BREAKING
November 3, 2025

သတင်း

ကလိန်အောင် မီးသတ်ဒုဦးစီးမှူး လိုက်ပါလာသည့်ကား ပစ်ခတ်ခံရ

Dawei Watch

June 26, 2023

ကလိန်အောင်မြို့ မီးသတ်ဦးစီးဌာန ဒုဦးစီးမှူလိုက်ပါလာသည့်ကား ကလိန်အောင်-ရေဖြူလမ်းပိုင်း မိုင်တိုင် ၂၅ အရောက်တွင် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။ ဇွန်လ ၂၄ ရက်နေ့ညပိုင်းက ပစ်ခတ်ခံရခြင်းဖြစ်ပြီး ပစ်ခတ်ခံရမှုကြောင့် ဦးစီးမှူးဦးကျော်မျိုးထွန်း အပါအဝင်  ကားပေါ်လိုက်ပါလာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးလည်း ဒဏ်ရာရသွားကြောင်း ကလိန်အောင်မြို့ခံ အချို့ကဆိုသည်။ “ကားက မီးသတ်ဦးစီးရဲ့ကိုယ်ပိုင်ကားပါပဲ။ သေနတ်နဲ့ ပစ်ခံရပြီးလမ်းဘေးကို ထိုးကျသွားတယ်။ လူတွေလည်းအကုန်ဒဏ်ရာရကြတယ်” ဟု ကလိန်အောင်မြို့ခံတစ်ဦးက ပြောသည်။ ဒဏ်ရာရသူများမှာ ရေဖြူဆေးရုံတွင် တက်ရောက်ကုသနေပြီး ဒဏ်ရာရသွားသည့် အမျိုးသားမှာ စစ်ကောင်စီတပ်သား တစ်ဦးဖြစ်ကြောင်း မြို့ခံအချို့က ပြောဆိုကြသည်။ သို့သော်လည်း စစ်ကောင်စီတပ်သား ဖြစ်သည်ဆိုသောအချက်နှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ ပစ်ခတ်ခံရမှုဖြစ်စဥ်နှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့က ဆောင်ရွက်ခဲ့သည်ကိုမူ ယနေ့ဇွန်လ ၂၆ ရက် ညနေပိုင်းအထိ ထုတ်ပြန်ထားသည်ကိုမတွေ့ရသေးပေ။ ဇွန်လ ၂၃ […]

လောင်းလုံးမြို့နယ် ကူးတို့ဂိုဏ်း သံဃနာယကဥက္ကဋ္ဌ တောင်ဇင်းအထက်ကျောင်း ဆရာတော်ပျံလွန်

Dawei Watch

June 26, 2023

လောင်းလုံးမြို့နယ် သံဃနာယကဥက္ကဋ္ဌ (ကူးတို့ဂိုဏ်း) ၊ သောကြာပြင်ရွာ တောင်ဇင်းအထက်ကျောင်း၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တ သုဇန မထေရ်သည် ဇွန်လ ၂၄ရက်က ဘဝနတ်ထံပျံလွန်တော်မူကြောင်း ဆရာတော်၏ တပည့်တကာများထံမှ သိရသည်။ ပျံလွန်တော်မူချိန်တွင် ဆရာတော်သည် သက်တော် ၇၉ နှစ်၊ သိက္ခာတော် ၅၉ ဝါ ရှိပြီဖြစ်သည်။ “၉၆ ပါးသော လူကြီးရောဂါနဲ့ ပျံလွန်တော်မူသွားတယ်” ဟု ဆရာတော်၏ တပည့်တကာတစ်ဦးက ပြောသည်။ ဆရာတော်၏ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်ကို ဇွန်လ ၂၈ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၇နာရီတွင် တောင်ဇင်းအထက်ကျောင်း ဘုန်းကြီးပျံကုန်း၌ အန္တိမ အဂ္ဂိဈာပနအား စတင်ကျင်းပမည်ဖြစ်ကြောင်း ဆရာတော်၏ တပည့်တကာများထံမှ သိရသည်။ ဆရာတော်၏ သာသနာအရေးဆောင်ရွက်ချက်များကြောင့် သာသနာရေးဆိုင်ရာဘွဲ့တံဆိပ်များဖြစ်သည့် မဟာဂန္တဝါစကပဏ္ဍိတ၊ သာသနာဓဇသီရိပဝါရဓမ္မာစရိယ […]

ရေး နှစ်ကရင်ရဲစခန်း စီးနင်းခံရ၊ ရဟတ်ယာဉ်၊ လက်နက်ကြီးတို့ဖြင့် ပြန်ပစ်သဖြင့် အမျိုးသမီးငယ်တစ်ဦးသေဆုံး

