ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အထောက်အထားမဲ့ မြန်မာကလေးများ ထိုင်းကျောင်းတွင် တက်ရောက်ခွင့်ပြုရန် ထိုင်းအစိုးရ စာထုတ်ညွှန်ကြား

Dawei Watch

March 9, 2024

ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းကလေးငယ်များကို သက်ဆိုင်ရာနယ်မြေများရှိ ကျောင်းများတွင် ကျောင်းအပ်လက်ခံပေးကြရန် ထိုင်းပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ၍ တိုက်တွန်းလိုက်သည်။ လာမည့်စာသင်နှစ်အတွက် မြန်မာကလေးငယ်များအပါအဝင် ရွှေ့ပြောင်းကလေးများအားလုံး ပညာသင်ကြားခွင့်ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေကျောင်းများ၏ ကျောင်းအုပ်များက လက်မခံဘဲ မနေကြရန်နှင့် ရွှေ့ပြောင်းကလေးငယ်များကို ကျောင်းအပ်လက်ခံပေးကြရန် ဝန်ကြီးဌာနက ထပ်မံတိုက်တွန်းထားခြင်းဖြစ်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ကလည်း အတည်ပြုပြောဆိုသည်။ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း မြန်မာကလေးငယ်များစွာ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းရောက်ရှိလာသည့်အတွက် ကလေးငယ်များ ပညာသင်ကြားခွင့်ရရှိရေးကို နားလည်သဘောပေါက်စေရန် ကျောင်းအုပ်ကြီးများကို အသိပေးထုတ်ပြန်ခြင်းဖြစ်နိုင်ကြောင်း FED အဖွဲ့က ကိုမင်းဦးက ပြောသည်။ “အခုက တမင်တကာ ကလေးတွေကို လက်မခံဘဲ နေမှာစိုးလို့ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်က ဝင်လာတဲ့ ကလေးတွေက နည်းတာမဟုတ်ဘူးလေ။ ဒါကို သူတို့လည်း တွေ့မယ်။ နယ်စပ်ဘက်မှာတော့ ပိုများမှာပေါ့။ ဒါကြောင့်မို့ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

March 8, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ်လ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ ဘန်ကောက်လေဆိပ်တွင် ပန်ဒါနီအပါအဝင် တိရိစ္ဆာန် ၈၇ ကောင်ကို မှောင်ခိုသယ်ရန် ကြိုးပမ်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရဲ့ သုဝဏ္ဏဘူမိလေဆိပ်မှာ ခရီးဆောင်အိတ်တွေထဲကနေ မျိုးသုဉ်းပျောက်ကွယ်ဖို့ အန္တရာယ်ရှိနေတဲ့ ပန်ဒါနီတစ်ကောင် အပါအဝင် တိရိစ္ဆာန် ၈၇ ကောင်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ မတ်လ ၆ ရက်နေ့က ထိုင်းအာဏာပိုင်များက ထုတ်ပြန်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ကို ပျံသန်းမယ့် လေကြောင်းခရီးစဉ်ပေါ် လိုက်ပါမယ့် အိန္ဒိယနိုင်ငံသား ၆ ယောက်ရဲ့ ခရီးဆောင်အိတ်တွေထဲကနေ ရှာတွေ့ခဲ့တာပါ။ ခရီးဆောင်အိတ်တွေထဲကနေ ပန်ဒါနီ၊ cotton-top tamarin လို့ခေါ်တဲ့ မျောက်တစ်မျိုး၊ ကြောင်တံငါနဲ့ ဆူလာဝီစီဝက်ဝံတစ်ကောင် […]

ထားဝယ်မြို့တောင်ဘက်ရှိ တံတားတစ်စီးကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့်ပိတ်

Dawei Watch

March 8, 2024

ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်တိုက်ခဲ့ဖူးသည့် နေရာအနီးရှိ ထားဝယ်မြို့အတွင်းက တံတားတစ်ခုကို စစ်ကောင်စီတပ်က ဖြတ်သန်းခွင့်ပိတ်လိုက်ကြောင်း မြို့ခံအချို့ထံမှ သိရသည်။ မြို့တောင်ပိုင်းရှိ ဘုမ္မော်ရပ်ကွက်နှင့် ကြက်စားပြင်ရွာဘက်ကို ဆက်သွယ်ထားသည့် အဆိုပါတံတားမှာ စမ္မစကြာဘုန်းကြီးကျောင်း အရှေ့တွင်ရှိပြီး မတ်လ ၈ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင် ဖြတ်သန်းခွင့်ပိတ်လိုက်ခြင်းဖြစ်ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။ စစ်ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းများက တံတားကို အတားအဆီးများချကာ လမ်းပိတ်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါမြို့ခံက ပြောသည်။ ယခုနှစ် ဇန်နဝါရီလ ၃၁ ရက်ညက ကင်းလှည့်လာသည့် စစ်ကောင်စီတပ်သားများကို အဆိုပါတံတားအနီး စောမိညိုလမ်းတွင် ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း၏ တပ်ခွဲ(၁)ဖြစ်သည့် အထူးပြောက်ကျားတပ်ဖွဲ့ (Special Guerrilla Force ) က ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးခဲ့သည်။ အဆိုပါတံတားမှာ တိုင်းစစ်ကောင်စီရုံး(တနင်္သာရီတိုင်းအစိုးရအဖွဲ့ရုံး)နှင့် မီတာ ၈၀၀ […]

