ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အရှေ့တောဒေသက စစ်ဘေးရှောင်များ အကူအညီမရ၍ အခက်အခဲဖြစ်နေ

Dawei Watch

February 29, 2024

ထားဝယ်အရှေ့တောဒေသတွင် တိုက်ပွဲများနှင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည့် ဒေသခံစစ်ဘေးရှောင်များမှာ အကူအညီမရသဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း ၎င်းတို့ကဆိုသည်။ တိုက်ပွဲများကြောင့် သင်္ကန်းတုံး၊ ဝကုန်း၊ ကျောက်မဲတောင်၊ တောင်သုံးလုံး၊ ရွှေချောင်း၊ ပျဉ်းသားတော၊ ကထောင်းနီ၊ မြောင်းပြို၊ မေတ္တာစသည့် ကျေးရွာများမှ ဒေသခံထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရခြင်းဖြစ်သည်။ မိသားစုအလိုက်၊ အုပ်စုအလိုက် လုံခြုံမည်ထင်သည့် နေရာများ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊‌ သောက်သုံးရေ၊ ဆေးဝါးနှင့် စောင်၊ ခြင်ထောင်၊ အမိုးအကာများကို အချင်းချင်းမျှဝေသုံးစွဲ စားသောက်နေရသည်ဟု စစ်ဘေးရှောင်နေရသူများက ဆိုသည်။ ထားဝယ်မြို့ပေါ်နှင့် အခြားနေရာများကို ထွက်ပြေးတိမ်းရှာင်သည့် စစ်ဘေးရှောင်အချို့ရှိသော်လည်း အများစုမှာ တောတောင်၊ လျှိုမြှောင်များ၊ ဥယျာဉ်ခြံရှိတဲများနှင့် သစ်ပင်အောက်တွင် အဆင်ပြေသလို နေနေကြရသည်။ “ကျွန်မတို့ကို ဦးဆောင်ကူညီပေးသူမရှိဘူး။ ကိုယ့်ဘာသာပဲ အချင်းချင်း ပတ်သက်ရာ ပတ်သက်ကြောင်း […]

မြိတ်ထောင်မှ အကျဥ်းသားများ ကော့သောင်းထောင်သို့ ထပ်မံပြောင်းရွှေ့

Dawei Watch

February 29, 2024

မြိတ်အကျဥ်းထောင်မှ အကျဥ်သား ၁၅၀ ဦးကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရေကြောင်းမှတစ်ဆင့် ကော့သောင်းအကျဥ်းထောင်သို့ ရွှေ့ပြောင်းခဲ့ကြောင်း မြိတ်အကျဥ်းထောင်နှင့်နီးစပ်သူများက ပြောသည်။ ပြောင်းရွှေ့လိုက်သည့် အကျဥ်းသား ၁၀၀ ဦး နှင့် အကျဥ်းသူ ၅၀ ဦးတွင် နိုင်ငံရေးအကျဥ်သား ၇၀ ပါဝင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM)ထံကသိရသည်။ ဖေဖော်ဝါရီလ ၁၄ ရက်ကလည်း မြိတ်ထောင်မှ အကျဥ်းသား ၂၀၀ ကို ကော့သောင်းထောင်သို့ နှစ်သုတ်ခွဲပြောင်းရွှေ့ခဲ့ပြီးဖြစ်သဖြင့် မြိတ်ထောင်မှအကျဥ်းသားများ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့နေသည်မှာ တစ်လအတွင်း နှစ်ကြိမ်ရှိပြီဖြစ်သည်။ “ အဓိကတော့ တနင်္သာရီအကျဥ်းစခန်းက လုံခြုံရေးမပေးနိုင်တဲ့ အရေးကြီးတဲ့ နိုင်ငံရေးပုဒ်မနဲ့လူတွေကို မြိတ်အကျဥ်းထောင်ကိုရွှေ့ထားတာရှိတယ်။ ဒီတစ်ခေါက် ထောင်ပြောင်းရွှေ့မှုမှာ အဲဒီလူတွေအပါအဝင် မူးယစ်ဆေးဝါးပုဒ်မတွေ၊ ဆယ်နှစ်အထက်တွေ လည်းပါပါတယ်” ဟု PPNM […]

