6, 2024

မြောက်ပိုင်းမဟာမိတ်များ သိမ်းယူထားသည့် မြို့သုံးမြို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာခြင်းမှာ အပစ်ရပ် သဘောတူညီချက်ကို အကောင်အထည်ဖော်ရာတွင် အခက်အခဲများဖြစ်ပေါ်မည်ကို အထူးစိုးရိမ်ကြောင်း မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ ပူးတွဲ ထုတ်ပြန်သည်။ မြောက်ပိုင်းမဟာမိတ်တို့ သိမ်းယူထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်နေသည့် မန်တုံ၊ နမ့်ဆန်၊ နမ္မတူမြို့တို့ကို စစ်ကောင်စီက မတ်လ ၄ရက်တွင် စစ်အုပ်ချုပ်ရေးကြေညာခဲ့ခြင်းဖြစ်သည်။ တရုတ်ကြားဝင် စေ့စပ်ညှိနှိုင်းမှုဖြင့် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်တို့ ကြား ဟိုင်ဂင်သဘောတူညီချက်အရ အပစ်ရပ်ထားပြီး သဘောတူညီချက်ကို အကောင်အထည်ဖော်နေချိန် ယင်းသို့ စစ်အုပ်ချုပ်ရေးကြေညာခြင်းကြောင့် ဟိုင်ဂင်သဘောတူညီချက်ကို အခက်အခဲဖြစ်စေနိုင်ကြောင်း ယနေ့ မတ်လ ၆ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြင် အဆိုပါမြို့သုံးမြို့တွင် နေထိုင်သည့် ပြည်သူများကို ခြိမ်းခြောက်သည့် လုပ်ရပ်လည်းဖြစ်ကြောင်း ဖော်ပြသည်။ ဟိုင်ဂင် သဘောတူညီချက်အရ ရှမ်းမြောက်ဒေသတွင် အပစ်ရပ်သွားပြီး တရုတ်-မြန်မာ […]

တိုက်ပွဲဖြစ်သည့်နေရာမဟုတ်ဘဲ လေကြောင်းတိုက်ခိုက်ခံရသည့် စုံစင်ဖျားရွာဖြစ်ရပ်

Dawei Watch

March 6, 2024

သရက်ချောင်းမြို့နယ် စုံစင်ဖျားရွာတွင် မတ်လ ၄ ရက်က တိုက်ပွဲဖြစ်ပွားရာနေရာမဟုတ်ဘဲ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခံခဲ့ရပြီး ခရီးသွားပြည်သူများ ထိခိုက်သေဆုံးဒဏ်ရာရခဲ့သည်။ မတ်လ ၄ ရက် နေ့လယ် ၁၂နာရီခန့်တွင် စုံစင်ဖျားရွာနဲ့ သုံးမိုင်ခန့်အကွာ မြိတ်-ထားဝယ် ကားလမ်းဘေးတွင်ရှိသည့် ဝင်းဝနယ်မြေ ရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် PDF ပူးပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားသည်။ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြပြီး တိုက်ပွဲပြင်းထန်ခဲ့သလို တော်လှန်ရေး ပူးပေါင်းတပ်တို့ဘက်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဖက်ဒရယ်စစ်ကြောင်းက ဒုစစ်ကြောင်းမှူး ကိုမင်းထက်က ပြောသည်။ ဖက်ဒရယ်စစ်ကြောင်းမှာ ထားဝယ်ခရိုင် PDF အမှတ် (၂) တပ်ရင်းနှင့် KNLA ပူးပေါင်းထားသည့် စစ်ကြောင်း ဖြစ်သည်။ တိုက်ပွဲ မွန်းလွဲ ၂နာရီခွဲအထိ […]

မေတ္တာနယ်မြေတစ်ဝိုက်ကို စစ်ကောင်စီက လေကြောင်းဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်

Dawei Watch

March 6, 2024

မေတ္တာမြို့ နယ်မြေတစ်ဝိုက်ကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ထပ်မံပြုလုပ်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် ဒေသခံအချို့က ပြောသည်။ မေတ္တာနှင့် ဟိန္ဒားပြင်၊ တောင်သုံးလုံးကျေးရွာတစ်ဝိုက်ကို စစ်တပ်က F8W တိုက်လေယာဉ်နှင့် Mi-2 အမျိုးအစား ရဟတ်ယာဉ်နှစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသခံအချို့က ဆိုသည်။ မေတ္တာဘက်တွင် စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်တို့ နေ့စဉ်လိုလို နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့၏ ဖက်ဒရယ်စစ်ကြောင်းက ဒုစစ်ကြောင်းမှူး ကိုမင်းထက်က ပြောသည်။ ပစ်ခတ်ခံရမှုကြောင့် Mi-2 ရဟတ်ယာဉ် ထိမှန်သည်ဟု သတင်းများကြားရသော်လည်း အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆိုသည်။ “Mi2 တစ်စီးကတော့ အမြီးပိုင်းထိပြီးတော့ မီးခိုးထွက်သွားတယ်လို့ ပြောတယ်။ ဒီဘက်ကပဲ ပစ်လို့ထိတာလား၊ မဟုတ်ဘဲနဲ့ သူ့ဟာသူ ပစ်တဲ့ပုံစံဖြစ်တာလား […]