စစ်ကောင်စီတပ်စခန်း ၁၀ ကျော်ကို သိမ်းယူထားကြောင်း KIA ပြော

Dawei Watch

March 8, 2024

လိုင်ဇာမြို့အနီးနှင့် မြစ်ကြီးနား-ဗန်းမော်ကားလမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများ ထိုးစစ်ဆင်တိုက်ခိုက်နေရာတွင် စခန်းအကြီး၊ အငယ် ၁၀ကျော်ကို သိမ်းယူထားနိုင်ကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မီဒီယာများတွင် ပြောဆိုထားသည်။ KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး၊ မြစ်ကြီးနား-ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် ခါရာတောင်၊ အင်တပ်တောင်၊ ဖုန်ပျံတောင်၊ ဘွမ်ရယ်တောင်၊ ပွိုင့် (၉၃၆) ကုန်း၊ ခမ်းကိုင်တောင်၊ ပွိုင့် (၂၅၉) လေယာဉ်ကွင်းစခန်းအပါအဝင် စခန်းအချို့ကို မတ်လ ၇ရက် နံနက်အစောပိုင်းတွင် KIAနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က တစ်ပြိုင်နက်တည်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီအထိုင်စခန်းကြီးများဖြစ်သည့် အင်တပ်တောင်၊ ဖုန်ပျံတောင်၊ မလိတပ်စခန်းကြီးနှင့် ဘွမ်ရယ်တောင်၊ ခါရာတောင် တပ်စခန်းကြီးတို့ရှိ ကာကင်းနှင့် ရှေ့တန်းစခန်းတို့ကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။ သိမ်းယူထားရာတွင် လက်နက်ကြီးတပ်ဆင်ထားသည့် စခန်းများလည်း ပါဝင်ကြောင်း […]

မေတ္တာမြို့တွင် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် နေအိမ်များပျက်စီး

Dawei Watch

March 8, 2024

ထားဝယ်အရှေ့တောဒေသ မေတ္တာမြို့တွင် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးပြီး အရပ်သားတစ်ဦးလည်းဒဏ်ရာရကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်နှင့် ဒေသခံအချို့တို့က ပြောသည်။ မတ်လ ၄ ရက်နှင့် ၆ ရက်နေ့တို့တွင် မေတ္တာမြို့ကို စစ်ကောင်စီတပ်က Mi-2 ရဟတ်ယာဉ်နှင့် K-8W တိုက်လေယာဉ်တို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကျောက်မဲတောင်နှင့် မေတ္တာဗျူဟာစခန်းကလည်း ကျေးရွာများဘက်ကို လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်နေကြောင်း ၎င်းတို့က ဆိုသည်။ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် မေတ္တာမြို့က စက်သုံးဆီဆိုင် တစ်ဆိုင် အပါအဝင် နေအိမ်ငါးလုံးမှာ အလုံးစုံ ထိခိုက်ပျက်စီးပြီး တစ်စိတ်တပိုင်း ထိခိုက်ပျက်စီးသည့် နေအိမ် အများအပြားရှိပြီး အရေအတွက်ကိုမူ မသိရသေးကြောင်း ဒေသခံအချို့နှင့် KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားတို့က […]

