ရှင်ကိုးရှင်သမိုင်းဝင် ရှင်ဓာတ်ဝဲဘုရားဝင်းတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး နှစ်ဦးဒဏ်ရာရ
Dawei Watch
March 4, 2024ထားဝယ်ဒေသတွင် ထင်ရှားသည့် ရှင်ကိုးရှင်သမိုင်းဝင် ရှင်ဓာတ်ဝဲဘုရားဝင်းအတွင်းသို့ ယနေ့ မတ်လ ၄ရက် မွန်းလွဲပိုင်းတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာရှိ ရှင်ဓာတ်ဝဲဘုရားဝင်းအတွင်းသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲသောကြောင့် ငါးခုံးမ ရေကန်ဘုရားသိမ်နှင့် သာသနာ့သီရိဘုန်းကြီးကျောင်းအပါအဝင် သာသနိက အဆောက်အအုံများ ထိခိုက်ပျက်စီးကြောင်း ၎င်းတို့ထံမှ သိရသည်။ ယင်းအပြင် ဘုရား၏ ဘဏ္ဍရေးဆိုင်ရာ ဂေါပက ဝန်ထမ်းအမျိုးသမီးတစ်ဦးနှင့် နောက်ထပ်အမျိုးသားတစ်ဦးတို့ ဒဏ်ရာရရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သုံးလုံးလောက်ရှိတယ် ပစ်တာ။ တိုက်ပွဲဖြစ်တာ မရှိဘူး” ဟု ၎င်းဒေသခံက ပြောဆိုသည်။ ဒဏ်ရာရရှိသူနှစ်ဦးအနက် အမျိုးသားတစ်ဦး၏ ဒဏ်ရာအခြေအနေမှာ စိုးရိမ်ဖွယ်ရာမရှိကြောင်း ဒေသခံတို့က ဆိုသည်။ အမျိုးသမီး၏ ဒဏ်ရာအခြေအနေကိုမူ မသိရသေးပေ။ ယနေ့ နံနက် ၇ နာရီခန့်ကလည်း […]