Dawei Watch

June 26, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာရဲစခန်း စီးနင်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဉ်၊ လက်နက်ကြီးတို့ဖြင့် ပြန်လည်ပစ်ခတ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇွန်လ ၂၅ရက် နံနက် ၁၁နာရီ ၄ဝမိနစ်ခန့်က နှစ်ကရင်ကျေးရွာ ပင်လယ်ကမ်းစပ်အနီးရှိ ရဲစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ နှစ်ဖက်ပစ်ခတ်မှု နှစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ အမြောက်တပ် (၃၁၇) ဘက်က လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည့်အပြင် ရဟတ်ယာဉ်ဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယင်းသို့ ပစ်ခတ်သဖြင့် နှစ်ကရင်ကျေးရွာ ရပ်ကွက် (၁၀) ရှိ နေအိမ်ခြံဝန်းတစ်ခုအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာ အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသား […]

စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားသော လောင်းလုံးတွင် သပိတ်လှုပ်ရှားမှုလုပ်

Dawei Watch

June 26, 2023

ဆလိုင်းတင်မောင်ဦးနေ့ (ဇွန်လ ၂၆ ရက်နေ့)တွင် စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားသော လောင်းလုံး၌ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။ ယင်းလှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်၍ ပြုလုပ်ခဲ့ပြီး “မင်းတို့စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး”ဘန်နာကိုင်ဆွဲ၍ ‌လူငယ်များ အမျိုးသမီးများမှ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ချီတက်ခဲ့ကြသည်။ ချင်းအမျိုးသား ဆလိုင်းတင်မောင်ဦးမှာ ၁၉၇၂ ခုနှစ် ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၄ ခုနှစ် ဦးသန့်အရေးခင်းနှင့် ၁၉၇၆ မှိုင်းရာပြည့်အရေးခင်းတို့တွင် ဦးဆောင်ပါဝင်ခဲ့သည့် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး မှိုင်းရာပြည့်အရေးအခင်း ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းနေစဉ် မတ်လ ၁၉ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။ ထို့နောက် ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် မဆလ အစိုးရက ဆလိုင်းတင်မောင်ဦးကို ကြိုးပေးခဲ့သည်။

ကမြောကြီးတံတားအနီးမိုင်း‌တွေ့သဖြင့် စစ်ကောင်စီတပ်လာရှင်း၊ ခရီးသွားများ သုံးနာရီကြာပိတ်မိ

Dawei Watch

June 26, 2023

လောင်းလုံးမြို့နယ် ကမြောကြီးရွာ ဈေးအနီးရှိတံတားနံဘေးတွင် ယနေ့ ဇွန်လ ၂၆ ရက် နံနက်ပိုင်းက မိုင်းဟုယူဆရသည့်အရာ တွေ့သဖြင့် စစ်ကောင်စီတပ်က လာရောက်ရှင်းလင်းနေကြောင်း ခရီးသွားဒေသခံများထံမှ သိရသည်။ အဆိုပါ မိုင်းဟုယူဆရသည့် ကိရိယာကို ယနေ့ နံနက်ပိုင်းက ဈေးရောင်းဝယ်ရန်လာသည် ဒေသခံများနှင့် ခရီးသွားဒေသခံပြည်သူများက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ဝါယာကြိုးနဲ့ တွဲရက် ရှိသေးတယ်” ဟု ဒေသခံခရီးသွားတစ်ဦးက ပြောသည်။ ယင်းနောက် နံနက် ၁၀ နာရီကျော်တွင် အဆိုပါမိုင်းတွေ့သည့်နေရာသို့ စစ်ကောင်စီတပ်သားများ ရောက်လာပြီး ရှင်းလင်းဖယ်ရှားနေကြောင်း ဒေသခံများထံမှ သိရသည်။ မိုင်းရှင်းလင်းနေသောကြောင့် လောင်းလုံးမြို့သို့ သွားသည့်ဒေသခံများအပြင် လောင်းလုံးမြို့မှပြန်သည့် ‌ဒေသခံခရီးသွားပြည်သူများမှာ နံနက် ၁၀ နာရီကျော်မှစပြီး မွန်းလွဲ ၁ နာရီအထိ ဖြတ်သန်းခွင့်မရသေးဘဲ စောင့်ဆိုင်းနေကြရကြောင်း ခရီးသွားပြည်သူများထံမှ […]

သေဆုံးသူ အများအပြား ရှိခဲ့သည့် တရုတ်နိုင်ငံက စားသောက်ဆိုင် ပေါက်ကွဲမှု လူ ၄ ဦးကို ဖမ်းဆီး

