ဘန်ကောက်အနီးတွင် မြန်မာတက္ကသိုလ်ကျောင်းသားတစ်ဦး ခြောက်ထပ်အဆောင်မှ ပြုတ်ကျသေဆုံး
Dawei Watch
March 11, 2024ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျောင်းတက်နေသော မြန်မာတက္ကသိုလ်ကျောင်းသားတစ်ဦးသည် ရန်စစ်တက္ကသိုလ်အနီးရှိ ခြောက်ထပ်မြင့် အဆောင်မှ ပြုတ်ကျသေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အသက် ၂၆နှစ်အရွယ် အဆိုပါကျောင်းသားသည် မတ်လ ၉ ရက်နေ့ နံနက် ၁၂ နာရီခွဲတွင် ကားပါကင်သို့ ပြုတ်ကျ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။ ၎င်းသည် ဘန်ကောက်မြို့ လတ်ကရဘန်နယ်မြေရှိ King Mongkut’s Institute of Technology တွင် တက်ရောက် နေသူဖြစ်ပြီး အခင်းဖြစ်သောနေ့က သူငယ်ချင်းဖြစ်သူ၏ အခန်းနံပါတ်သို့ လာရောက်လည်ပတ်ခဲ့သည်။ အခန်းထဲတွင် သူငယ်ချင်း ၁၁ ဦးနှင့်အတူ သောက်စားနေစဉ် အဆိုပါကျောင်းသားမှာ အပြင်လသာဆောင်သို့ ရုတ်တရက် ထထွက်သွားပြီး ခုန်ချခဲ့ကြောင်း သူငယ်ချင်းတစ်ဦးက ရဲတပ်ဖွဲ့သို့ ပြောဆိုထားသည်။ အားလုံးသည် အရက်အနည်းငယ် သောက်ထားကြပြီး ယခုဖြစ်ရပ်ကြောင့် […]


