လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဝင်းဝရွာက ဒေသခံလေးဦးဒဏ်ရာရ
Dawei Watch
March 12, 2024သရက်ချောင်းမြို့နယ် ဝင်းဝရွာစခန်းကုန်းပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် နှစ်လုံး နေအိမ်ခြံဝန်းထဲ ကျရောက်ပေါက်ကွဲပြီး ဒေသခံ လေးဦးဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။ မတ်လ ၉ ရက် ညနေပိုင်းတွင် ဝင်းဝစခန်းကုန်းက ပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်လုံး တောင်အောက်ရှိ နေအိမ်ခြံဝန်းထဲ ကျရောက်ပေါက်ကွဲပြီး အိမ်ရှင်အမျိုးသမီးတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံတို့က ဆိုသည်။ ဒဏ်ရာရသူ အမျိုးသမီးကို ဆေးရုံပို့ရန် ပြင်ဆင်နေကြစဉ် နောက်ထပ် လက်နက်ကြီးကျည် တစ်လုံး နေအိမ်ခြံဝန်းထဲ ထပ်မံ ကျရောက်ပေါက်ကွဲရာ အရေးပေါ်လူနာကူညီသယ်ဆောင်ရန် ပြင်ဆင်နေသည့် အမျိုးသားသုံးဦး ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောဆိုသည်။ “တချို့ကတော့ ဒဏ်ရာရတာ နည်းနည်းပါးပါးပဲ။ တစ်ယောက်ကတော့ နည်းနည်းများတယ်လို့ပြောတယ်။ ဝင်းဝစခန်းကို လူနာတင်ဖို့ကိစ္စ ကားခေါ်ဖို့ကိစ္စ သွားပြောနေတုန်း နောက်တစ်လုံးထပ်ကျလာတာ။ အဲဒီအမျိုးသမီးနဲ့ နောက်အမျိုးသား […]


