BREAKING
November 3, 2025

သတင်း

ထားဝယ်တွင် ကြက်သွန်ဖြူဈေးတက်

Dawei Watch

June 25, 2023

ထားဝယ်ဈေးကွက်တွင် တစ်ပတ်အတွင်း ကြက်သွန်ဖြူတစ်ပိဿာ ကျပ်တစ်ထောင်ခန့်ဈေးတက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ဇွန်လ ၁၆ ရက်နေ့က ထူး ၄ အမျိုးစားကြက်သွန်ဖြူတစ်ပိဿာကို ၇၅၀၀ကျပ်ဈေးရှိရာမှ ယနေ့ဇွန်လ ၂၅ ရက်နေ့တွင် ၈၅၀၀ကျပ်ခန့်ဖြစ်လာခြင်းဖြစ်သည်။ “ကြက်သွန်ဈေးက တက်နေတယ်။ ထူး ၅ အမျိုးစားက ပစ္စည်းပြတ်နေပြီ။ ရန်ကုန်၊မော်လမြိုင်က ကုန်သည်တွေပြောတာကတော့ တာချီလိတ် နယ်စပ်ဂိတ်တွေကနေ (ထိုင်း) ယိုးဒယားဖက်က ဝယ်လိုအားများနေတယ်လို့ပြောတယ်” ဟု ထားဝယ်မြို့မှ ကုန်ခြောက်ပွဲရုံပိုင်ရှင်အမျိုးသမီးတစ်ဦးကပြောသည်။ ထူး၅ အမျိုးအစားကြက်သွန်ဖြူမှာ ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က တစ်ပိဿာ ၇၅၀၀ကျပ်ခန့်မှ ယနေ့ ဇွန်လ၂၅ ရက်နေ့တွင် တစ်ပိဿာ ၈၈၀၀ကျပ်ဖြစ်သွားပြီး တစ်ပတ်အတွင်း ထူး ၅ အမျိုးစား ကြက်သွန်ဖြူတစ်ပိဿာ ၁၃၀၀ကျပ်ဈေးတက်သွားခြင်းဖြစ်သည်။ သို့သော်ထားဝယ်ဈေးကွက်၏ ကုန်ခြောက်ပွဲရုံအချို့တွင် ထူး […]

မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဂျိုရွှာဗန် UFC ပထမဆုံးပွဲကို အနိုင်ရရှိ

Dawei Watch

June 25, 2023

ချင်းတိုင်းရင်းသား ဂျိုရွှာဗန်သည် UFC တွင် ပထမဆုံးထိုးသတ်ခွင့်ရခဲ့သည့် ပွဲစဉ်ကို အနိုင်ရလဒ်ဖြင့် အစပြုလိုက်နိုင်ပြီဖြစ်သည်။ ဂျိုရွှာဗန်သည် မြန်မာပြည်ဖွားများအနက်မှနေ၍ UFC ကို ပထမဆုံး ထိုးသတ်ခွင့်ရရှိသူအဖြစ် မှတ်တမ်းဝင်ထားပြီး One Championship ကြယ်ပွင့် ကချင်တိုင်းရင်းသား အောင်လအန်ဆန်းတို့၏ဝန်းရံမှု၊ အားပေးမှုတို့ကိုလည်း ရရှိထားသူဖြစ်သည်။ မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဂျိုရွှာဗန်သည် ၎င်း၏ပထမဆုံး UFC ကိုယ်ခံပညာစုံတိုက်ခိုက်ရေးပွဲစဉ်ကို ကာဇက်စတန်နိုင်ငံသား ဇူမာဂူလော့ဗ်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရခြင်းဖြစ်ပြီး အကြိတ်အနယ် အပြန်အလှန် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် ပွဲစဉ်ကောင်းတစ်ပွဲဖြစ်သည်ကိုလည်း မြင်တွေ့ခဲ့ရသည်။ ဂျိုရွှာဗန်နှင့် ဇူမာဂူလော့ဗ်တို့သည် ဖလိုင်းဝိတ်တန်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်ကာ သတ်မှတ်ထားသောပွဲချီပြည့်သည်အထိ တစ်ဦးကို တစ်ဦး အလဲထိုးနိုင်ခြင်း မရှိခဲ့သည့်အတွက် အမှတ်ပေးဒိုင်လူကြီးများ၏အဆုံးအဖြတ်ကို ခံယူရာတွင် အမှတ်ပေးဒိုင်လူကြီးများက ဂျိုရွှာဗန်ကို အနိုင်ပေးလိုက်ကြခြင်းဖြစ်သည်။ အသက် ၂၁ နှစ်အရွယ်သာ ရှိသေးသော ဂျိုရွှာဗန်သည် […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