မလွှဲတောင် စစ်ဆေးရေးဂိတ် တစ်ရက် ၈ နာရီသာ ဖြတ်သန်းခွင့်ပြု

Dawei Watch

March 8, 2024

တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ် နယ်စပ်ရှိ မလွှဲတောင်စစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှစပြီး တစ်ရက် ၈ နာရီခန့်သာ ဖြတ်သန်းခွင့်ပြုရန် ထပ်မံကန့်သတ်လိုက်ကြောင်း ကားသမားအသိုင်းအဝိုင်းနှင့် ခရီးသည်များထံကသိရသည်။ ယခင်ဖြတ်သန်းခွင့်ပြုချိန် မနက် ၇ နာရီခွဲမှ ညနေ ၆ နာရီ အစား ယခု မနက် ၉ နာရီမှညနေ ၅ နာရီ သို့ လျှော့ချလိုက်ခြင်းဖြစ်ကြောင်း ကားသမားများက ပြောပြသည်။ “ မနက် ၉နာရီမှဂိတ်ဖွင့်တော့ ရန်ကုန်အဝင်နောက်ကျတယ် ။ ပုံမှန်မောင်းနှုန်းအတိုင်းဆိုရင် ၉ နာရီဆိုရင် သံဖြူဇရပ် ၊မုဒုံလောက်ရောက်တယ်။ အခုက ဖွင့်ချိန်ကန့်သတ်လိုက်တော့ အချိန်နောက်ကျတယ်။ ရန်ကုန်အထွက်က မနက်စောစောထွက်လို့ရသေးလို့ ထားဝယ်အဝင်ကပုံမှန်ပါပဲ” ဟု ရန်ကုန်-ထားဝယ် ခရီးသည်တင်ယာဥ်မောင်တစ်ဦးကပြောသည်။ ဖေဖော်ဝါရီလ ၂၅ ရက်က မလွှဲတောင်ဂိတ် […]

ထိုင်းတွင် မြန်မာလုပ်သားငါးရာကျော် လုပ်အားခမရသဖြင့် အမှုဖွင့်တိုင်ကြား

Dawei Watch

March 7, 2024

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ ItaIian Thai DeveIopment Public Co.,Ltd တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၅၀၀ ကျော်အတွက် လုပ်အားခ ဘတ် ၆ သန်းခန့်ကို အလုပ်ရှင်ဘက်က အချိန်မီ ထုတ်ပေးခဲ့ခြင်းမရှိသဖြင့် ယနေ့နေ့လယ်ပိုင်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း အလုပ်သမားများနှင့် အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ WAG ထံမှ သိရသည်။ နှစ်နိုင်ငံ သဘောတူစာချုပ် MoU စနစ်ဖြင့် ဝင်ရောက်လာသော အလုပ်သမားများအပါအဝင် မြန်မာအလုပ်သမား ၅၀၀ နီးပါးသည် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပုံမှန်လုပ်ကိုင်နေရာမှ ပြီးခဲ့သော ဖေဖော်ဝါရီလအတွက် လုပ်အားခကို အလုပ်ရှင်ထံမှ အချိန်မီ ရရှိခဲ့ခြင်းမရှိကြောင်း အလုပ်သမားများထံမှ သိရသည်။ အလုပ်သမား တစ်ဦးလျှင် ဘတ် ၁၅၀၀၀ ခန့်ဖြင့် အားလုံးစုစုပေါင်း ဘတ် ၆ သန်းကျော်ကို အလုပ်ရှင်နှင့် […]

ပုလောမြို့နယ် စပူပြင်ကျေးရွာတွင် တိုက်ပွဲဖြစ်

Dawei Watch

March 7, 2024

ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာအုပ်စု၊ စပူပြင်ရွာ(၄ မိုင်)တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ ယနေ့မနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ပြောဆိုချက်အရ သိရသည်။ မီးလောင်ချောင်းမှ စပူပြင်ရွာဘက်ကိုထွက်လာသည့် ပုလောမြို့နယ်အခြေစိုက် ခလရ (၂၈၅) တပ်ရင်းက စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ ယနေ့နံနက် ၇ နာရီကျော်ကျော်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းက မြေပြင်ရဲဘော်အချို့က ပြောသည်။ တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီခန့်ကြာပြီး စစ်ကောင်စီတပ်ဘက်က နေ့လယ် ၁၁ နာရီကျော်အထိ လက်နက်ကြီးနှင့် ကျေးရွာများဘက်ကို တစ်ဖက်သတ်ပစ်ခတ်ခဲ့သည်ဟု ၎င်းတို့ကဆိုသည်။ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက မြိတ်-ထားဝယ်ကားလမ်း ယခုတိုက်ပွဲဖြစ်ပွားသည့်နေရာ လမ်းပိုင်းတစ်လျှောက်ကို စစ်ဆေးမှု၊ နယ်မြေစိုးမိုးမှုများပြုလုပ်လာသဖြင့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု မြေပြင်ရဲဘော်အချို့က ပြောသည်။ “ကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့တွေရှိနေတယ်ဆိုတာ သတင်းရပြီး သူတို့စစ်ကြောင်းထိုးလာတာ၊ အဲ့ဒီမှာ ကျွန်တော်တို့နဲ့ […]