ပုဏ္ဏားကျွန်း မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ ဗျူဟာမှူး၊ တပ်ရင်းမှူးသေဆုံးဟု AA ပြော

Dawei Watch

March 6, 2024

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ဗျူဟာမှူး၊ တပ်ရင်းမှူးသေဆုံးပြီး ဇက်သင်္ဘော သုံးစင်းကို တိုက်ခိုက်ဟန့်တားနိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ အဆိုပါမြို့အခြေစိုက် ခမရ ၅၅၀ တပ်ရင်းကို မတ်လ ၄ရက်နေ့တွင် AA က သိမ်းယူပြီး မြို့ကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ပုဏ္ဏားကျွန်းမြို့ကို စတင်တိုက်ခိုက်ပြီး ၁၃ ရက်အကြာတွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း AA က ဆိုသည်။ စခန်းသိမ်းတိုက်ပွဲတွင် ခမရ ၅၅၀ တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို၊ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်၊ ဗိုလ်မှူးစောထွေးတို့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် မြောက်မြားစွာကို အသေဖမ်းဆီးရမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ကိုလည်း ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်း […]

စစ်တွေအနီးက ပုဏ္ဏားကျွန်းမြို့ကို AA သိမ်းယူ

Dawei Watch

March 5, 2024

ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မိုင် ၂၀ကျော်သာဝေးသည့် ပုဏ္ဏားကျွန်းမြို့ကို မတ်လ ၄ ရက်နေ့တွင် သိမ်းယူလိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ ပုဏ္ဏားကျွန်းမြို့မှာ AA သိမ်းယူသည့် ခုနစ်ခုမြောက် မြို့နယ်အဆင့်မြို့ ဖြစ်လာသည်။ ပုဏ္ဏားကျွန်းမြို့ တွင် တစ်ခုတည်းရှိသည် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၅၅၀ ကို သိမ်းယူကာ မြို့ကိုသိမ်းယူလိုက်ခြင်းခြင်းကြောင်း ဖော်ပြသည်။ စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး အပြင်းအထန် တိုက်ခိုက်သည့်ကြားက သိမ်းယူနိုင်ခဲ့ဖြစ်ကြောင်း AA က ဆိုသည်။ ပုဏ္ဏားကျွန်းမြို့ သိမ်းယူခံရပြီးနောက် ရသေ့တောင်-ပုဏ္ဏာကျွန်းကားလမ်းမရှိ စေတီပြင်တံတားကို ညနေပိုင်းတွင် ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့်၁၂ ကြိမ် လာရောက်တိုက်ခိုက်ဖျက်စီးခဲ့ကြောင်းည်း ဖော်ပြသည်။ ပုဏ္ဏားကျွန်းမြို့ရှိ မြို့မရဲစခန်းကို ဖေဖော်ဝါရီလ ၂၂ ရက်တွင် […]

စုံစင်ဖျားရွာတွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့်ဗုံးကြဲ၍ အရပ်သားတစ်ဦးသေ

Dawei Watch

March 4, 2024

သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က MI2 ရဟတ်ယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းကြောင့် အရပ်သားအမျိုးသမီးတစ်ဦး သေဆုံးသည်ဟု ဒေသခံအချို့က ပြောသည်။ ယနေ့ (မတ် ၄) ညနေ ၄ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ရောက်လာပြီး ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု စုံစင်ဖျားရွာက အမျိုးသားတစ်ဦးက ပြောသည်။ လေယာဉ်ဖြင့် ဗုံးလာကြဲမှုကြောင့် ခရီးသည်ကားများအားလုံး လမ်းတွင်ရပ်နေစဉ် ထားဝယ်မှမြိတ်ဘက်ကိုဆင်းသည့် ခရီးသည်တင်ကားမှ အမျိုးသမီးတစ်ဦးကို ဗုံးစထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု အထက်ပါ အမျိုးသားက ပြောသည်။ “လေယာဉ်ကတော့ တစ်စီးပဲ၊ စုံစင်ဖျားရွာထဲမှာပဲ ဟိုမှာ သုံးလေးလုံး ဒီမှာသုံးလေးလုံး လိုက်ကြဲသွားတယ်၊ ခရီးသည်အမျိုးသမီးကြီးတစ်ဦးသေသွားတယ်၊ အခုကျွန်တော် တို့ မီးသင်္ဂြိုဟ်ကိစ္စကူညီပေးဖို့လုပ်နေတယ်” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီလေယာဉ်က ဗုံး ၁၄ လုံးခန့်ကြဲချခဲ့သည်ဟုလည်း မျက်မြင်တွေ့သူများက […]