June 24, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန်လ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ နိုင်ငံပိုင်ဘဏ်ကြီးနှစ်ဘဏ်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို အမေရိကန်ပိတ်ဆို့အရေးယူ စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာရှိတဲ့ နိုင်ငံပိုင် အကြီးဆုံးဘဏ်ကြီးနှစ်ဘဏ်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို အမေရိကန်ပြည်ထောင်စုက ဇွန်လ ၂၁ရက်မှာ ပိတ်ဆို့အရေးယူလိုက်ပါတယ်။ ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကြောင့် အခုလိုအရေးယူတာလို့ ဆိုပါတယ်။ နိုင်ငံရပ်ခြားကနေ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူရာမှာ နိုင်ငံခြားငွေကြေး သုံးစွဲမှုအဆင်ပြေချောမွေ့စေရေးအတွက် အခရာကျတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အရေးယူထားတာပါ။ ဒီဘဏ်တွေဟာ နိုင်ငံခြားဘဏ်စာရင်းတွေကို အသုံးပြုပြီး အခွန်ဘဏ္ဍာငွေရှာဖွေပေးတဲ့ နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းတွေကို နိုင်ငံတကာဈေးကွက်နဲ့ အလွယ်တကူချိတ်ဆက်နိုင်စေခဲ့သလို စစ်ရေးကိစ္စရပ်တွေအတွက် ငွေကြေးအရင်းအမြစ် […]

အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံမှုများနှင့် လူကုန်ကူးစခန်းများကြောင့် ထိုင်း ၄ ဦး ကို စွဲချက်တင်

Dawei Watch

June 24, 2023

၂၀၁၅ခုနှစ်က ထိုင်းနှင့် မလေးရှား နှစ်နိုင်ငံကြား နယ်စပ်တွင် အစုလိုက်အပြုံလိုက် လူသတ်ကာမြှုပ်နှံမှုများ အပြင် လူကုန်ကူးသည်ဟု သံသယဖြစ်ဖွယ် ရှိသည့် စခန်းများကို ရှာဖွေတွေ့ရှိမှုနှင့် ပတ်သက်၍ သံသယရှိသူ ထိုင်းနိုင်ငံသား ၄ ဦးကို မလေးရှား တရားရုံးတွင် ဇွန်လ ၂၃ရက်နေ့ တွင် စွဲချက်တင်ထားကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီးက ပြောသည်။ ထိုင်းတောင်ပိုင်းနှင့် မလေးရှားမြောက်ပိုင်းရှိ သစ်တောများထူထပ်သော ဒေသသည် မှောင်ခိုသမား များမှတစ်ဆင့် အရှေ့တောင်အာရှသို့ လှေဖြင့် ကူးဝင်လာသူများအတွက် အဓိက ရပ်နားရာ နေရာတစ်ခုဖြစ်ပြီး ခရီးသည်အများစုမှာ မြန်မာနိုင်ငံတွင်း ဖိနှိပ်မှုမှ ထွက်ပြေးလာသော ရိုဟင်ဂျာ မူဆလင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကျဉ်းမြောင်းသော ဒုက္ခသည်စခန်းများမှ ရုန်းထွက်လာသူများ ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် အဆိုပါ ဒေသ၏ ထိုင်းနိုင်ငံ […]