ကံပေါက်ဒေသခံ ဇနီးမောင်နှံ နှစ်ဦး အဖမ်းခံရ

Dawei Watch

February 29, 2024

ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာ ၊ လှည်းကုန်းရပ်ကွက်မှ ဦးကိုနိုင်နှင့်ဒေါ်မေဒေးတို့ ဇနီးမောင်နှံ နှစ်ဦးကို မောရဝတီရေတပ်က ဖေဖော်ဝါရီလ ၂၈ ရက်ညက လာရောက်ဖမ်းဆီးသွားကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။ “ ညက လာခေါ်သွားတယ်။ တိုးတိုးတိတ်တိတ်ပဲ။ အိမ်နီးချင်းတွေတောင် မနက်မှသိရတယ်” ဟု အဖမ်းခံရသည့် ဇနီးမောင်နှံ ၏ အိမ်နီးချင်းတစ်ဦးကပြောသည်။ ဦးကိုနိုင်သည် ထိုင်းရေနံကုမ္ပဏီဖြစ်သည့် PTTEP International Limited (PTTEPI) ၏ ယာဥ်မောင်းဝန်ထမ်းတစ်ဦးဖြစ်ပြီး ဒေါ်မေဒေးမှာ စျေးသည်တစ်ဦးဖြစ်သည်ဟု ၎င်းကဆက်ပြောပြသည်။ အဆိုပါအဖမ်းခံရသူနှစ်ဦးမှာ ဖေဖော်ဝါရီလ ၂၉ ရက်အထိပြန်လွတ်လာခြင်းမရှိသေးဘဲ၊ ၎င်းတို့အဖမ်းခံရသည့် အကြောင်းအရင်းအသေးစိတ်ကိုမူ မသိရသေးပေ။ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ ဒုတိယအပတ်အတွင်းက အဖမ်းခံထားရသည့် မထိုက်ထိုက်ဇင်မင်း ၊ ဒေါ်ချိုချို နှင့် ဒေါ်ညိုညိုတို့ သုံးဦးမှာ ဖေဖော်ဝါရီလ […]

မလေးရှားရောက် တရားမဝင် မြန်မာနိုင်ငံသားများ နေရပ်ပြန်နိုင်ဟု သံရုံးထုတ်ပြန်

Dawei Watch

February 29, 2024

မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာပြီး အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ အနေဖြင့် အခက်အခဲဖြစ်ပြီး နေရပ်ပြန်လိုပါက မလေးရှားလူဝင်မှုကြီးကြပ်ရေးရုံးတွင် ဒဏ်ကြေးပေးဆောင်ပြီး နေရပ်ပြန်နိုင်မည်ဖြစ်ကြောင်း ကွာလာလမ်ပူရှိ မြန်မာသံရုံးက ယနေ့တွင် ထုတ်ပြန်ထားသည်။ တရားမဝင် မြန်မာနိုင်ငံသားများသည် မလေးရှားအစိုးရ၏ ဖြေလျှော့ကာလဖြစ်သော ၂၀၂၄ ခုနှစ် မတ်လ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း လဝကရုံးများတွင် ဒဏ်ကြေး ရင်းဂစ် ၅၀၀ ကို ပေးဆောင်၍ မြန်မာနိုင်ငံသို့ တရားဝင် လေကြောင်းခရီးဖြင့် နေရပ်ပြန်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ နေရပ်ပြန်လိုသော မြန်မာနိုင်ငံသားများသည် နိုင်ငံကူးလက်မှတ် သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) နှင့် လေယာဉ်လက်မှတ်များ လိုအပ်မည်ဖြစ်ပြီး ဒဏ်ကြေးပေးဆောင်ပြီးနောက် ၁၄ ရက်အတွင်း နေရပ်ပြန်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံကူးလက်မှတ်မရှိသေးသော မြန်မာနိုင်ငံသားများသည် […]

မကွေးတွင် တိုက်လေယာဉ်တစ်စင်းပျက်ကျ

Dawei Watch

February 29, 2024

မကွေးတိုင်း စလင်းမြို့နယ်တွင် ယနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တစ်စင်း ပျက်ကျကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် ပြည်တွင်းသတင်းအချို့တွင် ဖော်ပြချက်အရ သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၉ ရက် နေပလယ် ၁၂နာရီကျော်တွင် ကြိုဝန်းရွာ အနောက်တောင်ဘက် လယ်ကွင်းထဲသို့ ပျက်ကျခြင်းဖြစ်ပြီး တိုက်လေယာဉ်မှူးနှစ်ဦးမှာ လေထီးဖြင့် ခုန်ထွက်သွားသည်ကို တွေ့ရကြောင်း ဆိုသည်။ လေယာဉ်ပျက်ကျပြီးနောက် မီးလောင်ပျက်စီးသွားသည့် ဓာတ်ပုံမှတ်တမ်းများကို မင်းဘူးခရိုင် အမှတ် (၇) တပ်ရင်းက ထုတ်ပြန်ထားသည်။ တိုက်လေယာဉ်မည်သည့်အကြောင်းအရင်းကြောင့် ပျက်ကျသည်ကို မသိရသေးပေ။ ယခုနှစ်အတွင်း စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်၊ တိုက်လေယာဉ် လေးစင်း ပစ်ချခံခဲ့ရသည်။ ဇန်နဝါရီလက ကချင်နှင့် ရှမ်းမြောက်တွင် စစ်ကောင်စီ စစ်ရဟတ်ယာဉ်တစ်စင်းနှင့် တိုက်လေယာဉ် တစ်စင်းတို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ပစ်ချခဲ့သည်။ ကရင်ပြည်နယ် […]

စစ်တွေမြို့မစျေး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး လူ ၁၀ကျော်သေဆုံး