ရခိုင်တွင်အပစ်ရပ်ရန် သဘောတူညီခြင်း မရှိဟု AA ပြော

Dawei Watch

March 4, 2024

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြား အပစ်ရပ်ရန် သဘောတူညီမှုရသည်ဆိုသည့် သတင်းမှာ မမှန်ကြောင်း AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ယနေ့ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။ တရုတ်ကြားဝင် စေ့စပ်မှုဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အပစ်ရပ်ရန် သဘောတူညီထားသည့် ဟိုင်ဂင်သဘောတူညီချက်နှင့် ပတ်သက်၍ မတ်လ ၁ရက်မှ ၃ရက်အထိ စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင် မဟာမိတ်တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ဆွေးနွေးခဲ့သည်။ ယင်းဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်၌ နှစ်ဖက်အပစ်ရပ်ရန် သဘောတူညီချက်ရသည်ဟု သတင်းများထွက် ပေါ်နေသည့်အပေါ် ဒေါက်တာညိုထွန်းအောင်က အထက်ပါအတိုင်း တုံ့ပြန်လာခြင်းဖြစ်သည်။ “အခုကျွန်တော်တို့ ဟိုင်ဂင်ကိစ္စကိုဘဲ ဆွေးနွေးတယ်ဆိုတော့ ဟိုင်ဂင်ထဲမှာက ရှမ်းမြောက်မှာရှိတဲ့ AAနဲ့ပဲ (အပစ်ရပ်တာက) သက်ဆိုင်နေတယ်။ ဟို ရခိုင်ပြည်ဘက်မှာရှိတဲ့ AA က မပါသေးဘူးဗျ” ဟု ၎င်းက ပြောဆိုသည်။ […]

ကံပေါက်ဒေသတွင် မိန်းမနှင့်ရန်ဖြစ်ပြီး ယောက်ျားအင်္ဂါကို ကိုယ်တိုင်လှီးဖြတ်

Dawei Watch

March 4, 2024

ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ အုန်းပင်ကွင်းရွာတွင် ဖေဖော်ဝါရီလ ၂၈ နေ့က လင်မယားစုံတွဲရန်ဖြစ်ပြီး ယောက်ျားဖြစ်သူက ၎င်း၏လိင်အင်္ဂါကို ကိုယ်တိုင်လှီးဖြတ်လိုက်ကြောင်း ဒေသခံများကပြောသည်။ အရက်ကြောင်နေသည့် ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူ မနီလာဝင်းကို ဓားနှင့်ထိုးပြီးနောက် ၎င်း၏လိင်အင်္ဂါကိုလည်း ဓားဖြင့်လှီးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးကို ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရကြောင်း ကာယကံရှင်နှင့်နီးစပ်သူ တစ်ဦးကပြောသည်။ “ အရက်မူးပြီး သူ့မိန်းမကို ဓားနဲ့ထိုးလိုက်တာ၊ ကျောမှာ ၃ ချက်၊လက်မှာ ၂ ချက်ထိတယ်။ မိန်းကလေးရဲ့မိဘတွေကပဲဆေးရုံ ပို့လိုက်ရတယ်။ သူ့ယောက်ျားက အရက်အမူးပြေမှ သူ့ကိုယ်သူ ပြန်လုပ်တာ” ဟု၎င်းကဆက်ပြောပြသည်။ မနီလာဝင်း နှင့် ၎င်း၏ခင်ပွန်းဖြစ်သူတို့နှစ်ဦးကို ရေတပ်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ကုသပြီးနောက် ထားဝယ်ဆေးရုံသို့ ထပ်မံပို့ဆောင်ကာ ဆေးကုသလျက်ရှိကြောင်းသိရသည်။ ထားဝယ်ခရိုင်တွင် ယခုရက်ပိုင်းအတွင်း ယင်းသို့ဖြစ်စဉ်များ ခပ်စိပ်စိပ်ဖြစ်နေသည်။ မတ်လ ၂ ရက်နေ့တွင် ထားဝယ်မြို့ပုံကျွန်းရပ်ကွက်တွင် […]