စစ်ကောင်စီစစ်ကြောင်းမှ ခေါ်သွားသည့် ပုလောဒေသခံများ ပြန်လွတ်လာ

Dawei Watch

June 24, 2023

စစ်ကောင်စီစစ်ကြောင်းမှ ခေါ်သွားသည့် ပုလောဒေသခံများ ပြန်လွတ်လာကြောင်း ဒေသခံများ ထံမှသိရသည်။ စစ်ကောင်စီစစ်ကြောင်းသည် ဒေသခံများကို ဇွန်လ ၂၂ ရက်ညနေက ခေါ်ဆောင်သွားပြီး ယနေ့ (ဇွန် ၂၄) နံနက်တွင် အားလုံးကို ပြန်လွှတ်ပေးလိုက်ပြီဟု ဒေသခံများ ကပြောသည်။ “အယောက်သုံးဆယ်နီးပါးစလုံး အကုန်လုံးပြန်လွတ်လာကြပြီ”ဟု ဒေသခံအမျိုးသား ကပြောသည်။ ခေါ်ဆောင်ခြင်း ခံရသူများမှာ မင်းထိန်ရွာမှ အမျိုးသား ၅ ဦးနှင့် မင်းထိန်ရွာနှင့် ပဝတ်ကုန်းရွာကြားရှိ အုန်းတောကမ်း ရော်ဘာခြံများတွင် တဲထိုးနေထိုင်ကြသည့် အလုပ်သမားများနှင့် လယ်သမားများပါဝင်သည်။ “သူတို့ကို ဘယ်နေရာကိုခေါ်သွားပြီး ဘာတွေလုပ်ခိုင်းတယ်ဆိုတာတော့ သေသေချာချာ မမေးရသေးဘူး။ သိရသလောက်တော့ ဒီအနီးအနားဂွင်မှာပဲ နေပြီးပြန်လွှတ်လိုက်တယ်လို့ သိရတယ်”ဟု ဒေသခံနောက်တစ်ဦးကပြောသည်။ စစ်ကောင်စီတပ်သည် စစ်ကြောင်းထိုးရာတွင် ဒေသခံများကို ခေါ်ဆောင်ပြီး လမ်းပြလုပ်ခိုင်းသလို လူသားဒိုင်းအဖြစ်လည်း အသုံးချလေ့ရှိကြောင်း ဒေသခံများ […]

ကော့သောင်းတွင် ပျူစောထီးသုံးဦးကို ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ထုတ်ပြန်

Dawei Watch

June 23, 2023

ကော့သောင်းတွင် ပျူစောထီးသုံးဦးအား သွားရောက်ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ကော့သောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ကော့သောင်းမြို့နယ်၊ ဘန်းကချွန်ကျေးရွာ၊ ရေငန်းချိုင်ရွာရှိ ပျူစောထီး ကင်းစခန်းတစ်ခုကို ဇွန်လ ၂၂ ရက် ညသန်းခောင်ယံအချိန်တွင် ဝင်ရောက်တိုက်ရာ ပျူစောထီးဒုခေါင်းဆောင် ဦးဝမ်းနှင့် တပ်စုမှူး သန့်စင်တို့ကို ယင်းနေရာတွင် ရှင်းလင်းခဲ့ကြောင်း ဖော်ပြသည်။ ယင်းနောက် ပျူစောထီးခေါင်းဆောင် ဦးစိန်သန်းကိုလည်း နေအိမ်တွင် ဝင်ရောက်ကာ ထပ်မံရှင်းလင်းခဲ့ပြီး လက်နက် ခဲယမ်းများနှင့် WY စိတ်ကြွဆေးပြားများလည်း သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ တိုက်ခိုက်ပြီးနောက် ကင်းစခန်းနှင့် မူးယစ်ဆေးများကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။ ပြည်သူလူထုအား ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးအနှောင့်အယှက်ပေးခြင်းတို့ ဆက်လက်ပြုလုပ်နေပါက ပျူစောထီး အပါအဝင် သတင်းပေးဒလန်များအား ဆက်လက်ရှင်းလင်းသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ လက်နက်ခဲယမ်း မည်မျှသိမ်းဆည်းရမိသည်ကိုမူ […]