Dawei Watch

February 29, 2024

ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့မစျေးတွင် ယနေ့ နံနက်ပိုင်းက စျေးဝယ်သူများဖြင့် စည်ကားနေချိန် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် လူ ၁၀ ကျော်သေဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြချက်နှင့် ဒေသခံတို့ထံမှ သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၉ ရက် နံနက် ၈နာရီခွဲတွင် စစ်ကောင်စီ ရေတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် စစ်တွေ မြို့မစျေး ကိုရီးယာဆိပ်ကမ်းပျံကျစျေးတန်းတွင် ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းတို့က ဖော်ပြသည်။ လက်နက်ကြီးကျည်စထိမှန်ကာ သေဆုံးသူ ၁၂ ဦးအထိ ရှိနေပြီး ဒဏ်ရာရသူ ၃၁ ဦး ဆေးရုံတွင် ဆေးကုသမှုခံယူနေ ရကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားကာ ဒေသတွင်းသတင်းဌာန တစ်ခုဖြစ်သည့် Narinjara သတင်းတစ်ရပ်တွင် ဖော်ပြသည်။ သေဆုံးသူများတွင် အမျိုးသမီးများနှင့် […]

နည်းပညာတက္ကသိုလ်က ဆရာသုံးဦးကို ဗထူးတပ် ဖမ်းခေါ်ပြီးနောက် ‌‌ကျောင်းပြောင်းဖွင့်

Dawei Watch

February 29, 2024

ထားဝယ်နည်းပညာတက္ကသိုလ်က ကျောင်းအုပ်ကြီးအပါအဝင် ဆရာ၊ ဆရာမသုံးဦးကို ဗထူးတပ်မတော်က ဖမ်းဆီးသွား သည်။ ထို့နောက် ထားဝယ်မြို့အပြင်တွင်ရှိသည့် နည်းပညာတက္ကသိုလ်တွင် ကျောင်းသားများ ကျောင်းတက်ရောက်ခွင့်မပြုတော့ဘဲ ကျောင်းပြောင်းပေးထားကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၉ ရက်တွင် ထားဝယ်နည်းပညာတက္ကသိုလ်တွင် ကျောင်းသူ၊ ကျောင်းသားများ လာရောက်‌ ကျောင်းတက်သည်ကို မတွေ့ရကြောင်း အနီးနားရှိ ဒေသခံတို့ကဆိုသည်။ “ကျွန်တော်ကြားတာကတော့ ဒီကျောင်းကို လုံခြုံရေးအခြေအနေအရ ပြန်ဖွင့်လို့ မရနိုင်တော့ဘူးလို့ ပြောသံကြားတယ်” ဟု ၎င်းက ဆိုသည်။ ဖေဖော်ဝါရီလ ၂၈ ရက်က ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းဝင်းထဲသို့ အရပ်ဝတ်လက်နက်ကိုင်အင်အား ၄၀ ခန့် ရောက်ရှိလာပြီး ကျောင်းအုပ်ကြီး ဒုပါမောက္ခချုပ် ဒေါက်တာဦးကျော်အောင်၊ မြို့ပြအင်ဂျင်နီယာဌာနမှူး ပါမောက္ခ ဒေါ်န္ဒာလွင်၊ အင်္ဂလိပ်စာဌာနမှူး ‌ပါမောက္ခ‌ဒေါ်စုစုလတ်တို့ ကို ဖမ်းခေါ်သွားခြင်းဖြစ်သည်။ “PDF တွေ […]

တနင်္သာရီနှင့် ပလတွင် စစ်ကောင်စီတပ်ရင်းများ ဗုံးချတိုက်ခိုက်ခံရ၊ လက်နက်ကြီးဖြင့်ပြန်ပစ်သဖြင့် အရပ်သားသေဆုံး

Dawei Watch

February 28, 2024

တနင်္သာရီမြို့နယ်နှင့် ပလမြို့တို့ရှိ စစ်ကောင်စီတပ်ရင်း နှစ်ခု၊ ရဲစခန်းတစ်ခုနှင့် စစ်ဆေးရေးဂိတ်တစ်ခုတို့ကို ဖေဖော်ဝါရီလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံတို့ထံက သိရသည်။ ပလမြို့ ရဲစခန်းအား ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက် မွန်းလွဲပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း (၁) က ဒရုန်းဖြင့် ဗုံချပြီး စနိုက်ဘာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းတပ်ရင်းက ထုတ်ပြန်သည်။ “ဒရုန်းနဲ့ ချတဲ့ဗုံးသီးက အဆောက်အအုံတစ်ခုပေါ်ကျတယ်။ ပြီးတော့ စနိုက်ဘာနဲ့ ပစ်တာလည်းရှိသေးတယ်။ အတည်ပြု နိုင်တာက စနိုက်ဘာနဲ့ပစ်တဲ့အထဲမှာ သူတို့ (စစ်ကောင်စီ) ဘက်က တစ်ယောက်ထိမှန်တယ်။ နှစ်ဘက် (အပြန်အလှန်) ပစ်တာတော့ မရှိဘူး။ လက်နက်ကြီးပြန်ပစ်တာပဲ ရှိတယ်” ဟု ယင်းတပ်ရင်း၏ […]