Dawei Watch

June 26, 2023

တရုတ်နိုင်ငံတွင် စားသောက်ဆိုင်တစ်ခု ပေါက်ကွဲမှုကြောင့် လူအများအပြား သေဆုံးခဲ့ရမှုအပေါ် ဆက်နွှယ်နေသည့် လူ ၄ ဦးကို ဇွန်လ ၂၄ ရက်နေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာ က ဖော်ပြခဲ့သည်။ ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့ တွင် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ၊ ရင်ချွမ်းမြို့ရှိ အကင်ဆိုင်တစ်ဆိုင်တွင် ဓာတ်ငွေ့ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး လူ ၃၁ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သည်။ သုံးရက်ကြာ နဂါးလှေပွဲတော် မတိုင်မီ အကြိုအားလပ်ရက်တွင် ယင်းသို့ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကာလသည် တရုတ်နိုင်ငံမှ ပြည်သူအများစုသည် ၎င်းတို့၏ မိတ်ဆွေများနှင့် အပြင်ထွက်လည် မိတ်ဖွဲ့လေ့ ရှိသည့် အချိန် ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်အပေါ် သံသယရှိသူများတွင် ယင်းစားသောက်ဆိုင်ပိုင်ရှင်၊ ဆိုင်၏ ရှယ်ယာရှင်နှစ်ဦး အပြင် […]

သရက်‌ချောင်း၊ ရငဲရွာကို စစ်ကောင်စီတပ်က မီးထပ်ရှို့

Dawei Watch

June 26, 2023

သရက်ချောင်းမြို့နယ် ရငဲကျေးရွာတွင် ယနေ့ ဇွန်လ ၂၆ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က မီးထပ်ရှို့နေကြောင်း ဒေသခံအချို့က ပြောသည်။ ရငဲကျေးရွာ အင်းဗူးပိုင်းနှင့် ရွာတောင်ပိုင်းတို့က ခန့်မှန်းနေအိမ် နှစ်ဆောင်ကို မီးရှို့နေခြင်းဖြစ်ပြီး မီးခိုလုံးကြီးများ တက်လာနေသည်ကို အဝေးက လှမ်းမြင်နေရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ခန့်မှန်းတာကတော့ အင်းဗူးပိုင်းထဲမှာတစ်ဆောင်၊ ရွာတောင်ပိုင်းက တစ်ဆောင်ဖြစ်မယ်။ မီးခိုတွေက အဲဒီဖက်ကနေ တက်လာနေတာဆိုတော့လေ” ဟု ၎င်းက ယနေ့ နံနက် ၁၁ နာရီခန့်က ပြောဆိုသည်။ စစ်ကောင်စီတပ်က ရငဲကျေးရွာထိပ်ရှိ မြွေတောင်တောင်ကုန်းပေါ်က ကားလမ်းဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး ယနေ့နံနက် ၈ နာရီခန့်က ရွာထဲသို့ သေနတ်ပစ်ဖောက်ဝင်ရောက်လာကာ နေအိမ်မီးရှို့နေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ရငဲရွာထဲတွင်မူ သက်ကြီးရွယ်အို အနည်းငယ်ကလွဲပြီး တစ်ရွာလုံးနီးပါး ဘေးလွတ်ရာတိမ်းရှောင်နေရကြကြောင်း […]

စစ်ကောင်စီတပ်သား မင်္ဂလာဆောင်နေသည့် အိမ်အနီးရှိ စစ်ဆေးရေးဂိတ်ပစ်ခတ်ခံရ

Dawei Watch

June 25, 2023

စစ်ကောင်စီတပ်သား မင်္ဂလာဆောင်နေသည့် ပုလောမြို့၊ မကျည်းကုန်းရွာရှိ စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရကြောင်း ဒေသခံများ ထံမှသိရသည်။ ယနေ့နံနက် ၈ နာရီဝန်းကျင်က မင်္ဂလာဆောင်နေသည့်အိမ်နှင့် ကပ်လျက်ရှိသည့် စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရသည်ဟု ဒေသခံများ ကပြောသည်။ “နှစ်ဖက်ပစ်ခတ်မှုက နာရီဝက်လောက်တော့ ရှိမယ်။ (၂၈၅)တပ်ထဲကလည်း အော်တိုတွေနဲ့ ပြန်ပစ်ကြတာ”ဟု ဒေသခံအမျိုးသား ကပြောသည်။ မင်္ဂလာဆောင်သည့် အမျိုးသားသည် ၂၈၅ တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသည့် တပ်ကြပ်ကြီးဟုသိရပြီး အမျိုးသမီးမှာ တပ်ရင်းအနီးနေထိုင်သည့် မကျည်းကုန်းရွာသူဖြစ်သည်ဟု ဒေသခံများ ကဆိုသည်။ “ထိခိုက်မှုက ရှိချင်လည်းရှိနိုင်တယ်။ အရပ်ထဲမှာတော့ ပြောတာမကြားရသေးဘူး” ဟုဒေသခံနောက်တစ်ဦး ကပြောသည်။ မကျည်းကုန်းရွာသည် ပုလောမြို့နှင့် အနီးဆုံးရွာဖြစ်ပြီး စစ်ဆေးရေဂိတ်အနီးတွင် စစ်ကောင်စီ၏ ၂၈၅ တပ်ရင်းရှိသည်။ ယင်းကျေးရွာတွင် ပြီးခဲ့သည့် မေလ ၂၅ ရက်နံနက်ကလည်း အလယ်တန်းကျောင်းအုပ် NON  […]