ကလိန်အောင်တွင် စစ်ယာဉ်တန်းမိုင်းဆွဲခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များစီးလာသည့် မြေသယ်ကားတစ်စီးပျက်စီး

Dawei Watch

June 23, 2023

ကလိန်အောင်မြို့ ကျောက်ရှပ်ကျေးရွာအုပ်စု ရေပုံးရွာ ရေး-ထားဝယ်ပြည်ထောင်စုကားလမ်းမတွင် ယနေ့ ဇွန်လ ၂၃ ရက် နံနက်ပိုင်းက စစ်ကောင်တပ်ယာဉ်တန်း မိုင်းဆွဲခံရကြောင်း မျက်မြင်တွေ့သူအချို့က ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် အနီရောင် မြေသယ်ကားတစ်စီး မိုင်းထိမှန်ကာ ကားဦးခေါင်းပိုင်း ပျက်စီးပြီး လမ်းဘေးထိုးရပ်နေသည်ကို တွေ့ရကြောင်း ၎င်းတို့က ဆိုသည်။  “ကားက မိုင်းထိပြီး ရေပုံးဘုန်းကြီးကျောင်းအလွန် လမ်းကွေ့မှာ ကလိန်အောင်ဘက်ကို ခေါင်းထိုးပြီးရပ်ထားတယ်။ ရေပုံးရွာက အိမ်တွေလည်းအကုန်လုံးနီးပါး ပိတ်ထားတယ်” ဟု မျက်မြင်တွေ့ခဲ့ရသည့် ခရီးသည်တစ်ဦးက ဇွန်လ ၂၃ ရက် နေ့လယ်ပိုင်းတွင် ပြောသည်။ မိုင်းထိပြီးနောက် နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်မှုအခြေအနေကို အသေးစိတ်ကိုမူ မသိရသေးပေ။ မြေသယ်ကားနှစ်စီး ၊ light truck ကားတစ်စီး အပါအဝင် ကားသုံးစီးတွင် စစ်ကောင်စီတပ်သားများလိုက်ပါလာပြီး ရေးမြို့ဘက်မှ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

June 23, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန်လ ၁၇ ရက်နေ့မှ ဇွန်လ ၂၃ ရက်နေ့အထိ အမေရိကန်-အိန္ဒိယ ခေါင်းဆောင်များ အိမ်ဖြူတော်တွင် တွေ့ဆုံ အမေရိကန်နှင့် အိန္ဒိယခေါင်းဆောင်နှစ်ဦးက ဇွန်လ ၂၂ ရက်နေ့မှာ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ အမေရိကန်နဲ့ အိန္ဒိယ နှစ်နိုင်ငံ မိတ်ဆွေအဖြစ် ခိုင်မာအောင် ကြိုးစားမှာ ဖြစ်တယ်လို့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ နှစ်နိုင်ငံ ဆွေးနွေးမှုတွေနဲ့ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေက ကျနော်တို့ရဲ့ ကမ္ဘာမှာ ဗျူဟာကျတဲ့ မိတ်ဆွေတွေအနေနဲ့ စာမျက်နှာသစ် ဖွင့်လွှင့်နိုင်ခဲ့တယ်လို့ အိန္ဒိယဝန်ကြီးချုပ်က ပြောကြားထားပါတယ်။ သမ္မတ ဂျိုးဘိုင်ဒင်ကလည်း အမေရိကန်နဲ့ အိန္ဒိယတို့ဟာ လူတွေရဲ့ ကြိုးပမ်းအားထုတ်မှုတိုင်းအတွက် ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုထားပါတယ်။ ရုရှားနဲ့ […]