တနင်္သာရီတိုင်းက စစ်ဘေးရှောင်များ ငှက်ဖျားနှင့် ရာသီတုပ်ကွေးဖြစ်ပွား၊ ဆေးဝါးများအရေးပေါ်လို
Dawei Watch
June 17, 2023တနင်္သာရီတိုင်းက စစ်ဘေးရှောင်များ ငှက်ဖျားရောဂါနှင့် ရာသီတုပ်ကွေးရောဂါများ ခံစားနေကြရပြီး ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း တနင်္သာရီတိုင်း စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ထံမှ သိရသည်။ ဇွန်လ ပထမပတ်ကစပြီး ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ခံစားနေကြရကာ ကလေး၊ လူကြီး မရွေးဖြစ်ပွား နေကြကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ၎င်းတို့ကို ဆေးကုသပေးမည့် ကျန်းမာရေးဝန်ထမ်းနှင့် ဆေးဝါးများ လိုအပ်နေကြောင်း အထက်ပါပူးပေါင်းအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ စစ်အာဏာသိမ်းမှု ၂ နှစ်ကျော်ကာလအတွင်းမှာ တနင်္သာရီတိုင်းဒေသကြီးတွင် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ လေးသောင်းဝန်းကျင်ရှိကြောင်း စစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေး ပူးပေါင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ မြိတ်ခရိုင် တနင်္သာရီမြို့နယ်တစ်ခုတည်းတွင် စစ်ဘေးရှောင် လေးထောင်နီးပါးရှိသည့်အနက် တစ်ရာကျော်မှာ ရာသီတုပ်ကွေးဖြစ်ပွားနေပြီး အချို့မှာ ငှက်ဖျားရောဂါခံစားနေရကြောင်း နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အဓိက ငှက်ဖျားဆေး […]

                    
                    
                    
                    
                    
                    
                    
                    
